အရှင်သုမင်္ဂလထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[]

ဘဝဇာတ်ကြောင်း

ပြင်ဆင်ရန်

အတ္တဒဿီမြတ်စွာဘုရားလက်ထက်

ပြင်ဆင်ရန်

အတ္တဒဿီမြတ်စွာဘုရား လက်ထက်တွင် ဖြစ်၏။ မြတ်စွာဘုရားသည် တစ်ဖက်ဆည်ကန်တွင် ရေချိုးတော်မူ၏။ ထိုအခါ မြတ်စွာဘုရားတွင် သင်္ကန်းတစ်ထည်သာ ရှိသဖြင့် ထိုမှ ဤမှ ရှုစားတော်မူ၍ ထိုရေကန်နားတွင် ရပ်နေတော်မူ၏။

ထိုအချိန်တွင် အရှင်သုမင်္ဂလထေရ်သည် ရုက္ခစိုးနတ် ဖြစ်၏။ ထိုရုက္ခစိုးသည် ရေကန်နားတွင် မြတ်စွာဘုရားကို မြင်သောအခါ လက်ပမ်းပေါက် ခတ်၏၊ က၏၊ သီဆို၏ စသည်တို့ကို ပြုခဲ့၏။[]

အကျိုးခံစားရခြင်း

ပြင်ဆင်ရန်

ထိုသို့ အိမ်၌ နေ၍ ကောင်းသောအကျင့်၌ ရွှင်ပြ၍ မြတ်စွာဘုရားကို ဆည်းကပ်သောအမှုကို ပြုခဲ့သည့်အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ရပေ။ ထို့ပြင် တစ်ထောင့်ခြောက်ရာကမ္ဘာထက်တွင် “ဧကစိန္တိတ” အမည်ဖြင့် စကြဝတေးမင်း နှစ်ကြိမ် ဖြစ်ခဲ့၏။[]

ဂေါတမမြတ်စွာဘုရားထက်ထက်

ပြင်ဆင်ရန်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်သုမင်္ဂလထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ မဟာပရိဝါရဝဂ်