သုပ္ပဝါသာ သည် ဂေါတမဘုရားရှင်၏ သာသနာဝယ် အမွန်အမြတ်ကို ပေးလှူရာတွင် ဧတဒဂ်ရ အမျိုးသမီးဖြစ်သည်။ လာဘ်လာဘပေါများသည့်အရာတွင် ဧတဒဂ်ရသည့် ရှင်သီဝလိ၏ မယ်တော်လည်း ဖြစ်သည်။ သုပ္ပဝါသာသည် သားဖြစ်သူကို ရှေးဘဝဝဋ်ကြွေးကြောင့် ခုနစ်နှစ်ကျော် ကိုယ်ဝန်လွယ်ခဲ့ရသည်။ ရှင်သီဝလိသည်လည်း ပဋိသန္ဓေနေရခြင်း ဆင်းရဲဒုက္ခကို ကြောက်ရွံ့ကာ ရှင်သာရိပုတ္တရာအား ဥပဇ္ဈာယ်ထား၍ ရှင်သာမဏေပြု၏။ ဆံချအပြီးတွင် အရဟတ္တဖိုလ်ဆိုက်ကာ ရဟန္တာအရှင်သူမြတ် ဖြစ်ခဲ့သည်။[၁]

ဆက်စပ်ဖတ်ရှုရန်ပြင်ဆင်

ကိုးကားပြင်ဆင်

  1. မလေးငြိမ်. အဆင့်မြင့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