三國
သုံးပြည်ထောင်ခေတ်
220 BC – 280 AD

သုံးပြည်ထောင် တည်နေရာ
သုံးပြည်ထောင်ခေတ်နှစ်အလိုက်ပိုင်နက်နယ်မြေပြောင်းလဲပုံ
Timeline of territorial changes during the Three Kingdoms period
မြို့တော် လျို့ယန်
(ချောင်းဝေပြည်ထောင်)

ချန်ဒူး
(ရှူဟန်ပြည်ထောင်)

ကျင်းရဲ့
(ဝူပြည်ထောင်)
ဘာသာစကား တရုတ်
ကိုးကွယ်ယုံကြည်မှု တာအိုဘာသာကွန်ဖြူးရှပ်ဝါဒရိုးရာကိုးကွယ်မှု
အစိုးရစနစ် ဧကရာဇ်စနစ်
ဧကရာဇ်
 - (189–220 AD) ဟန် ဧကရာဇ် ရှန်း
 - (220–226 AD,226–239 AD,239–254 AD,254–260 AD,260–266AD) Cao Pi,Cao Rui,Cao Fang,Cao Mao,Cao Huan
[ဝေပြည်ထောင်]
 - (221–223 AD,223–263 AD) Liu Bei/Liu Shan
[ရှူပြည်ထောင်]
 - (222-252 AD,252–258 AD,258–264 AD,264–280 AD) Sun Quan/Sun Liang/Sun Xiu/Sun Hao
[ဝူပြည်ထောင်]
အဓိပတိ၊အမတ်ချုပ်၊စစ်သေနာပတိ
 - (196-220 AD) ချောင်းချောင်
[ဝေပြည်ထောင်]
 - (208-234 AD) ကျူးကော့လျံ
[ရှူပြည်ထောင်]
 - ------- ကျိုးယွီ၊လူစူး၊လူ့ရွင်း
[ဝူပြည်ထောင်]
သမိုင်း
 - ချောင်းဝေပြည်ထောင်တည်ထောင်ခြင်း 220 BC
 - ခေါင်းပေါင်းဝါတော်လှန်ရေး 184AD
 - စစ်သူကြီး ဒုံးဂျို အင်ပါယာ ရှန်းအားနန်းတင်ခြင်း 189 AD
 - ချောင်းချောင် အင်ပါယာ ရှန်းအားရရှိခြင်း 196 AD
 - ဂွမ်ဒူးတိုက်ပွဲ (Battle of Guandu) 200AD
 - ကမ်းပါးနီတိုက်ပွဲ (Battle of Red Cliffs) 208 AD
 - ကျူးကော့လျှံ၏ နောက်ဆုံး ဝူကျန့်လွင်ပြင်တိုက်ပွဲ 234 AD
ငွေကြေး ဝူကျူး (五銖) ဒင်္ဂါး
History of China
တရုတ်သမိုင်း
သမိုင်းဦးခေတ်
3 Sovereigns and 5 Emperors
ရှမင်းဆက် 2100–1600 BC
ရှန်းမင်းဆက် 1600–1046 BC
ကျိုးမင်းဆက် 1045–256 BC
 အနောက်ကျိုး
 အရှေ့ကျိုး
   ချွင်းချိုးခေတ်
   စစ်ပြိုင်ခေတ်
အင်ပါယာခေတ်
ချင်မင်းဆက် 221 BC–206 BC
ဟန်မင်းဆက် 206 BC–220 AD
  အနောက်ဟန်
  ရှင်းမင်းဆက်
  အရှေ့ဟန်
သုံးပြည်ထောင်ခေတ် 220–280
  ဝေ့ရှူဝူ
ကျင့်မင်းဆက် 265–420
  Western Jin 16 Kingdoms
304–439
  Eastern Jin
တောင်နှင့်မြောက်မင်းဆက်
420–589
စွေမင်းဆက် 581–618
ထန်မင်းဆက် 618–907
  ( Second Zhou 690–705 )
၅ မင်းဆက်
၁၀ ပြည်ထောင်

907–960
​လျောင်မင်းဆက်
907–1125
စုန့်မင်းဆက်
960–1279
  မြောက်စုန့်ခေတ် (န)ရှ
  တောင်စုန့်ခေတ် ကျင်း
ယွမ်မင်းဆက် 1271–1368
မင်မင်းဆက် 1368–1644
ချင်းမင်းဆက် 1644–1911
ခေတ်သစ်
တရုတ်သမ္မတနိုင်ငံ 1912–1949
တရုတ်ပြည်သူ့
သမ္မတနိုင်ငံ

1949–ယနေ့
တရုတ်
သမ္မတနိုင်ငံ

(ထိုင်ဝမ်)
1945–ယနေ့

သုံးပြည်ထောင်ခေတ် (ရိုးရှင်းတရုတ်: 三国时代; ရိုးရာတရုတ်: 三國時代; ပင်ရင်: Sānguó Shídài) သည် အေဒီ ၂၂၀ မှ အေဒီ၂၈၀အထိ တရုတ်ပြည်ကြီးတွင် ဝေ (Wei), ရှူ(Shu), ဝူ(Wu) ဟူ၍ အဓိကနယ်မြေသုံးပိုင်း တစ်နည်း နိုင်ငံသုံးခုကွဲထွက်ကာ အသီးသီးအုပ်စိုးမင်းလုပ်ခဲ့သော အချိန်ကာလတစ်ခုဖြစ်သည်။[၁] ဟန်မင်းဆက်(Han Dynasty) ပြိုကွဲသောအချိန်မှစတင်ကာ ကျင့်မင်းဆက် (Jin Dynasty) စတင်ထူထောင်သော အချိန်ကာလအပိုင်းအခြားထိဖြစ်သည်။ သုံးပြည်ထောင် (သို့) နိုင်ငံသုံးခု (Three Kingdoms) ဆိုသည့် ဝေါဟာရမှာ ဆီလျှော်ခြင်းမရှိပါ။ အဘယ့်ကြောင့်ဆိုသော် ပြည်ထောင်တစ်ခုခြင်းစီကို ဘုရင်တစ်ပါးစီက (King) အုပ်ချုပ်မင်းလုပ်ခြင်းမျိုးမဟုတ်ဘဲ တရုတ်ပြည်တစ်ပြည်လုံးကို အင်ပါယာဘုရင်(Emperor) ဆိုသော အမည်နာမကိုသုံးစွဲ၍သာ အုပ်စိုးခြယ်လှယ်ခဲ့သောကြောင့်ဖြစ်သည်။ [၂] မည်သို့ပင်ဖြစ်စေ ဤသုံးပြည်ထောင် (Three Kingdoms) ဝေါဟာရကား တရုတ်နိုင်ငံနှင့်ပတ်သတ်သော အင်္ဂလိပ်စကားသုံးပညာရှင်များကြား၌ စံတစ်ခုအဖြစ်သုံးစွဲခဲ့ကြလေသည်။ တစ်ခြားသော တရုတ်ပြည်သမိုင်းများတွင် အမည်တူပြည်ထောင်များနှင့် ရောထွေးမှုမရှိစေရန် သမိုင်းပညာရှင်များက ဝေပြည်ထောင်အား ချောင်းဝေ(曹魏)[၃][၄]၊ ရှူပြည်ထောင်ကို ရှူဟန် (蜀漢) (သို့) ရှူ ()၊ ဝူပြည်ထောင်ကို အရှေ့ဝူ (東吳; Dōng Wú) (သို့) စွန်းဝူ (孫吳) စသဖြင့် ဆီလျှော်ရာ ဝိသေသများပေါင်းထည့်ခေါ်ဝေါ်ခဲ့ကြသည်။ ယေဘူယျသဘောတရားအနေဖြင့် သုံးပြည်ထောင်ခေတ်ကာလသည် ဝေပြည်ထောင် (အေဒီ ၂၂၀) စတည်ထောင်ချိန်မှသည် ဝူပြည်ထောင်ကို ကျင့်မင်းဆက်တိုက်ခိုက်အနိုင်ယူသည့် နှစ် (အေဒီ ၂၈၀) ထိဖြစ်သည်။ အေဒီ ၁၈၄ မှ ၂၂၀ အစောပိုင်းကာလသည် ဤသုံးပြည်ထောင်ခေတ်တွင် အကြုံးမဝင်သောကာလဖြစ်ပြီး ဖြစ်ချင်သလိုဖြစ်ကာ မင်းမဲ့စရိုက်ဆန်စွာ တိုက်ခိုက်နေသော ကာလတစ်ခုလည်းဖြစ်သည်။ ၂၂၀-၂၆၀ ကာလသည်ဝေ၊ ရှူ၊ ဝူ သုံးအုပ်စု၏ စစ်ရေးစစ်ရာတည်ငြိမ်အောင်ကြိုးပမ်းသော ကာလဟု အကြမ်းဖျင်းမှတ်သားနိုင်သည်။ ထိုမှ နှောင်းပိုင်းကာလမှာ ရှူကို ဝေမှ တိုက်ခိုက်အနိုင်ပိုင်းခြင်း၊ ကျင့်မင်းဆက်မှ ဝေနန်းဆက်ကိုဖြုတ်ချခြင်း၊ ထို့နောက် ဝူ ကို ကျူးကျော်သိမ်းပိုက်ခြင်းများပါဝင်သည်။

သုံးပြည်ထောင်ခေတ်သည် တရုတ်ပြည်သမိုင်းတွင် သွေးမြေအကျဆုံးသောခေတ်များအနက်တစ်ခုပင်။ သုံးပြည်ထောင်စလုံးကို ကျင့်မင်းဆက်မှ တစ်စုတစ်စည်းတည်းဖြစ်အောင်ပြုလုပ်အပြီး အေဒီ ၂၈၀ သန်းခေါင်စာရင်းများအရ အိမ်ထောင်စု (၂.၄) သန်းကျော်၊ လူဦးရေ (၁၆) သန်းကျော်ပြထားရာ ထိုအရေအတွက်မှာ ဟန်မင်းဆက် သန်းခေါင်စာရင်း ( အိမ်ထောင်စု (၁၀) သန်းကျော်၊ လူဦးရေ (၅၆) သန်းကျော်) ၏ အစိတ်အပိုင်းသာဖြစ်လေသည်။[၅] ကျင့်မင်းဆက်၏ လူဦးရေစာရင်းမှာ အကြောင်းအချက်ပေါင်းများစွာကြောင့် တိကျမှုမရှိနိုင်သော်လည်း အေဒီ၂၈၀တွင် ၎င်းတို့တတ်နိုင်သမျှ လူဦးရေကောက်ယူရန် အမှန်တကယ်ကြိုးပမ်းခဲ့ကြသည်။[၆]

နည်းပညာတီထွင်မှုများသည် ဤခေတ်တွင်သိသိသာသာ တိုးတက်ခဲ့သည်။ ရှူပြည်ထောင်၏ အမတ်ချုပ် ကျူးကော့လျှံ (ပညာရှိ ခုံမင်)Zhuge Liang သည် သစ်သားနွားရုပ်ပုံလက်တွန်းလှည်းကိုတီထွင်ခဲ့ရာ အဆိုပါတွန်းလှည်းမှာ လက်ဖြင့်တွန်းရသော တွန်းလှည်းများ၏ အစောဆုံးပုံစံတစ်ခုဖြစ်နိုင်သည်။[၇][၈] ထို့နောက်ဆက်တိုက်ပစ်နိုင်သောဒူးလေးလက်နက်ကိုပို၍ အဆင့်မြင့်တင်နိုင်ခဲ့သည်။[၉] ဝေပြည်ထောင်၏ စက်မှုအတတ်ပညာရှင် မာဂျွန်း(Ma Jun )သည် ဟန်ခေတ်ပညာရှင် ကျန်းဟန်း (Zhang Heng)ကဲ့သို့ ထူးချွန်ကာ ရေအားသုံးစက်ဖြင့်လည်ပတ်နိုင်သော ရုပ်သေးဇာတ်ရုံကို ဝေဘုရင် ချောင်းရွေ ( Cao Rui) အတွက်တီထွင်ပေးခဲ့ကာ လျို့ယန်မြို့တော် ဥယျာဉ်များအတွက် ရေသွင်းနိုင်စေရန် လေးထောင့်အခံ ချိန်းစနစ်ရေတင်စက်များကိုလည်း တီထွင်ခဲ့သည်။[၁၀][၁၁]

