အရှင်သုဘဒ္ဒထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်၏။[၁]

ဘဝဇာတ်ကြောင်း ပြင်ဆင်ရန်

ပဒုမုတ္တရမြတ်စွာဘုရားလက်ထက် ပြင်ဆင်ရန်

ပဒုမုတ္တရမြတ်စွာဘုရား ပရိနိဗ္ဗာန်စံခါနီးအချိန်တွင် အရှင်သုဘဒ္ဒထေရ် စန္ဒကူး၊ တောင်ဇလပ်၊ ကြက်ရုန်းပန်း စသည်တို့ဖြင့် မြတ်စွာဘုရားအား စိတ်ဖြင့် လှူဒါန်းခဲ့၏။ [၁]

အကျိုးခံစားရခြင်း ပြင်ဆင်ရန်

ထိူအခါ မြတ်စွာဘုရားသည် လျောင်တော်မူလျက်ပင် ဗျာဒိတ်မြွက်ကြားတော်မူ၏။ “ဤသူသည် သေလွန်ပါက တုသိတာနတ်ပြည်သို့ လားရအံ့၊ တုသိတာနတ်ပြည်တွင်လည်း နတ်မင်းအဖြစ်ကို ရအံ့။ ထို့နောက် နိမ္မနရတိဘုံသို့ လားရလတ္တံ့။ ထို့နောက်တစ်ဖန် တုသိတာနတ်ပြည်၌ ဖြစ်ပြီးနောက် လူ့ပြည်သို့ ရောက်ရလတ္တံ့။ ထိုလူ့ပြည်သို့ ရောက်သည့်အခါ ဂေါတမမြတ်စွာဘုရားထံတွင် ပရိနိဗ္ဗာန်စံဝင်လတ္တံ့” ဟု မိန့်တော်မူ၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက် ပြင်ဆင်ရန်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်သုဘဒ္ဒထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ ဥပါလိဝဂ်၊ သုဘဒ္ဒတ္ထေရအပဒါန်