အရှင်သုဓာပိဏ္ဍိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[]

ဘဝဇာတ်ကြောင်း

ပြင်ဆင်ရန်

သိဒ္ဓတ္ထမြတ်စွာဘုရားလက်ထက်

ပြင်ဆင်ရန်

အရှင်သုဓာပိဏ္ဍိယထေရ် သည် သိဒ္ဓတ္ထမြတ်စွာဘုရား၏ စေတီတော်တွင် အက်ကွဲနေသည့် အကြားတွင် စိတ်ဖြင့် အင်္ဂတေစိုင်ကို လှူဒါန်းခဲ့၏။ []

အကျိုးခံစားရခြင်း

ပြင်ဆင်ရန်

ထိုသို့ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်တွင် စေတီတော်ကို ပြင်ဆင်ခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ပေ။ ကမ္ဘာသုံးဆယ်ထက်တွင်လည်း “ပဋိသင်္ခါရ” အမည်ဖြင့် စကြဝတေးမင်း တစ်ဆယ့်သုံးကြိမ် ဖြစ်ခဲ့၏။[]

ဂေါတမမြတ်စွာဘုရားထက်ထက်

ပြင်ဆင်ရန်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်သုဓာပိဏ္ဍိယထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ သုဓာဝဂ်