သုံးပြည်ထောင်ခေတ်သည် တိုတောင်းသော်လည်း ဤသမိုင်းဝင်ခေတ်နှင့်ပတ်သက်၍ တင်စားဖွဲ့ဆိုခဲ့ကြသည်ကို တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် ဗီယက်နမ်တို့၏ ယဉ်ကျေးမှုများတွင် အများအပြားတွေ့နိုင်သည်။ ပြဇာတ်၊ ကျေးလက်ပုံပြင်၊ ဝတ္ထုရှည်၊ ရုပ်မြင်သံကြားဇာတ်လမ်းတွဲ၊ ဗီဒီယိုဂိမ်း စသည်တို့တွင် သုံးပြည်ထောင်ခေတ် အကြောင်းအရာများသည် လူသိထင်ရှားကြသည်။ နာမည်အကျော်ဆုံးမှာ မင် မင်းဆက်ခေတ်ကရေးသားသော လျှိုကွမ်းကျုံး (Luo Guanzhong)၏ ဝတ္ထုရှည်တစ်ပုဒ်ဖြစ်သည့် သုံးပြည်ထောင်ခေတ်ဇာတ်လမ်းများ (Romance of the Three Kingdoms)ပင်ဖြစ်သည်။[၁၂] ခိုင်လုံသော သမိုင်းမှတ်တမ်းမှာကား ချန်ရှိုး (Chen Shou) ၏ သုံးပြည်ထောင်ခေတ်မှတ်တမ်းများနှင့် ပေ့စုန့်ကျီ၏ (Pei Songzhi) မှတ်ချက်ရေးသားတင်ပြချက်များပင်ဖြစ်သည်။

ခေတ်ကာလခွဲခြားသတ်မှတ်ကြခြင်းပြင်ဆင်

ဤခေတ်အတွက် သတ်မှတ်ကာလဟူ၍မရှိပေ။ တိတိကျကျဆိုရလျှင် သုံးပြည်ထောင် (လွတ်လပ်သောပြည်ထောင်) များသည် အေဒီ (၂၂၉) အရှေ့ဝူကို စိုးစံနေသူမှ အင်ပါယာဘုရင်အဖြစ် ကြေငြာသည်မှအစပြု၍ ရှူဟန်ပြည်ထောင်ကျဆုံးခြင်းနှစ် အေဒီ (၂၆၆) အထိသာ တည်ရှိခဲ့သည်။ အချိန်ကာလအပိုင်းအခြားနှင့် ပတ်သက်၍နောက်ထပ် ဘာသာပြန်ချက်တစ်ခုမှာ ဟန်နန်းတော်အာဏာယိုယွင်းသည်မှ စတင်သည်ဟုဆိုသည်။ သုံးပြည်ထောင်ဇာတ်လမ်းများ ကို ရေးသားသုံးသပ်သူ Mao Zonggangက အခန်း(၁၂၀) တွင် ဤသို့ဆိုသည် :

သုံးပြည်ထောင်ခေတ်သည် ဟန်နန်း​တော်အာဏာယိုယွင်းသည်မှစသည်။ ဟန်မင်းအာဏာစက်ကျဆင်းရခြင်းမှာ အထိန်းတော်မိန်းမစိုးများ (Eunuchs) ဘုရင့်အာဏာကို အလွဲသုံးစားလုပ်ဆောင်ခြင်းနှင့် အရာရှိများ အစိုးရစနစ်ကိုချိနဲ့အောင်ပြုလုပ်ခြင်းတို့ဖြစ်သည်။[၁၃]

ထိုသူကဆက်လက် ညွှန်းဆိုသည်မှာ သုံးပြည်ထောင်ခေတ်သမိုင်းရေးသားခြင်း၏ အစမှာ မိန်းမစိုးဆယ်ဦး မှစတင်ကာ ခေတ်၏အဆုံးသတ်ကား အေဒီ(၂၈၀) ဝူမင်းဆက်ပြိုလဲခြင်း ဖြစ်သည်။ ဆက်လက်၍ ဤကဲ့သို့ ရှင်းလင်းချက်ပေးသည် :

ဝတ္ထုမှာ ဟန်ကိုအလေးပေးရေးသားမှုကြောင့် အဆုံးသတ်မှာ ဟန် (ရှူဟန်) ကျဆုံးခြင်းလည်း ဖြစ်နိုင်ခဲ့ပါသည်။ ဝေက ဟန်ကိုအနိုင်ပိုင်းခဲ့သည်။ ဟန့်ရန်သူ ဝေပြည်ထောင်သည် ၎င်း၏နောက်ဆုံးကြမ္မာကိုရင်မဆိုင်ရပဲ ဝတ္ထုအဆုံးသတ်ပါက စာဖတ်သူများ မကျေမနပ်ဖြစ်ပေမည်။ ဝေပြည်ထောင်ကျဆုံးမှုသည်လည်း အဆုံးသတ်ဖြစ်ခဲ့နိုင်ပေသော်လည်း ဟန်၏မိတ်ဖက်နိုင်ငံမှာ ဝူ ဖြစ်သဖြင့် ဝေကျဆုံးမှုဖြင့်သာ အဆုံးသတ်လိုက်ပါက စာဖတ်သူအတွက် မပြည့်မစုံဖြစ်သွားခဲ့ပေမည်။ ထို့ကြောင့် ဇာတ်လမ်းမှာ ဝူပြည်ထောင်ပြိုလဲခြင်းဖြင့် အဆုံးသတ်ခဲ့ရသည်။[၁၃]

တရုတ်သမိုင်းပညာရှင်များ ပြောဆိုထားသည့် ဤခေတ်၏ စမှတ်ကာလတစ်ချို့လည်း ရှိသေးသည်။ ထိုစမှတ်အချို့မှာ အေဒီ(၁၈၄) ခေါင်းပေါင်းဝါတော်လှန်ရေး၌ စတင်ခြင်း[၁၄][၁၅]၊ ထိုတော်လှန်ရေးအပြီးအေဒီ(၁၈၅)တွင် စတင်ခြင်း[၁၆]၊ ဟန့်၏နောက်ဆုံးနှစ်များအတောအတွင်း စစ်သူကြီး ဒုံးဂျိုသည် (Dong Zhou)ဟန်ဧကရာဇ် ရှောင်း (Emperor Shao of Han) အားနန်းချ၍ ဟန်ဧကရာဇ် ရှန်း (Emperor Xian of Han) ကို နန်းတင်ခဲ့သည့် အေဒီ (၁၈၉) စတင်ခြင်း[၁၇][၁၈]၊ ထို့နောက် လျို့ယန် (Luoyang)မြို့တော်ကိုဖျက်ဆီးစွန့်ခွာ၍ ချန်အန်းသို့ ( Chang'an) မြို့တော်ပြောင်းရွှေ့ခဲ့သည့်နှစ် (၁၉၀)တွင်စတင်ခြင်း[၁၉]၊ သို့မဟုတ် ချောင်းချောင်(Cao Cao) ဟန်ဧကရာဇ်အား ရရှိ၍ ဇူချမ်း(Xuchang) မြို့တော်တွင် ၎င်း၏ လက်အောက်၌ ထိန်းချုပ်ထားသော နှစ် (၁၉၆) တွင်စတင်ခြင်း[၂၀] စသောစမှတ်များစွာ ကွဲပြားနေသည်။

သမိုင်းပြင်ဆင်

ခေါင်းပေါင်းဝါတော်လှန်ရေးပြင်ဆင်

 
သုံးပြည်ထောင်ခေတ် မြို့တော်များပြမြေပုံ
 
သုံးပြည်ထောင်ခေတ်မတိုင်မီ ဟန့်ခေတ်နှောင်း တရုတ်ပြည်တိုင်းခရိုင်ကြီးများပြမြေပုံ
 
အရှေ့ဟန်ခေတ်နှောင်းပိုင်း ခေါင်းပေါင်းဝါတော်လှန်ရေးပြမြေပုံ

အေဒီ (၁၀၅) ဟန်ဧကရာဇ် ဟီ (Emperor He) နတ်ရွာစံပြီးနောက် နိုင်ငံရေး၊ စီးပွားရေးပြဿနာများကြောင့် အရှေ့ဟန်အင်ပါယာ၏ အဏာစက်မှာ ကျဆင်းယုတ်ရော့လာသည်။ နောက်ပိုင်းတွင် ဟန်ဧကရာဇ်တစ်ချို့ကို ငယ်ငယ်ရွယ်ရွယ်ဖြင့် နန်းတင်ခဲ့ရသောကြောင့် တကယ့်အာဏာမှာ ဘုရင်၏ ဆွေတော်မျိုးတော်အကြီးအကဲများ၏ လက်ဝယ်တွင်သာရှိသည်။ ဤဆွေမျိုးတော်တို့မှာ ၎င်းတို့၏ ဩဇာကိုစွန့်လွှတ်ရန် မလိုလားသဖြင့် အရာရှိကြီးများနှင့် အထိန်းတော်ကြီးများကို မိတ်ဖွဲ့ရန် ဘုရင်များအားတွန်းအားပေးခဲ့ကြသည်။ အကြောင်းမှာ အစိုးရအဖွဲ့ကို ထိန်းချုပ်ရန်ဖြစ်၏ ။တော်ဝင်ဆွေမျိုးများနှင့် အထိန်းတော်များကြား နိုင်ငံရေးဆိုင်ရာရပ်တည်ချက်များ၊ အချင်းချင်းပြန်လည်တိုက်ခိုက်နေမှုများသည် ထိုခေတ်ကာလအစိုးရပိုင်း၌ ဆက်တိုက်ဆိုသလို ပြဿနာတစ်ရပ်ပင်[၂၁]။ Emperor Huan (r. 146–168) and Emperor Ling (r. 168–189) စိုးစံသော နှစ်များအတွင်း အထိန်းတော်များ၏ နိုင်ငံရေးအာဏာရယူထားမှုအား အရာရှိများ၏ မကြေနပ်မှုများ အထွတ်အထိပ်သို့ရောက်ရှိခဲ့ကာ ပေါ်ပေါ်တင်တင်ကန့်ကွက်ခဲ့ကြသည်။ ပထမ ဒုတိယအကြိမ်ဆန္ဒပြကန့်ကွက်မှုမှာ အရာမထင်ပေ။ နန်းတွင်းအထိန်းတော်များက ဘုရင်အား ထိုဆန္ဒပြသော အရာရှိများကို သေဒဏ်ပေးရန်တိုက်တွန်းခဲ့ကြသည်။ တချို့ဒေသဆိုင်ရာအုပ်ချုပ်သူများမှာလည်း ၎င်းတို့နယ်မြေများတွင် အာဏာရှင်ဆန်ဆန် ထိန်းချုပ်ကွပ်ကဲမှုများရှိခဲ့သည်။ အတော်များများမှာ ဖိနှိပ်ချုပ်ချယ်ထားသော နိုင်ငံရေးအဝန်းအဝိုင်းတွင် ကြောက်ကြသဖြင့် ထုပ်ဖော်မပြောရဲကြချေ။ နိုင်ငံရေးဖိနှိပ်မှု၊ ညံ့ဖျင်းသော စည်မံဆောင်ရွက်မှုများအပြင် တရုတ်ပြည်ကြီးမှာ သဘာဝကပ်ဆိုးဒဏ်များကိုပါခံခဲ့ရသည်။ ဒေသတွင်း သူပုန်အစုဖွဲ့များ နိုင်ငံအနှံ့ဆိုသလို ပေါ်ပေါက်လာသည်။

(၁၈၄)နှစ်၏ တတိယလတွင် ကျန်ကျောင်း (Zhang Jiao) နှင့် ညီနောင်များဖြစ်သော ကျန်းလျှံ၊ ကျန်းပေါင် ဦးဆောင်၍ တာအိုလှုပ်ရှားမှု (သို့) မြင့်မြတ်သောငြိမ်းချမ်းရေးဆီသို့ လှုပ်ရှားမှုကြီးပေါ်ပေါက်ကာ နောက်လိုက်များအားဦးဆောင်၍ အစိုးရဆန့်ကျင်ရေးကြီးဖြစ်လာသည်။ ဤသည်ကိုပင်ခေါင်းပေါင်းဝါတော်လှန်ရေးဟု သိကြသည်။ လှုပ်ရှားမှုမှာ အားကောင်းလာပြီး နောက်လိုက်များအား ခပ်မြန်မြန်ဆွဲဆောင်နိုင်ခဲ့ကာ မကြာမီ လူသူသိန်းသောင်းထိရှိလာခဲ့ရင်း နိုင်ငံအနှံ့တွင်ထောက်ခံမှုများ ရရှိလာကြသည်။ စခန်းပေါင်း ၃၆ခုထိရှိလာပြီး စခန်းကြီးတွင် လူတစ်သောင်းကျော်၊ စခန်းငယ်တွင် လူ ခြောက်ထောင် ခုနှစ်ထောင်ကျော်ထိ အင်အားရှိသောကြောင့် ဟန်စစ်တပ်နှင့် အလားတူညီမျှခဲ့သည်။

