အရှင်သုဘူတိထေရ် သည် မြတ်စွာဘုရား၏ ဧတဒဂ်နှစ်ခု ရတော်မူသည့် ရဟန်းတစ်ပါး ဖြစ်၏။[၁]

ဘဝဇာတ်ကြောင်းပြင်ဆင်

ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်တွင် ဖြစ်၏။ အရှင်သုဘူတိထေရ်သည် ‘ကောသိယ’ ဟု အမည်ရသည့် ရသေ့ ဖြစ်၏။ ထိုရသေ့သည် လွန်ကဲသော အကျင့်ရှိသော ရသေ့ဖြစ်၏။ ကြွေကျသော သစ်သီးကိုသာ မှီဝဲ၍ နေ၏။ ထိုရသေ့သည် မိမိထံပါးတွင် ရာဂစိတ်များ ဖြစ်ပေါ်လာပါက ထိုစိတ်တို့ကို ဆုံးမ၍ နေ၏။ ဤသို့ဖြင့် ရသေ့သည် မေ့လျော့ခြင်းမရှိဘဲ အနှစ်သုံးသောင်း တော်အတွင်း၌ နေ၏။

တစ်နေ့သောအခါ ပဒုမုတ္တရမြတ်စွာဘုရားသည် ရသေ့ထံသို့ ကြွတော်မူလာ၏။ ထိုအခါ ရသေ့သည် ပန်းတို့ဖြင့် မြတ်စွာဘုရားအား နေရာအခင်းပြုလုပ်၍ ထိုင်ရန် လျောက်ထား၏။ ပဒုမုတ္တရမြတ်စွာဘုရားသည် ထိုနေရာအခင်းတွင် ခုနစ်ရက်ပတ်လုံး ထိုင်တော်မူပြီးနောက် နိရောဓသမာပတ်မှ ထတော်မူ၏။ ထို့နောက် ရသေ့အား ဗုဒ္ဓါနုဿတိဘာဝနာကို ပွားများရန် ဆုံးမ၏။

ထိုသို့ ပွားများပါက ကြံစည်တိုင်း အောင်မြင်မည်၊ ကမ္ဘာသုံးသောင်းပတ်လုံး နတ်ပြည်၌ မွေ့လျော်ရမည်။ သိကြားမင်းအဖြစ်ကို ရမည်၊ အကြိမ်တစ်ထောင်တိုင်အောင် စကြဝတေးမင်းအဖြစ်ကို ရမည်ဟု မိန့်တော်မူ၏။ ထို့ပြင် နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား ပွင့်တော်မူချိန်နှင့် ကြုံကြိုက်မည်။ ကုဋေရှစ်ဆယ်သော ဥစ္စာများ၊ ကျွန်လုပ်သားတို့ကို စွန့်ကာ ရဟန်းပြု၏။ ဘွဲ့အမည်မှာ ‘သုဘူတိ’ ဟု အမည်ရမည်။ ဂေါတမမြတ်စွာဘုရားသည် ရဟန်းသံဃာတို့၏ အလယ်၌ သုဘူတိရဟန်းအား ဒက္ခိဏေယျဂုဏ်၌ လည်းကောင်း၊ ကိလေသာကင်း၍ နေခြင်း အရဏဝိဟာရ ၌လည်းကောင်း ဧတဒဂ် ထားတော်မူမည်ဟု ပဒုမုတ္တရမြတ်စွာဘုရားသည် မိန့်တော်မူ၏။

ဤသို့ဖြင့် ရသေ့သည် ဗုဒ္ဓါနုဿတိဘာဝါနာကို ပွားများရာ များစွာသောအကျိုးကျေးဇူးတို့ကို ခံစားခဲ့ရ၏။ နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွဘုရား၏ သာသနာတော်တွင် သုဘူတိအမည်ဖြင့် ရဟန်းဖြစ်တော်မူကာ ဧတဒဂ်နှစ်ခု ရတော်မူ၏။

ဤသို့ ဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းအထက်တွင် ဗုဒ္ဓါနုဿတိဘာဝနာကို ပွားများခဲ့သည့်အချိန်မှစကာ အရှင်သုဘူတိထေရ်သည် အပါယ်လေးဘုံသို့ မကျရောက်ခဲ့ပေ။[၁]

ကိုးကားပြင်ဆင်

  1. ၁.၀ ၁.၁ ထေရာပဒါန်ပါဠိတော်၊ သုဘူတိဝဂ်