၎င်းတို့၏ ဆောင်ပုဒ်ကား:

"ကောင်ကင်ပြင်ကြီး ပြိုကာလဲ, ဤခါသမယတွင်ပင် အဝါရောင်ကောင်းကင်နိုးလတ္တံ့၊, ဤကမ္ဘာမြေပေါ်ချမ်းသာစီးပွား ကြွယ်ဝစေသော်ဝ်"
"The firmament has perished, the Yellow Sky will soon rise; in this year of jiazi, let there be prosperity in the world!"
(蒼天已死,黃天當立。歲在甲子,天下大吉。)

ကောင်ကင်ပြင်ကြီး = ဟန်မင်းဆက်/ အဝါရောင်ကောင်းကင် = ခေါင်းပေါင်းဝါတော်လှန်ရေး

ဧကရာဇ် လင်းသည် စစ်သူကြီးများ Huangfu Song, Lu Zhi, and Zhu Jun တို့ကိုဦးဆောင်စေကာ နှိမ်နင်းသည်။ ဒေသဆိုင်ရာ အုပ်ချုပ်သူများမှ စစ်သည်များအား ရိက္ခာထောက်ပံ့စေရန် အမိန့်ထုတ်သည်။ သမိုင်းဝင် သုံးပြည်ထောင်ဇာတ်လမ်းများ ဝတ္ထုသည် ဤနေရာမှစတင်ရေးသားခဲ့၏ ။ ခေါင်းပေါင်းဝါတော်လှန်ရေးကို အစွန်းဆုံချေမှုန်းနိုင်ခဲ့ပြီး အသက်ရှင်ကျန်ရစ်သူနောက်လိုက်များလည်း တရုတ်ပြည်အနှံ့အပြားတွင် လူစုကွဲခဲ့ကြ၏ ။ တိုင်းပြည်အဝှမ်း မငြိမ်သက်ဂယက်ထမှုများကြောင့် အတော်များများသည် တောင်တန်းထူထပ်သော နယ်မြေများတွင် သူပုန်အဖြစ်ရှင်သန်နေထိုင်ခဲ့ကြသည်။ ထို့ကြောင့် ဤခေတ်၏ မင်းမဲ့စရိုက်ဆန်မှုများဆက်လက်ဖြစ်ပေါ်ခဲ့ကြသည်။

ထိုသို့ အနှံ့အပြား သူပုန်အုံကြွမှုများနှင့်အတူ ဟန်စစ်တပ်မှာ ထိုထိုသူပုန်အဖွဲ့များကို တွန်းလှန်ချေမှုန်းရန် မစွမ်းသာချေ။ ဧကရာဇ် လင်းသည် လျှိုရန် (Liu Yan) ထံမှ အဆိုပြုချက်တစ်ခုကို လက်ခံခဲ့သည်။ အကြောင်းအရာမှာ ဒေသဆိုင်ရာ အုပ်ချုပ်သူများအား ပဒေသရာဇ်နယ်မြေများအပေါ် တိုက်ရိုက်အုပ်စိုးခွင့်၊ ဒေသအတွင်းရှိစစ်တပ်ကို တိုက်ရိုက်အမိန့်ပေးပိုင်ခွင့်၊ ၎င်းတို့ကိုရာထူးတိုးမြှင့်ပေရေးအပြင် ဘုရင့်မျိုးနွယ် လျှိုမိသားစုဝင်များ (သို့) နန်းတွင်းမှ အရာရှိများကို ထိုနေရာများ၌ခန့်အပ်ရန်တို့ဖြစ်ကြသည်။ ဤလုပ်ဆောင်ချက်မှာ ခရိုင်များကို တရားဝင်စီမံအုပ်ချုပ်ရေးဆိုင်ရာနေရာများဖြစ်သွားစေသည်။ ထိုသူတို့မှာ ကိုယ်တိုင် သူပုန်များကိုနှိမ်နှင်းခွင့်ရရှိသော်လည်း နောက်ပိုင်းအစိုးရအတွင်းပိုင်း ကမောက်ကမဖြစ်မှုများက ဤဒေသခံအုပ်ချုပ်သူတို့အား ဗဟိုအစိုးရကို မှီခိုမှုကင်းကင်းဖြင့် အုပ်ချုပ်နိုင်စေတော့သည်။ လျှိုယန်ကို ယီခရိုင် (Yi Province)အားကိုင်တွယ်စေသည်၊ ရာထူးတိုးပေးသည်။ ဤလုပ်ဆောင်မှုအပြီး မကြာခင် လျှိုယန်မှာ ဟန်နန်းတော်နှင့် အဆက်အသွယ်ဖျက်ပစ်ခဲ့ပြီး တချို့သော ခရိုင်များလည်းအလားတူမျိုးပြုလုပ်ခဲ့ကြသည်။

ဒုံးဂျိုအာဏာရရှိခြင်းပြင်ဆင်

ဧကရာဇ် လင်း ဆုံးပါးသောနှစ်မှာပင် နန်းတွင်းမိန်းမစိုးများ တော်ဝင်မိသားစုအပေါ်ထိန်းချုပ်ရန်ကြိုးပမ်းမှုများအကြား နောက်ထပ်အကျပ်အတည်းတစ်ခုပေါ်လာခဲ့သည်။ နန်းတွင်းမိန်မစိုး Jian Shuoသည် တော်ဝင်မျိုးနွယ်ဖြစ်သော စစ်သေနာပတိချုပ် ဟီဂျင် (He Jin) ကိုသတ်ဖြတ်ရန်နှင့် အိမ်ရှေ့စံ လျှိုပြန့်(Liu Bian ) ကို အငယ်ဖြစ်သူ လျှိုရှီး (Liu Xie - the Prince of Chenliu (in present-day Kaifeng)) ဖြင့်အစားထိုးရန်စီစဉ်သည်။ သို့သော် ထိုအစီစဉ်မှာ မအောင်မြင်ခဲ့ပေ။ လျှိုပြန့်မှာ ဧကရာဇ် ရှောင်း အဖြစ် နန်းတတ်သည်။ ဟီဂျင်ကား စစ်သူကြီး ယွမ်ရှောင်း (Yuan Shao)နှင့် ပေါင်း၍ ကျန်းရန် ဦးဆောင်သောအထိန်းတော်မိန်းမစိုးဆယ်ဦးကို (ဆယ်ဦးဟု သုံးနှုန်းသော်လည်းအရေအတွက်မှာ ဆယ်နှစ်ဦး) ကိုသတ်ရန်စီစဉ်သည်။ ကျန်းရန်မှာ နန်းတွင်းကို အတော်ကြီးထိန်းချုပ်ထားသည်။ ဟီဂျင်က ၎င်း၏ အာဏာအနေအထားကို ပိုမိုခိုင်မာစေရန် လျှံခရိုင် (Liang Province)က စစ်သူကြီး ဒုံးဂျိုနှင့် ဘင်ခရိုင်(Bing Privince)စစ်ကြောရေးအရာရှိ ဒင်းယွမ်(Ding Yuan) ကို နေပြည်တော်သို့ တပ်များနှင့်လာရန် ဆင့်ခေါ်ခဲ့သည်။ မိန်းမစိုးများ ဟီဂျင့်၏ အကွက်ကိုသိ၍ ဒုံးဂျို နေပြည်တော် လျို့ယန်သို့မရောက်ခင် ဟီဂျင်အား လုပ်ကြံခဲ့ကြသည်။ ယွမ်ရှောင်း၏တပ်များလျို့ယန်သို့ရောက်လာသောအခါ နန်းတွင်းတွင် မွှေနှောက်ကာ အထိန်းတော်ဆယ်ဦးနှင့်အတူ ၎င်းတို့ကို ထောက်ခံသူ (၂၀၀၀) ကိုလည်း သတ်ပစ်ခဲ့ကြ၏ ။ ဤလုပ်ဆောင်မှုကား ရာစုနှစ်ချီကြာညောင်းပြီဖြစ်သော တော်ဝင်မိသားစုနှင့် မိန်းမစိုးများကြားကရန်ငြှိုးကို အဆုံးသတ်ပေးနိုင်သော်လည်း ဤအဖြစ်သည်ပင် ဒုံးဂျိုအား တရုတ်နိုင်ငံ အနောက်မြောက်ဒေသမှ နေပြည်တော်အနီးသို့ခေါ်ဆောင်သလိုဖြစ်သွားခဲ့သည်။

(၁၈၉)ခု စက်တင်ဘာ ၂၄ တွင် စစ်သူကြီး ဒုံးဂျိုသိရှိသည်မှာ မိန်းမစိုးများနှင့် နယ်ဘက်အမှုထမ်းများကြား အာဏာလုပွဲများကြောင့် လျို့ယန်မြို့တော်ကား မီးဟုန်းဟုန်းတောက်နေခဲ့၏။ ဤဝရုန်းသုန်းကားအခြေနေကို နှိမ်နင်းရန် ၎င်း၏ စစ်တပ်ကို အမိန့်ပေးချီတက်ခိုင်းသည်[၂၂] ဘုရင်သည် သူ့၏ စစ်ဘက်၊ နိုင်ငံရေးဘက်အာဏာများ ဆုံးရှုံးခဲ့ရသောကြောင့် တကယ့်အာဏာရှင်မှာ စစ်သူကြီးဒုံးဂျိုသာဖြစ်လာခဲ့ရာ လေးရက်အကြာတွင် ဘုရင် လျှို့ပြောင်းကို နန်းချကာ လျှို့ရှိးအားနန်းတင်ခဲ့သည်။[၂၂] နောက်ပိုင်းရက်သတ္တပတ်များတွင် တစ်နိုင်ငံလုံးအနှံ့ ပုန်ကန်မှုများပေါ်ပေါက်လာခဲ့သည်။

တရုတ်အရှေ့ပိုင်းတွင် ဟန်နန်းဆက်အာဏာကို ပြန်လည်ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းရာတွင် ဒုံးဂျိုအားဆန့်ကျင်ရန် မဟာမိတ်တပ်ပေါင်းအဖွဲ့ကြီးတစ်ခုကို ယွမ်ရှောင်း၊ ချောင်းချောင်၊ ယွမ်ရှူး စသည့်ခေါင်းဆောင်တို့ဖြင့်ဖွဲ့စည်းသည်။[၂၃] ခရိုင်နယ်မြေအတော်များများမှ ခေါင်းဆောင်များကို ပူးပေါင်းရန်လှုံ့ဆော်သည်။[၂၄] (၁၉၁)တွင် ယွမ်ရှူးလက်အောက်က စစ်သူကြီး စွန်းကျန့် (Sun Jian) ဦးဆောင်သော တပ်ဖွဲ့က ဒုံးဂျိုအား လျို့ယန်မှမောင်းထုတ်နိုင်၍ ဒုံးဂျို ချန်အန်းမြို့သို့ထွက်ပြေးရသည်။[၂၅] နောက်တစ်နှစ် (၁၉၂)တွင် ဒုံးဂျို၏ ကိုယ်ရံတော် လွီပု (Lu Bu)မှ လုပ်ကြံသောကြောင့် ဒုံးဂျိုသေခဲ့ရသည်။[၂၄]

အလယ်ပိုင်းဒေသပြိုကွဲခြင်းပြင်ဆင်

 
(၁၉၀) ဆယ်စုနှစ်မှ စစ်ခေါင်းဆောင်များ

အေဒီ (၁၉၂)တွင် မဟာမိတ်အဖွဲ့ကြား၌ တော်ဝင်ဆွေမျိုး လျှို့ယွီအားဧကရာဇ်အဖြစ်ခန့်အပ်မှုနှင့်ပတ်သက်၍ ဆွေးနွေးပြောဆိုမှုတစ်ချို့ရှိခဲ့ပြီး အဖွဲ့ဝင်များတဖြည်းဖြည်းခြင်း ကွဲထွက်သွားခဲ့သည်။ ထိုမဟာမိတ်အဖွဲ့မှ စစ်ခေါင်းဆောင်များမှာ ချွင်းချက်တစ်ချို့တစ်လေမှလွဲ၍ ဟန့်မင်းဆက်အရှိန်အဝါကို ပြန်လည်ထိန်းသိမ်းရန်ဆိုသည်ထက် မတည်မငြိမ်သောကာလ၌ ကိုယ်ပိုင်စစ်ရေးအာဏာကို တိုးမြင့်ရန်ဖြစ်ပေသည်။ ဟန်အင်ပါယာကြီးသည် မြောက်များစွာသော ဒေသဆိုင်ရာစစ်ခေါင်းဆောင်များကြား ကွဲထွက်ခဲ့လေသည်။ ဗဟိုအစိုးရနှင့်မဟာမိတ်အဖွဲ့ကွဲသွားခြင်း၏ ရလဒ်အဖြစ် တရုတ်မြောက်ပိုင်းလွင်ပြင်ဒေသသည် ပြိုင်ဘက်များအကြား အောင်နိုင်ရန် (သို့) အသက်ရှင်ရေးအတွက် စစ်တလင်းပြင်နှင့် မင်းမဲ့စရိုက်ဆန်ခဲ့ရပေသည်။[၂၄] ဧကရာဇ်ဘုရင် ရှန်းမှာ ချန်အန်းမြို့ကို သိမ်းပိုက်နိုင်သော စစ်ခေါင်းဆောင်အတော်များများ၏ လက်အောက်သို့ ကျရောက်ခဲ့ရသည်။

အောင်မြင်မှုအပေါ်သာယာကျေနပ်နေသော ဒုံးဂျိုကို ၎င်းနောက်လိုက် လွီပုက အမတ်ကြီး ဝမ်းယွမ် (Wang Yun) နှင့်ပေါင်း၍ လုပ်ကြံခဲ့သည်။ အပြန်အလှန်အားဖြင့် လွီပုကိုလည်း ဒုံးဂျိုအမှုထမ်းများဖြစ်သော Li Jue, Guo Si, Zhang Ji and Fan Chouတို့က တိုက်ခိုက်ခဲ့ရာ ဝမ်းယွမ်တို့တစ်မိသားစုလုံး သေကြေခဲ့သည်။ လွီပုကား မြောက်ပိုင် စစ်ခေါင်းဆောင်ဖြစ်သော ကျန်းယန် (Zhang Yang)ဆီသို့ထွက်ပြေးရှောင်တိမ်းခဲ့ပြီး သူထံ အချိန်အတိုင်းအတာတစ်ခုထိခိုလှုံခဲ့ပြီးနောက် ယွမ်ရှောင်းဆီရောက်ပြန်သည်။ သို့သော် လွီပုမှာ မည်သူ့ကိုမဆို သစ္စာခံရန် ဝန်မလေးချေ။

ယွမ်ရှောင်းသည် ကျိခရိုင် ယိမြို့မှစ၍ မြောက်ဘက်မြစ်ဝါမြစ်အထိ အင်အားတိုးချဲ့ခဲ့သည်။[၂၄] ဟန့်ဖူသည် ကျိခရိုင်နယ်စားမင်းဖြစ်ပြီး ယွမ်ရှောင်းလက်အောက်သို့ရောက်ကာ ၎င်းကိုအစားထိုးလဲလှယ်ခဲ့သည်။[၂၅]

မြစ်ဝါမြစ်နှင့် ဟွေ့မြစ်ကြား၌လည်း ယွမ်ရှူး၊ချောင်းချောင်၊ ဟောင်ချန်း(Tao Qian) ( ရွှီကျိုးနယ်စား)၊ လွီပု၊ လျှိုပေ့ တို့ကြား၌ ရင်ဆိုင်တိုက်ပွဲများရှိခဲ့သည်။[၂၄] (၁၉၂)တွင် ချောင်းချောင်က ခေါင်းပေါင်းဝါသူပုန်များကိုအညံ့ခံစေခဲ့သည်။[၂၆] (၁၉၃)တွင် ယွမ်ရှူးကို ဟွေ့မြစ်တောင်ပိုင်းသို့မောင်ထုတ်နိုင်ခဲ့သည်။[၂၄] (၁၉၄)တွင် ဟောင်းချန်ကို ဖျက်ဆီးနိုင်ခဲ့သည်။[၂၅] (၁၉၆)တွင် လျှိုပေ့ကိုရရှိခဲ့သည်။[၂၇] (၁၉၈)၌ လွီပုကို သေဒဏ်ပေးခဲ့သည်။[၂၇] ယခုဆိုလျှင် တရုတ်ပြည်မြောက်ပိုင်းလွင်ပြင်၏တောင်ဘက်အခြမ်းကို ချောင်းချောင်မှာ လုံးဝဥသုံ ထိန်းချုပ်နိုင်ပြီဖြစ်သည်။[၂၇]

မြောက်ဘက်ပိုင်းတွင် ကုန်းစွန်းဒူ (Gongsun Du)က မန်ချူးရီးယားတောင်တောင်ပိုင်းကို ထိန်းချုပ်နိုင်ကာ ပြည်နယ်ထောင်သည်။[၂၈] (၂၀၄)၌ သားဖြစ်သူ ကုန်းစွန်းခန် (Gongsun Kang) ဆက်ခံခဲ့သည်။[၂၈] ဟန့်အာဏာစက်ခန်းခြောက်ပြီးနောက် မြောက်ပိုင်နယ်စပ်တွင် ရွှန်းနူလက်ကျန်နေထိုင်သူများနှင့် ရှင်းပေးများကတောက်ကဆများဖြစ်ခဲ့သည်။[၂၈] (၂၀၄)တွင် ဂိုဂူယော( ကိုရီးယား)ကို ကုန်းစွန်းခန် ကကျူးကျော်၍ လက်အောက်ခံနယ်မြေဖြစ်စေခဲ့သည်။ (၂၀၉)၌ ဂိုဂူယောကိုထပ်မံကျူးကျော်၍ မြို့တော်သိမ်းပိုက်ကာ အညံ့ခံစေခဲ့သည်။ ဂိုဂူယော၏ မြို့တော်ကို အရှေ့စွန်ပိုင်းသို့ အတင်းအကျပ်ရွှေ့စေသည်။[၂၉] လျှံခရိုင်(present-day Gansu) တွင် (၁၈၄)၌ သူပုန်ထခဲ့သည်။[၂၈] အနောက်ဘက်ပိုင်း ယိကျိုးတွင် နယ်စားမှာ လျှိုယန်ဖြစ်ပြီး (၁၈၈)ကတည်းက အုပ်ချုပ်ခဲ့သည်။[၃၀] ၎င်းကို သား လျှို့ကျန်းမှဆက်ခံသည်။[၃၀] လျှို့ကျန်းပိုင်နက်၏ မြောက်ဘက်ကား ကျန်းလူ(ကောင်းကင်ဘုံမှခန့်အပ်သော ခေါင်းဆောင်)သည် ဘာသာရေးဆန်သော (ကောင်းကင်ဘုံ အစိုးရ) အစိုးရကို ဟန့်ကျုံးလက်အောက်ခံနယ်၌ ဦးဆောင်အုပ်ချုပ်သည်။[၃၁] လျှိုပြောင်း (Liu Biao) က ကျိကျိုး (ကျိခရိုင်) နယ်စားဖြစ်၍ စွန်းချွမ်မှာ ယန့်ဇီမြစ်အောက်ပိုင်းကို ပိုင်စိုးထားခဲ့သည်။[၃၁]

ရွှီကျိုး နှင့် ယန်ကျိုးပြင်ဆင်

(၁၉၄)တွင် ချောင်းချောင်မှာ ရွှီကျိုးနယ်စား ဟောင်ချန်းနှင့် စစ်ဖြစ်သည်။ အကြောင်းကား ဟောင်ချန်းအမှုထမ်း ကျန်းကိုင်က ချောင်းချောင်ဖခင် ချောင်းစုန့်ကိုလုပ်ကြံခဲ့သည်။ဟောင်ချန်းသည် လျှိုပေ့၊ကုန်းစွန်းဇန်တို့ဆီမှ ထောက်ပံ့မှုရရှိသော်လည်း ချောင်းချောင်မှာ အင်အားအဆမတန်များပြားနေခဲ့သည်။ လွီပုသည် သူ့မျက်ကွယ်၌ ယန်ကျိုးကိုရကြောင်းသိသည်။ ထို့ကြောင့် တပ်ဆုတ်၍ လောလောဆယ်အတွင်း ဟောင်ချန်းနှင့် ရန်အကြွေးကိုခေတ္တအောင့်အီးထားခဲ့သည်။ ဟောင်ချန်းလည်းထိုနှစ်တွင်ပင် သေဆုံး၍ သူ့ခရိုင်အား လျှိုပေ့နှင့်လွှဲထားခဲ့သည်။ နောက်တစ်နှစ် (၁၉၅)၌ ချောင်းချောင်မှာ လွီပုကို ယန်ကျိုးမှ တိုက်ထုတ်နိုင်၍ လွီပု ရွှီကျိုးကိုထွက်ပြေး၏။ လျှိုပေ့ကလက်ခံခဲ့ပြီး သံသယများစွာဖြင့် မဟာမိတ်ဖွဲ့သည်။

နောက်ပိုင်း လွီပုကသစ္စာဖောက်၍ ရွှီကျိုးကို သိမ်းယူကာ ယွမ်ရှူး၏ လက်ကျန်တပ်နှင့် မဟာမိတ်ဖွဲ့ပြန်သည်။ လျှိုပေ့မှာ ကွမ်းရီ (Guan Yu)၊ ကျန်းဖေး(Zhang Fei)တို့နှင့်အတူ ချောင်းချောင်ဆီသို့ခိုလှုံသည်။ ထို့နောက် လွီပုကိုတိုက်ရန်စီစဉ်ကြပြီး ချောင်းချောင်၊ လျှိုပေ့ ၏တပ်များဖြင့် ရွှီကျိုးကျူးကျော်၏ ။ လွီပုအား သူ့တပ်မှစွန့်ခွာပြီး ယွမ်ရှူးတပ်မှာလည်း စစ်ကူရောက်မလာခဲ့ပေ။ လွီပုကို ၎င်းလက်အောက်ငယ်သားဖြစ်သော Song Xian (宋憲) and Wei Xu (魏續)က ကြိုးဖြင့်ချည်နှောင်၍ ချောင်းချောင်အမိန့်ဖြင့် သေဒဏ်စီရင်ခဲ့သည်။ ​

ဟွေ့မြစ်ပြင်ဆင်

(၁၉၃)တွင် တောင်ဘက်ပိုင်းသို့ တိုက်ထုတ်ခံခဲ့ရပြီးနောက် ယွမ်ရှူးသည် မြို့တော်ကို ရှိုချွန်း (Shouchun) သို့ရွှေ့ကာ ဆုံးရှုံးခဲ့ရသောနယ်မြေများ (ဟွေ့မြစ်မြောက်ပိုင်း) ကိုပြန်လည်ရယူရန်အားထုတ်သည်။[၂၇] (၁၉၇)၌ ယွမ်ရှူးက မိမိဖာသာ ဧကရာဇ်အဖြစ်ကြေငြာပြီး ကိုယ်တိုင်မင်းဆက်ထောင်ခဲ့၏ ။[၂၇] ဤမင်းဆက်ထောင်ခြင်းကိစ္စသည် ၎င်း၏မဟာအမှားကြီးတစ်ရပ်ဖြစ်ခဲ့ရပြီး သူ့ကို စွန့်ခွာလုနီးဖြစ်ခဲ့ကြသော လက်အောက်ကအမှုထမ်းများအပါအဝင် မြောက်များစွာသော စစ်ခေါင်းဆောင်များ၏ အမျက်ဒေါသကို ဖိတ်ခေါ်သလိုဖြစ်ခဲ့သည်။[၂၆] ၎င်း၏ နောက်လိုက်များ၊မဟာမိတ်အဖွဲ့များက သူ့ကို နောက်ဆုံးစွန့်ခွာထားရစ်ခဲ့ကြပြီး (၁၉၉)တွင် သေဆုံးသည်။[၃၂]

ဧကရာဇ် ရှန်း၏ ကံကြမ္မာပြင်ဆင်

ဩဂုတ်လ (၁၉၅)၌ ဧကရာဇ် ရှန်းသည် ချန်အန်းက အာဏာရှင် လီကျူး (Li Jue)လက်အောက်မှ ထွက်ပြေးခဲ့ပြီး ခက်ခဲကြမ်းတမ်းသော အရှေ့တလွှားတစ်နှစ်ကြာအောင် ခရီးနှင်ရရင်း ထောက်ခံသူရှာဖွေခဲ့ရပေသည်။ (၁၉၆)တွင် ချန်အန်းစစ်သူကြီးများထံမှ အောင်မြင်စွာ ထွက်ပြေးနိုင်ခဲ့ပြီး ချောင်းချောင်၏ စောင့်ရှောက်မှုအောက်ရောက်ရှိ၍ ထိန်းချုပ်ခံခဲ့ရသည်။[၃၂] နန်းတော်ကို ဟီနန်ပြည် ဇူချန်းတွင် (Xuchang)တည်ထောင်၍ စင်စစ်အာဏာလက်ဝယ်ရှိသူမှာ ချောင်းချောင်ပင်ဖြစ်သည်။ နန်းတွင်းဓလေ့ထုံးများကို လိုက်နာကာ ဟန့်အင်ပါယာ၏ သစ္စာရှိအမတ်ကောင်းတစ်ဦးအဖြစ် ပြသခဲ့သည်။[၃၂] ထိုခေတ်အချိန်က သေးငယ်သော အစုကို အားကြီးသောအစုကဝါးမျိုဖျက်ဆီးသော အခါလည်းဖြစ်သဖြင့် ချောင်းချောင်သည် ၎င်း၏ အတိုင်ပင်ခံအမတ်ကြီး ရွှင်ယိ (Xun Yu)၏ အကြံပေးချက်များအတိုင်း အင်ပါယာဘုရင်ကို ထောက်ပံ့၏ ။ ထိုအချက်သည် ချောင်းချောင်အား ဟန်အင်ပါယာပြန်လည်ထိန်းသိမ်းရန်အလို့ငှာ တစ်ခြားသော စစ်ခေါင်းဆောင်များအပေါ် တရားဝင်အခွင့်အာဏာရှိမည်ပြီး အတင်းအကျပ်လိုက်နာစေနိုင်သည်ဟု ရွှင်ယိကအကြံပေးခဲ့သည်။

မြောက်ပိုင်းလွင်ပြင်ပြင်ဆင်

ချောင်းဝေပြည်ထောင်၏ ရှေ့ပြေးနမိတ် နယ်မြေပိုင်နက်အုပ်ချုပ်မှုရရှိနေသော ချောင်းချောင်မှာ (၁၈၉)တွင် စစ်တပ်ထောင်ခဲ့ကာ သေနကဗျူဟာကျကျ ခြေလှမ်းများနှင့် တိုက်ပွဲများမှတဆင့် ယန်ကျိုးကိုရခဲ့ကာ ခေါင်းပေါင်းဝါတော်လှန်ရေးတပ်များကိုလည်း အနိုင်ပိုင်းနိုင်ခဲ့ခြင်းကြောင့် ကျန်းမြောင်(Zhang Miao)၊ချန်ကုန်း(Chen Gong)တို့၏ တပ်အကူအညီများရရှိပြီး ၎င်း၏ပထမဆုံးအနေဖြင့် ကြီးမားသောတပ်အင်အားကို တည်ဆောက်နိုင်ခဲ့၏ ။ ၎င်း၏ဆက်လက်ကြိုးပမ်းမှုများကြောင့် ခေါင်းပေါင်ဝါတပ်အင်အား သုံးသိန်းနီးပါးကို ၎င်းတပ်အင်အားတွင်ဖြည့်တင်းနိုင်ယုံသာမက ချင်ကျိုးအရှေ့ဘက်နယ်ရှိ မျိုးနွယ်စုတပ်အတော်များများလည်းရရှိခဲ့သည်။

(၁၉၂)မှစ၍ စစ်တပ်ရိက္ခာကိုဖြည့်တင်းရန် တပ်အခြေပြုစိုက်ပျိုးရေးနယ်မြေများကို ဖွံ့ဖြိုးစေခဲ့၏ ။ ဤစနစ်သည် အငှားစိုက်ပျိုးသူ သာမာန်ပြည်သူများအပေါ် အခွန်အတုပ်များသော်လည်း ထိုလယ်သမားများမှာ ဤကဲ့သို့ ခေတ်မကောင်းသောအခါမျိုးတွင် နယ်မြေတည်ငြိမ်မှု၊ စစ်အင်အားကောင်းကောင်းဖြင့် စောင့်ရှောက်မှုပေးနိုင်၍ အလုပ်လုပ်ရသည်မှာ ကျေနပ်သည်ထက်ပင်ပိုခဲ့လေသည်။ ဤအချက်ကား နောင်တွင် အောင်မြင်မှုကိုပေးစွမ်းသော ချောင်းချောင်၏ ဒုတိယ မူဝါဒပင်ဖြစ်သည်ဟု ပြောစမှတ်ပြုကြ၏ ။

(၂၀၀)တွင် ချောင်းချောင်အားလုပ်ကြံရန် ဧကရာဇ်ရှန်း၏တိတ်တဆိတ်အမိန့်တော်ကို ဒုံးချံ(Dong Cheng)ရရှိ၍ လျှိုပေ့နှင့်ပေါင်းကြံခဲ့ရာ မကြာမီ ချောင်းချောင်သိသွားပြီး ဒုံးချံနှင့် ပူးပေါင်းသူအချို့သေခဲ့၏ ။ လျှိုပေ့မှာ ထွက်ပြေးခဲ့ပြီး မြောက်ပိုင်းက ယွမ်ရှောင်ထံ ခိုဝင်ခဲ့ရသည်။ နန်းတွင်းအရှုပ်တော်ပုံ၊ ယခင်က ခေါင်းပေါင်းဝါသူပုန်များဦးဆောင် တော်လှန်မှုအပါအဝင် အနီးနားခရိုင်နယ်မြေများအခြေကျစေရန်ပြုလုပ်ပြီးနောက် ချောင်းချောင်၏ ပစ်မှတ်ကား ယွမ်ရှောင်းဆီသို့ရောက်လာ၏ ။ ယွမ်ရှောင်းမှာလည်း သူ့၏ မြောက်ပိုင်းပြိုင်ဖက် ကုန်းစွန်းဇန်ကို ထိုနှစ်တွင်ပင် ရှင်းလင်းနိုင်ခဲ့သည်။ ယွမ်ရှောင်းသည် မျိုးရိုးအရသော်လည်းကောင်း စစ်တပ်အင်အားသော်လည်းကောင်း ချောင်းချောင်ထက် အဆများစွာသာလွန်ကာ မြစ်ဝါမြစ်မြောက်ဖက်ကမ်းတွင် စခန်းချနေခဲ့သည်။

(၂၀၀)ခု နွေတွင် လပေါင်းများစွာပြင်ဆင်ပြီးနောက် ချောင်းချောင်နှင့် ယွမ်ရှောင်းစစ်တပ်ကြီးနှစ်ခုသည် ဂွမ်ဒူးတိုက်ပွဲ၌ရင်ဆိုင်တွေ့ဆုံခဲ့ကြသည်။[၃၂] ချောင်းချောင်တပ်မှာ ယွမ်ရှောင်းတပ်ထက် အဆများစွာသေးငယ်သည်။[၃၂] ယွမ်ရှောင်း၏ ရိက္ခာများကို အလစ်တိုက်ခိုက်ခံရမှုများကြောင့် ယွမ်ရှောင်းတပ်မှာ မြောက်ဖက်သို့ထွက်ပြေးဆုတ်စဉ် ဖရိုဖရဲပြိုလဲခဲ့ရသည်။[၃၂]

ယွမ်ရှောင်းသေဆုံးပြီးနောက် ၎င်းသားများကြား သွေးကွဲခဲ့၍ ထိုအချက်ကို အခွင့်ကောင်းယူကာ ချောင်းချောင်မြောက်ပိုင်းသို့ချီတက်သည်။[၃၂] (၂၀၄)၌ ယဲ့တိုက်ပွဲအပြီး ယဲ့မြို့ကိုရသည်။[၃၂] (၂၀၇)အကုန်တွင် နယ်စပ်အလွန် ဝူဟွမ်လူမျိုးများအပေါ် အနိုင်ရရှိခဲ့ပြီး ဝံပုလွေဖြူတောင်တိုက်ပွဲတွင် စစ်အဆုံးသတ်ခဲ့၏ ချောင်းချောင်သည် တရုတ်ပြည်မြောက်ပိုင်းအကုန်ကို ပိုင်စိုးနိုင်ခဲ့လေပြီ။[၃၃] ယခုဆိုလျှင် ယွမ်ရှောင်း၏နယ်မြေများအပါအဝင် တရုတ်ပြည်ကြီး၏ အဓိကနယ်မြေကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ရာ တစ်နိုင်ငံလုံး၏ လူဦးရေတစ်ဝက်မှာ ချောင်းချောင်၏ နယ်မြေတွင်တည်ရှိသည်။[၂၈]

ယန်ဇီမြစ်တောင်ပိုင်းပြင်ဆင်

(၁၉၃)တွင် ဟွမ်ကျူးသည် လျှိုပြောင်း၏ တပ်ကိုဦးဆောင်၍ စွန်းကျန့် (ယွမ်ရှူး၏ လက်အောက်က စစ်သူကြီး) ကိုတိုက်ပွဲတွင် သတ်နိုင်ခဲ့သည်။[၃၄] ယွမ်ရှူးအောက်၌ အသက်(၁၈)နှစ်သာရှိသေးသော သားဖြစ်သူ စွန်းစ (Sun Ce) ဝင်၍အမှုထမ်းသည်။[၃၁] သူ့ဖခင်ကိုင်တွယ်ခဲ့သော တပ်တစ်ချို့ကို ကွပ်ကဲစေသည်။[၃၁] တောင်ပိုင်းတွင် Liu Yao, Wang Lang, နှင့် Yan Baihu တို့အပါအဝင် ယန်ကျိုးခရိုင်၏ တပ်ခေါင်းဆောင်တစ်ချို့ကို နိုင်ခဲ့ကာ (၁၉၈)၌ စွန်းစ(၂၃နှစ်) သည် ကိုယ့်ကိုယ်ကို ဧကရာဇ်ကြေငြာလိုက်သော ယွမ်ရှူးထံမှ ခွဲထွက်လာပြီး[၃၁] ဒန်ယန်း၊ဝူ၊ခွေ့ကျီးစသော (Danyang, Wu, and Kuaiji) အုပ်ချုပ် ခံနယ်မြေများအပေါ် ချုပ်ကိုင်နိုင်ခဲ့၏ ။ တစ်ဖက်တွင် အနောက်ဘက်သို့ တိုက်ပွဲများစွာဆင်နွှဲပြီး နယ်မြေတို့ချဲ့နိင်ခဲ့၏ ။[၃၁] (၂၀၀)ခန့်တွင် ယွီကျန်း(Yuzhang) နယ်နှင့် လွိကျင့်(Lujiang) ကိုအောင်နိုင်ပြီး[၃၁]နောက်တွင် ယခင်ဝူဒေသက ရှုံးနိမ့်ခဲ့ရသော ပြိင်ဘက်၏ အစေခံများကတိတ်တဆိတ် လုပ်ကြံခဲ့သည်။ [၃၅]

ညီဖြစ်သူ စွန်းချွမ် (Sun Quan) (၁၈နှစ်) မှဆက်ခံကာ ၎င်း၏အာဏာကို လျှင်မြန်စွာ တည်ဆောက်သည်။[၃၅] (၂၀၃)တွင် အနောက်ဘက်သို့ ဆက်လက်နယ်ချဲ့သည်။[၃၅] ဟွမ်ကျူးကို နိုင်ခဲ့၏ ။ ယခုဆို စွန်းချွမ်သည် ယန်ဆီမြစ်တောင်ပိုင်းပိုင်နက်နယ်မြေများကို ပိုင်ဆိုင်ထားပြီး[၃၅] ယန်ဆီမြစ်ကျောတွင် ရေတပ်လည်း အထိုက်အလျောက်ကောင်းစွာတည်ဆောက်နိုင်ခဲ့၏ ။[၃၅] မည်သို့ပင်ဖြစ်စေ များမကြာမီ ချောင်းချောင်၏ မဟာတပ်အင်အားကြီး၏ခြိမ်းခြောက်မှုခံခဲ့ရပေသည်။ [၃၅]

ကျင့်ကျိုး (ကျင့်ခရိုင်)ပြင်ဆင်

ဟန့်အစိုးရကို ဒုံးဂျိုကိုင်တွယ်စဉ် လျှိုပြောင်းကို ကျင့်ကျိုးနယ်စားခန့်၍[၃၅] ထိုဒေသမြို့တော် ရှန်းယန် (Xiangyang)၏ ဝန်းကျင်ဒေသ၊ဟန်မြစ် နှင့် ယန်ဆီမြစ်တောင်ပိုင်းထိ ပိုင်နက်နယ်မြေရှိသည်။[၃၅] ၎င်းအရှေ့ခြမ်းတွင် စွန်းချွမ်၏ နယ်မြေရှိသည်။[၃၅]

အေဒီ(၂၀၀) ချောင်းချောင် ယွမ်ရှောင်းတို့ ဂွမ်ဒူးတိုက်ပွဲဖြစ်ပွားနေစဉ် လျှိုပေ့တပ်အင်အားမှာ ချောင်းချောင်ဖြိုလဲခဲ့ပြီးသောကြောင့် လျှိုပေ့မှာ လျှိုပြောင်းဆီထွက်ပြေးခိုလှုံခဲ့ရ၏ ။[၃၆] ဤသို့ပြေးလွှားခိုလှုံရစဉ် ၎င်းလက်အောက်ငယ်သားများကို သူနှင့်အတူ ခေါ်ဆောင်လာနိုင်ပြီး လျှိုပြောင်း၏ ငယ်သားများနှင့်ပါမိတ်ဆွေဖွဲ့နိင်ခဲ့၏ ။[၃၆] ထိုစဉ်အတောအတွင်း၌ပင် ကျူးကော့လျှံကို(Zhuge Liang)တွေ့ခွင့်ကြုံခဲ့ရသည်။[၃၆]

(၂၀၈)ဆောင်းဦးဝယ် လျှိုပြောင်းဆုံပါး၍ ၎င်းနေရာကို နိုင်ငံရေးအရှုပ်အထွေးများကြောင့် သာကြီး လျှို့ချီ(Luo Qi)ဆက်ခံရမည့်အစား လျှိုချုံ(Luo Cong)နေရာရသည်။[၃၅] ချောင်းချောင်တောင်ပိုင်းသို့ဆင်းတိုက်ရာ ကျင့်ကျိုးအညံ့ခံဖို့ လျှိုပေ့မှာအဓိက အတိုက်အခံဖြစ်လာသော်လည်း[၃၆] လျှိုချုံမှာ ၎င်းလူများအကြံပေးချက်အတိုင်း ချောင်းချောင်ကို အညံ့ခံလေသည်။[၃၅] ချောင်းချောင်သည် ထိုခရိုင်အား ထိန်းချုပ်၍ လျှိုပြောင်း၏ ရုံးတော်မှ ပညာရှင်၊အရာရှိများဖြင့် ထိုဒေသအစိုးရဖွဲ့စည်းစေသည်။[၃၅] ထိုတောအတွင်း လျှို့ချီမှာ လျှိုပေ့နှင့် ပူးပေါင်း၍ ချောင်းချောင်ကို တွန်းလှန်ခုခံရန် ယန်ဆီမြစ်တွင် ကာကွယ်ရေးအစီအမံများတည်ဆောက်သည်။ သို့သော်ချောင်းချောင်လက်တွင်းတွင် ရှုံးပြန်သည်။[၃၇] ပြီးနောက် တပ်ဆုတ်ကာ စွန်းချွမ်၏ အကူအညီရရှိရန်ကြိုးစား၍ ကွမ်းရီ(Guan Yu) (လျှိုပေ့၏ တပ်မှူးကြီး) သည်ဟန်မြစ်မှ ကျင့်ခရိုင်ရေတပ်အများစုကို ပြန်လည်သိမ်းယူနိုင်ခဲ့၏ ။[၃၅] ချောင်းချောင်ရေတပ်မှာ ယန်ဆီမြစ် ကျင့်လင်း( Jiangling) တွင် အခြေစိုက်၏ ။[၃၅] ချောင်းချောင်မှာ ယခုဆိုလျှင် စွန်းချွမ်ဆီတို့ တပ်အင်အားများနှင့် ထိုးစစ်ဆင်ပေတော့မည်။ အညံ့ခံရန် စွန်းချွမ်ဆီသို့ သံတမံစေလွှတ်ခဲ့သည်။[၃၈]

ကမ်းပါးနီတိုက်ပွဲပြင်ဆင်

ချောင်းချောင်သည် (၂၀၈) ၌တစ်နိုင်ငံလုံးကိုစုစည်းရန်မျှော်မှန်းချက်ဖြင့် စစ်တပ်ကြီးနှင့်အတူ တောင်ပိုင်းသို့ စုန်ဆင်းလာခဲ့သည်။ လျှိုပြောင်း၏ သားလျှို့ချုံကား ကျင့်ကျိုးကို အညံခံခဲ့ပြီး ချောင်းချောင်သည်ကား ကြီးမားသောရေတပ်ကြီးကို ကျန်းလင်တွင် အခြေချထား၏ ။ စွန်းစကို ဆက်ခံသူ စွန်းချွမ်မှာဆက်လက်ခုခံခဲ့သည်။ အကြံပေး လူစူးက လျှိုပေ့နှင့် ခိုင်မာသောမဟာမိတ်ဖွဲ့သည်။ လျှိုပေ့ကိုယ်တိုင်မှာ မြောက်ပိုင်းဘက်မှမကြာသေးမီကမှ ခိုလှုံလာသူဖြစ်သည်။ ကျိုးယွီ(Zhou Yu)ကို စွန်းချွမ်၏ ရေတပ်ကို အုပ်ချုပ်စေ၍ စွန်းမိသားစုကို သစ္စာရှိစွာထမ်းဆောင်ခဲ့သော ဝါရင့်စစ်သူကြီး ချမ်းဖူ(Cheng Pu)ကိုလည်း အတူထမ်းဆောင်ကူညီစေသည်။ စွန်းချွမ် လျှိုပေ့တို့၏ ရေတပ်အင်အား ငါးသောင်းခန့်နှင့်ချောင်းချောင်ရေတပ် နှစ်သိန်းတို့ ထိုနှစ်ဆောင်းရာသီ၌ ကျောက်ဆောင်နီတွင် တွေ့ဆုံရင်ဆိုင်ခဲ့ကြသည်။ ကမ်းပါးနီတိုက်ပွဲ ( Battle of Red Cliffs) ဟုလူသိများ၏ ။ အစောပိုင်းအပြန်အလှည်တိုက်ခိုက်မှု အပြီး၌ ချောင်းချောင်၏ ရေတပ်ကို မီးမြှိုက်သည့်စီစဉ်မှုဖြင့်တိုက်ခိုက်ကြခြင်းသည် ချောင်းချောင်ကို သေချာပေါက်အရှုံးကြီးရှုံးစေခဲ့ယုံသာမက မြောက်ဘက်သို့ပါကစဉ့်ကလျှားတပ်ဆုတ်ထွက်ပြေးသွားနိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပေသည်။ ကမ်းပါးနီမဟာမိတ်အောင်ပွဲသည် လျှိုပေ့ရော စွန်းချွမ်ကိုပါ ဆက်လက်အသက်ရှင်ရပ်တည်နိုင်ခဲ့စေကာ ရှူပြည်ထောင်၊ဝူပြည်ထောင်၏ အခြေခံအုတ်မြစ်လည်းဖြစ်ပါသည်။

ဟန်မင်းဆက်၏ နောက်ဆုံးနှစ်များပြင်ဆင်

(၂၀၉)တွင် ကျိုးယွီသည် ကျန်းလင်ကို သိမ်းယူနိုင်၍ ယန်ဆီမြစ်ပေါ် တောင်ဘက်ပိုင်း၏ ထိန်းချုပ်မှုလုံးဝဥသုံရရှိခဲ့သည်။[၃၈] ဤအတောအတွင်း လျှိုပေ့နှင့် ပင်တိုင်အကြံပေး ကျူးကော့လျှံတို့ ရှန်းမြစ်ဝှမ်းက ဒေသများကိုသိမ်းယူနိုင်ပြီး ကျင့်ကျိုး၏ တောင်ဘက် ပိုင်နက်နယ်မြေများအပေါ်လည်း အပြည့်ဝထိန်းချုပ်နိုင်ခဲ့၏ ။[၃၉] (၂၁၀)တွင်ကျိုးယွီသေဆုံးပြီးနောက် စွန်းချွမ်မှာ ကျန်းလင်တဝိုက်နယ်ပယ်များအပေါ်ကောင်းစွာအခွင့်အာဏာမတည်ဆောက်နိုင်တော့ပေ။ သို့အတွက်ကြောင့် ၎င်း၏ထိုနယ်မြေများမှာ လျှိုပေ့လက်တွင်းသို့ ထိုးဆင်းခဲ့ရလေသည်။ [၃၉]

နှစ်(၂၁၁) ချောင်းချောင် ဝေတောင်ကြားမှ မဟာမိတ်တပ်ပေါင်းတစ်ခုကိုအနိုင်ယူနိုင်ရာ ဟွေးရင်းတိုက်ပွဲပြီးဆုံးခဲ့သည်။[၃၉] (၂၁၁)တွင်ပင် လျှိုကျန်း (Liu Zhang) မှ လျှိုပေ့ကို ယီကျိုး (Yi Province) သို့လာရောက်၍ ဟန်ကျုံးမှ(Hanzhong) ကျန်းလူ၏ မြောက်ဘက်က ခြိမ်းချောက်သည့်အန္တရာယ်ကိုကူညီကာကွယ်ပေးရန်ဖိတ်ကြားခဲ့သည်။[၄၀] လျှိုပေ့သည် ကျန်းလူရုံးတော်မှ လူအတော်များများနှင့်တွေ့ဆုံခဲ့သည်။ ထိုသူများမှာ ယီနယ်စားလျှိုကျန်းကို အစားထိုးချင်ကြသူများလည်းဖြစ်သည်။[၄၀] လျှိုပေ့ရောက်ပြီး တစ်နှစ်အကြာ လျှိုကျန်းနှင့်သဘောမတိုက်ဆိုင်ကာ သူနှင့်ဆန့်ကျင်လာခဲ့၏ ။[၄၀] (၂၁၄)တွင်တော့ လျှိုကျန်းအရှုံးပေးသဖြင့် ယီနယ်မှာ လျှိုပေ့အပိုင်ဖြစ်ခဲ့တော့သည်။ ၎င်း၏အစိုးရကို ချန်ဒူး(Chengdu)၌ အခြေစိုက်ခဲ့သည်။[၄၀] (၂၁၅)၌ ဟန်ကျုံးကိုတိုက်ခိုက်ရာ ကျန်းလူအရှုံးပေးသောကြောင့် ချောင်းချောင် ဟန်ကျုံးကိုပိုင်သည်။[၄၁] ချန်အန်းမြို့မှ ချင်းလင်တောင်ကြားဖြတ်လမ်းကို ဖြတ်သန်းကာ ဟန်ကျုံးကို ဝင်တိုက်ခဲ့ရာတွင်[၄၁] တောင်ဘက်ကပ်နေသော လျှိုပေ့နယ်မြေများအတွက်ခြိမ်းချောက်ဖွယ်ဖြစ်ခဲ့သည်။[၄၁] ချောင်းချောင်သည် ရုပ်သေးရုပ်ဖြစ်နေရှာသော ဧကရာဇ်ဘုရင် ရှန်း အောက်တွင် ဘွဲ့တံဆိပ်များ၊ အာဏာစက်များထုနဲ့ထေးရရှိလာခဲ့ပြီး (၂၀၈) တွင်အမတ်ချုပ်ကြီး (သို့) နန်းရင်းဝန်(Chancellor ) ဖြစ်လာခဲ့သည်။ (၂၁၄) ၌ ဝေနယ်စားမင်းကြီး (Duke of Wei) (Duke - တိုင်းပြည်တွင်အမြင့်ဆုံးအဆင့်တစ်ဆင့်)ဘွဲ့ခံပြီး (၂၁၇)၌ တစ်ဆင့်တိုးကာ ဝေပြည်ထောင်ဘုရင်ဘွဲ့ခံသည် (King of Wei)[၄၂] ( Emperor ရှိနေသမျှ ချောင်းချောင်မှာ ဧကရာဇ်အဖြစ်ခံယူလျှင် သူ့အတွက်ထိခိုက်ဖွယ်ဖြစ်နိုင်သဖြင့် Emperor ဟုသုံးနှုံးခြင်းမပြု King ဟူသော စကားလုံးသာသုံးဆွဲခဲ့သည်။) ဤသို့ဘုရင်ဘွဲ့ခံသည်ကို လက်ခံအသိအမှတ်ပြုရန် စွန်းချွမ်ကိုတိုက်တွန်းသည်။ လက်တွေ့၌ကား မည်သည့်အကျိုးသက်ရောက်မှုမျှမရခဲ့ချေ။[၄၂]

ကျန်းလူထံမှ လျှိုပေ့က (၂၁၄)တွင် ယီကျိုးကိုရပြီးသည့်အချိန်၌ ဟွေ့မြစ်နှင့် ယန်ဆီမြစ်ကြားရှိနယ်မြေ၏ အရှေ့တောင်ဘက်တွင် စွန်းချွမ်သည် ချောင်းချောင်းနှင့်ပူးပေါင်းပြီးသားဖြစ်လေသည်။ စွန်းချွမ်၏အာရုံမှာ ယန်ဆီမြစ်အလယ်ပိုင်းပင်။[၃၉] စွန်းချွမ်နှင့် ချောင်းချောင်မှာ တစ်ယောက်နှင့်တစ်ယောက်၏ အနေအထားကိုဖြိုကျဖျက်ကြရာတွင်လည်း အကျိုးမထူးပါ။[၃၉] ချောင်းချောင်လက်အောက်က အုပ်ချုပ်ရေးအရာရှိလျှိုဖူသည် Hefei and Shouchun ၌ စိုက်ပျိုးရေးနှင့်ပတ်သတ်၍ ဟွေ့မြစ်အနီးတွင် ချောင်းချောင်နယ်မြေကာကွယ်ရေးအတွက် စစ်ခံတပ်ချထား၏။[၃၉] စွန်းချွမ်မှာ ၎င်း၏ယခင်က အင်အားသိပ်မရှိလှသော မဟာမိတ်ဖြစ်သည့် လျှိုပေ့ကား အနောက်ဘက်ဒေသတလျှောက်တွင် ပိုင်နက်နယ်မြေအများအပြားရရှိသွားခြင်းကို နာကျည်းနေခဲ့ကာ ရှန်းမြစ်ဝှမ်းဒေသအများစုကို သူ့အားပေးရန်တောင်းဆိုခဲ့၏။[၃၉] (၂၁၅)ခုတွင် ၎င်း၏အရာရှိ လွီမောင်း( Lü Meng)ကို လွှတ်၍ ကျင့်ကျိုး၏ တောင်ဘက်ဒေသများကို သိမ်းယူရန်လွှတ်ခဲ့ရာ ကွမ်းရီကတန်ပြန်တိုက်ခိုက်ခဲ့သည်။[၃၉] ထိုနှစ်အကုန်လောက်တွင် လျှိုပေ့နှင့် စွန်းချွမ်တို့သည် ရှန်းမြစ်အား ၎င်းတို့ပိုင်နက်နယ်မြေ၏နယ်နိမိတ်အဖြစ်သတ်မှတ်ရန် သဘောတူညီမှုရရှိခဲ့ပါသည်။[၃၉]

တောင်ဘက်အရပ်သို့ စွန်းချွမ်သည် ဟီချင်၊လူရွှန်း (He Qin, Lu Xun)နှင့် အခြားသူများကိုလွှတ်ကာ ၎င်းနယ်နိမိတ်ချဲ့ထွင်သည်။ ယခုခေတ်အနေဖြင့်ဆိုလျှင် ကျို့ကျန်းနှင့် ဖူးကျန့်ခရိုင် (Zhejiang and Fujian) တို့ဖြစ်ကြသည်။ [၃၉]

(၂၁၉)တွင် လျှိုပေ့သည် ချောင်းချောင်ကိုခစားသော စစ်သူကြီး ရှားဟူယွမ်ကို သုတ်သင်နိုင်ရာ ဟန်ကျုံးကို ရသည်။[၄၂] ထိုနေရာသို့ ချောင်းချောင်အနေဖြင့်တပ်ကူများစေလွှတ်သော်လည်း အောင်မြင်မှုမရရှိခဲ့ပါ။[၄၂] လျှိုပေ့သည် မြောက်အရပ်ဆီက ချောင်းချောင်ကိုကောင်းစွာ ဆန့်ကျင်နိုင်ခဲ့ပြီး သူ့ပိုင်နက်နယ်ပယ်ကို ခိုင်မာစေခဲ့ပြီးဖြစ်ရာ သူကိုယ်တိုင်လည်း ဟန့်ကျုံးဘုရင်(King of Hanzhong) ဘွဲ့ခံသည်။[၄၂] ( ဧကရာဇ်မဟုတ်သည်ကို သတိပြုပါ)။ အရှေ့ခြမ်းတွင် စွန်းချွမ်မှာ ဟိုင်ဖေး(Hefei) ကို ချောင်းချောင်လက်မှ ရှိရန်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။[၄၂]

ကျင့်ဒေသအတွက် လူစူးကို ကာကွယ်ရေးဦးစီးချုပ်ခန့်အပ်ခဲ့စဉ် ဝူ၏မူဝါဒမှာ ချောင်းချောင်းအန္တရာယ်အတွက် လျှိုပေ့နှင့် အစဉ်သဖြင့်ပူးပေါင်းရန်ဖြစ်သည်။[၄၃] သို့သော် လူစူး(၂၁၇) ၌သေဆုံးပြီး လွီမောင်းလက်ထက်တွင် ထိုမူပြောင်းခဲ့၏ ။[၄၃] (၂၁၉)ကွမ်းရီ သည် ကျင့်လင်းမှနေ၍ ဖန်မြို့သို့ ဟန်မြစ်အတိုင်းဆန်တက်ကာ တိုက်ခဲ့သော်လည်း မရရှိပေ။[၄၄] ထိုဆောင်းဦးဝယ် လူမောင်းက ကျင့်လင်းသို့ ယန်ဆီမြစ်ကိုဆန်တက်၍ ရုတ်တရက်တိုက်ခဲ့သည်။ ရလည်းရခဲ့၏ ။[၄၃]ကွမ်းရီမှာ သူ့လူများအညံ့ခံကုန်ပြီဖြစ်ရာ ၎င်းအခြေနေကိုဆက်လက်မထိန်းနိုင်ခဲ့သောကြောင့် အဖမ်းခံခဲ့ရပြီး စွန်းချွမ်အမိန့်ဖြင့် သေဒဏ်စီရင်ခြင်းခံခဲ့ရလေတော့သည်။ ယန်ဆီတောင်ကြားဒေသအရှေ့ပိုင်းကို စွန်းချွမ်သိမ်းယူနိုင်ကာ ချောင်းချောင်မှာ ဟန်တောင်ကြားကိုပြန်လည်ရရှိသည်။ [၄၃]

ပြည်ထောင် သုံးခုပေါ်ထွက်လာခြင်းပြင်ဆင်

သက္ကရာဇ်(၂၂၀)တွင် ချောင်းချောင်ကွယ်လွန်၍ သားဖြစ်သူ ချောင်းပီ ( Cao Pi) ဆက်ခံသည်။[၄၃] ဒီဇင်ဘာ ၁၁ တွင် ဟန်ဧကရာဇ်ဘုရင် ရှန်းအား နန်းဆင်းခိုင်းကာ ကောင်းကင်ဘုံအလိုကျအခွင့်အာဏာ ပိုင်ဆိုင်သည်ဟုကြေငြာမောင်းခတ်ရင်း ဝေပြည်ထောင်၏ ဧကရာဇ်ဘုရင်အဖြစ် နန်းတက်သည်။[၄၃] (တရုတ်ပြည်တွင် ဘုရင် သို့ ဧကရာဇ်များသည် တိုင်းပြည်ကိုအုပ်ချုပ်ရန် အခွင့်အာဏာကို ကောင်းကင်ဘုံ၏ ပေးသနားသော ဆုလဒ်အနေဖြင့် ရှေးရိုးစဉ်ဆက်လက်ခံကြသော နိုင်ငံရေး၊ ဘာသာရေးအယူအဆတစ်ခုဖြစ်ပြီး ဘုရင်ကို ကောင်းကင်ဘုံ၏ သားတော်ဟု (Son of Heaven)တင်စားကြသည်။) လျှိုပေ့သည်လည်း ၁၅ရက် မေလ ၂၂၁ခုတွင် ဟန်(ရှူဟန်) ဧကရာဇ်အဖြစ် နန်းတက်ခဲ့၏။[၄၃][၄၃] စွန်းချွမ်မှာ သူ၏ တရားဝင်ပိုင်နက်နယ်မြေများကို ဝေပြည်ထောင်၏ နယ်ပယ်အဖြစ်အသိအမှတ်ပြုသဖြင့် အပြန်အလှန်အားဖြင့် သူ့အား ဝူဘုရင်( King of Wu)ခံစေသည်။[၄၃] (မှတ်ချက်။ ။ ထိုခေတ်၏ နိုင်ငံရေးအခြေနေများမှာ ရှုပ်ထွေးလှသဖြင့် သုံးဖက်စလုံး တစ်ဖက်နှင့်တစ်ဖက် ချိန်ခွင်လျှာညှိကြသည်။ ပိုင်နက်နယ်မြေကို ဝေပြည်ထောင်၏နယ်ပယ်အဖြစ်အသိအမှတ်ပြုသည် ဆိုရာ၌ နိုင်ငံရေးပရိယာယ် ကစားခြင်းဖြစ်သည် သို့ ဖြစ်နိုင်သည်)။

အေဒီ (၂၂၁)အကုန်တွင် ရှူ မှာကျင့်ကျိုးကို ဝူကလုယူမှု၊ကွမ်းရီသေဆုံးရမှုကိုတုံ့ပြန်သောအားဖြင့် ဝူကို ကျူးကျော်တိုက်ခိုက်သည်။[၄၃] (၂၂၂)နွေဦးတွင် လျှိုပေ့ကိုယ်တိုင်ဦးဆောင်၍ တိုက်ခိုက်ခဲ့သည်။[၄၃] ရှူ၏ကျူးကျော်ရန်ကို ခုခံရန် လူရွှန်းကို တာဝန်ယူစေသည်။[၄၃] လူရွှန်းသည် ၎င်းလက်အောက်က အရာရှိများအကြံပေးချက်ကို ဆန့်ကျင်၍ လျှိုပေ့ ယန်ဆီတောင်ကြားအောက်ဘက် ယန်ဆီတလျှောက် ရောက်လာသည်အထိစောင့်ဆိုင်းနေပေသည်။[၄၃] နောက်ဆုံး အေဒီ (၂၂၂)၌ လျှိုပေ့၏ ဖြန့်ကျက်ကင်းစခန်းချထားသောတပ်၏ ဘေးတောင်ပံကို မီးဖြင့်ထိုးစစ်ဆင်မှုများပြုခဲ့ရာ ရှူစစ်တပ်မှာ ကစဉ့်ကလျှားဖြစ်ပြီး လျှိုပေ့တပ်ဆုတ်ခဲ့ရ၏ ။တပ်ဆုတ်သောနေရာကား ဘိုင်းဒိချန်(Baidi) ခေါ် ခံတပ်တစ်ခုဖြစ်၍ ယနေ့ခေတ်တွင် ဖုန့်ကျယ်(Fengjie)ဟုခေါ်တွင်သောနေရာဖြစ်၏ ။[၄၅] ထို့နောက် (၂၂၂)တွင် စွန်းချွမ်သည် ၎င်း၏နယ်မြေများ ဝေနှင့်သက်ဆိုင်သည်ဟု ယခင်ကအသိမှတ်ပြုမှုကို စွန့်ပယ်၍ လွတ်လပ်သောဝူပြည်ထောင်ဖြစ်သည်ကို ကြေငြာသည်။[၄၆] (၂၂၃)ခုတွင် လျှိုပေ့ ဘိုင်းဒိခံတပ်မြို့တွင် ကံကုန်သည်။[၄၇] ကျူးကော့လျှံသည် လျှိုပေ့သားဖြစ်သူ( အသက် ၁၇)အတွက် အုပ်ထိန်းသူအဖြစ်လည်းကောင်း ရှူအစိုးရကို စီမံသူအဖြစ်လည်းကောင်းဆောင်ရွက်ခဲ့သည်။[၄၈] ယခင်ကကဲ့သို့ ရှူ ဝူ ဆက်ဆံရေးကိုပြန်လည်ထိန်းသိမ်းနိုင်ခဲ့ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးခရီးဆက်ခဲ့သည်ကား (၂၂၃)ဆောင်းရာသီပင်ဖြစ်၏။[၄၉] (၂၂၉) ဂျွန် ၂၃ ၌ စွန်းချွမ် ဝူပြည်ထောင်ဧကရာဇ်ဘွဲ့ခံသည်။[၅၀]

ရှူသည် ဟန်မြစ်အထက်ပိုင်းနှင့် ယန်ဆီတောင်ကြားဒေသအနောက်ဖက် ကိုထိန်းချုပ်နိုင်ပြီး ချင်းလင်တောင်တန်းသည် ရှူ နှင့် ဝေကို နယ်နိမိတ်ပိုင်းခြားထား၏။[၅၁] ဝေသည် ဝေတောင်ကြားဒေသနှင့် ဟွေ့မြစ်တောင်ကြားဒေသကိုစိုးမိုးထားကာ ထိုနေရာများ၌ရှိသော Shouchun နှင့် Hefeiတွင် စိုက်ပျိုးရေးတပ်ချကာ ဟွေ့နယ်မြေကို ကာကွယ်ထားသည်။[၅၁] Shouchun နှင့် Hefeiကို ဝူမှ ဝင်၍ ခဏခဏတိုက်ခိုက်မှုများသည် သဲထဲရေသွန်ဖြစ်ဖြစ်ရရှာသည်။ ထို့ကြောင့်ပင် ဝေ၏ ဟွေ့ပိုင်နက်မှာ ယခင်အတိုင်းခိုင်မာမြဲပင်။[၅၁] ဝူသည်လည်း ယန်ဆီတောင်ကြားဒေသတစ်ခုလုံးကို ချုပ်ကိုင်ထားရာ[၅၁] ဟွေ့ နှင့် ယန်ဆီအကြားသည် လူသူကင်းမဲ့ခြောက်ခန်းသော ကျပ်တည်းကုန်းသဖွယ်ဖြစ်နေပေသည်။ ဝေ နှင့် ဝူ ၏ စဉ်ဆက်မပြတ်သော ရှေ့တန်းစစ်မျက်နှာသည် ဟန်တောင်ကြားဒေသအောက်ပိုင်းဖြစ်လာခဲ့ပေတော့သည်။[၅၁]

သုံးပြည်ထောင်ပြင်ဆင်

ရှူပြင်ဆင်

 
ရှူဟန်နှင့်ဝူပြည်ထောင်များကြားဖြစ်ပွားသော ယိလင်တိုက်ပွဲပြမြေပုံ။

ဖခင်ဖြစ်သူ ရှုံးနိမ့် သေဆုံးပြီးနောက် (၂၂၃)တွင် လျှို့ရှန်း ထီးနန်းဆက်ခံသည်။ (၂၂၄)မှ (၂၂၅)အထိ ကျူးကော့လျှံ၏ တောင်ဘက်ပိုင်းစစ်ဆင်ရေးတွင် ယူနန်ပြည်နယ် ဒီရန့်ချီရေကန် ( ကွင်းမင်(သို့) ကူမင်းရေကန်) ထိ တောင်ပိုင်းနယ်မြေများကို အောင်နိုင်သည်။[၄၈]

(၂၂၇)ရောက်သောအခါ ရှူ၏အဓိကစစ်တပ်များကို ဟန်ကျုံးမြို့သို့ ပြောင်းစေကာ ဝေကိုတိုက်ရန် အနောက်မြောက်အရပ်တွင်စစ်မျက်နှာဖွင့်သည်။ ကျူးကော့လျှံသည် ကျောက်ယွင်အား (Zhao Yun) ဂျီတောင်ကြား(Ji) မှ ဟန်ပြတိုက်ရန်အမိန့်ပေးကာ သူကိုယ်တိုင်ကမူ ချီ(Qi)တောင်တန်းဆီသို့ ပင်မစစ်တပ်ကို ဦးဆောင်လာသည်။ ရှေ့ဦးတပ်မှ မာဆူး(Ma Su) မှာ နည်းဗျူဟာကြောင့် ကျဲတင်း(Jieting) တွင် အရှုံးနှင့်ရင်ဆိုင်ရကာ တပ်ဆုတ်ရသည်။ နောက်ထပ်ခြောက်နှစ်အတွင်း ကျူးကော့လျှံမှာ ဝေကိုတိုက်ရန် အကြိမ်အတော်လေး ကြိုးပမ်းခဲ့၏ ။ သို့ရာတွင် ရိက္ခာပိုင်းဆိုင်ရာပြဿနာများကြောင့် အောင်မြင်မှုနှင့် ဝေးကွာရ၏ ။ (၂၃၄)အရောက် သူ့၏ အကြီးမားဆုံးနှင့် နောက်ဆုံးအကြိမ်မြောက် မြောက်အရပ်သို့စစ်ဆင်ရေး ထွက်ခဲ့သည်။ ဝေ့မြစ်တောင်ပိုင်း ဝူကျန်းလွင်ပြင်ထိရောက်၏ ။ သို့သော် ထိုနှစ်တွင်ပင် ကျူးကော့လျှံစစ်ခရီးလမ်း၌ပင် ကွယ်လွန်ခဲ့သောကြောင့် ရှူစစ်တပ်မှာ တပ်ပြန်ခေါက်ရတော့သည်။ ဝေတပ်မှ နောက်ကလိုက်လံတိုက်သည်။ စစ်မာယီ (Sima Yi)သည် ကျူးကော့လျှံလွန်လေပြီဟုကောက်ချက်ချ၍ တိုက်ရန်အမိန့်ပေး၏ ။ ရှူမှ ချက်ချင်းဆိုသလိုပြန်ခုခံတိုက်၏ ။ စစ်မာယီကို ဒုတိယအကြိမ်တွေဝေသွားစေပြီး ရှူစစ်တပ်မှာ အောင်မြင်စွာတပ်ဆုတ်နိုင်ခဲ့ပေသည်။

ဝူပြင်ဆင်

 
ကျူးကော့လျှံ၏ တောင်ပိုင်းစစ်ဆင်ရေး

တရုတ်လူမျိုးများက စုပေါင်းခြုံငုံခေါ်ကြသော ရှန်းရွဲ့ဟူသော အရှေ့တောင်ပိုင်း၏ မူလနေထိုင်သူများ ဆီသို့ စွန်းချွမ်၏ အာရုံရောက်ကာ ထိုသူပုန်မျိုးနွယ်များအေပါ် အကြိမ်ကြိမ်လည်း အောင်မြင်မှုများရှိခဲ့သည်။ထိုနှစ်၌ ကျူးကော့ကေး (ကျူးကော့လျှံ၏ အကို) ကား ဒန်ယန်းနယ်၏ သုံးနှစ်ကြာထိုးစစ်ကို အဆုံးသတ်နိုင်ခဲ့ပြီး ရှန်းယွဲ့ဦးရေ (၁၀၀,၀၀၀) ခန့်အရှုံးပေခဲ့ကာ ၎င်းတို့ထဲမှ (၄၀,၀၀၀) ကို ဝူစစ်တပ်၏ အရံတပ်ဖွဲ့တွင်တာဝန်ထမ်းဆောင်စေသည်။ ထိုစဉ်အတွင်း ရှူမှာလည်း တောင်ပိုင်းမှဒေသခံတိုင်းရင်းသားတို့၏ ပြဿနာပေါင်းများစွာကို ရင်ဆိုင်ခဲ့ရသည်။ အနောက်တောင်ပိုင်းမှ နန်းမန်ဟုခေါ်တွင်သောလူမျိုးစု ထကြွပြီး ယီကျိုးတွင် မြို့များသိမ်း၊လုယက်မှုများကို ပြုခဲ့ကြ၏ ။ ကျူးကော့လျှံသည် တောင်ပိုင်းတည်ငြိမ်ရေးကိုအလေးထားသိမြင်သဖြင့် နန်းမန်မျိုးနွယ်များဆီသို့ စစ်ကြောင်း သုံးကြောင်းဖြင့် တိုက်ရန်အမိန့်ပေးခဲ့သည်။ ကျူးကော့လျှံသည် ထိုမျိုးနွယါခေါင်းဆောင် မန့်ဟွော့ (Meng Huo) ကိုအကြိမ်ကြိမ်တိုက်ခိုက်ခဲ့ရလေသည်။ နောက်ဆုံး၌ မန့်ဟွော့အညံ့ခံသည်။ မျိုးနွယ်စုတစ်ဦးအား ရှူမြို့တော် ချန်ဒူးတွင် ရုံးထိုင်စေ၍ နန်းမန်တို့သည် ၎င်းတို့တပ်ရင်းကို ရှူတပ်နှင့်အတူ ဖွဲ့စည်းခဲ့ကြသည်။

 
ကျူးကော့လျှံ၏ ချောင်းဝေပြည်ထောင်အပ​ေါ်ဆင်နွှဲသော ပထမ၊ဒုတိယအြကိမ် မြောက်ပိုင်း စစ်ဆင်ရေးခရီးစဉ်
 
ကျူးကော့လျှံ၏ ချောင်းဝေပြည်ထောင်အပ​ေါ်ဆင်နွှဲသော တတိယအြကိမ် မြောက်ပိုင်း စစ်ဆင်ရေးခရီးစဉ်
 
ကျူးကော့လျှံ၏ ချောင်းဝေပြည်ထောင်အပ​ေါ်ဆင်နွှဲသော စတ္ထုထ၊ပဉ္စမအကြိမ် မြောက်ပိုင်း စစ်ဆင်ရေးခရီးစဉ်

ကျူးကော့လျှံ၏ မြောက်ပိုင်းထိုးစစ်များအတောအတွင်း ဝူပြည်ထောင်မှာ မြောက်ဘက်မှ ကျူးကျော်ရန်စမှုများကို အဆက်မပြတ်ခံခဲ့ရလေသည်။ ဟိုင်းဖေးမြို့ ဒေသတဝိုက်သည် ကမ်းပါးနီတိုက်ပွဲပြီးကတည်းက ခါးသီးဖွယ်ရာစစ်တလင်းပြင်နှင့် ဝေပြည်၏ စဉ်ဆက်မပြတ်ဖိအားများနှင့် ရင်ဆိုင်ခဲ့ရလေသည်။ စစ်ရေးစစ်ရာများမှာ ပြင်းထန်လွန်းလှသဖြင့် ထိုဒေသ၌နေထိုင်သူအများအပြား ပြောင်းရွှေ့ရကာ ယန်ဆီမြစ်တောင်ပိုင်းသို့ အခြေချနေထိုင်ခဲ့ကြသည်။ ကျူးကော့လျှံသေဆုံးပြီးနောက် ဟွေ့မြစ်တောင်ပိုင်းဒေသ သို့တိုက်ခိုက်မှု အားကောင်းလာခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဝေမှာ ဝူတည်ဆောက်ထားသော ရူရှူးခံတပ်အပါအဝင် မြစ်ကြောင်းကာကွယ်ရေးအစီအမံများကို ထိုးဖောက်နိုင်ခြင်းမရှိပါ။

စွန်းချွမ်၏ ကြာမြင့်စွာ စိုးစံနိုင်မှုကို တောင်ပိုင်းနယ်မြေ၏ ပြည့်စုံကုန်လုံသော အနေထားအဖြစ်ယူဆကြသည်။ မြောက်ပိုင်းမှ ပြောင်းရွှေ့လာသူများနှင့် ရှန်းယွဲ့လူမျိုးများ အခြေကျနေထိုင်မှုများက ဟန်ကျိုးပင်လယ်ကွေ့မှ ကွေ့ကျင်းဒေသနှင့် ယန်ဆီမြစ်အောက်ပိုင်းနေရာတလျှောက် အတွက် စိုက်ပျိုးရေးအတွက် လူ့စွမ်းအားများတိုးမြှင့်နိုင်ခဲ့သည်။ မြစ်ကြောင်းပို့ဆောင်သွားလာရေးမှာ Zhedong နှင့် Jiangnanတူးမြောင်းများတည်ဆောက်နိုင်ခဲ့မှုနှင့်အတူ ဖွံ့ဖြိုးလာခဲ့သည်။ ရှူနှင့်ကုန်သွယ်ရေးတိုးတက်လာသည်။ ရှူဒေသမှ ဝါဂွမ်းများ အများအပြားဝင်လာသည်။စဉ့်ထည်နှင့် သတ္တုလုပ်ငန်းဖွံ့ဖြိုးလာခဲ့၏ ။ ထိုင်ဝမ်ကျွန်း နှင့်မန်ချူးရီးယားသို့ ပင်လယ်ခရီးစဉ်များပြေးဆွဲခဲ့ကြသည်။ တောင်ဘက်ပိုင်းတွင် ဝူကုန်သည်များသည် လင်းယီ (ဗိယက်နမ်တောင်ပိုင်း)နှင့် ဖူနမ်တိုင်းပြည် (Funan Kingdom) ထိရောက်ခဲ့ကြသည်။ စီးပွားရေးအခြေအနေကောင်းလာသဖြင့် ယဉ်ကျေးမှု အနုပညာများလည်း အဆင့်မြင့်လာသည်။ ယန်ဆီမြစ်ဝကျွန်းပေါ်တွင် ပထမဆုံးဗုဒ္ဓဘာသာလွှမ်းမိုးမှုများ လျို့ယန်မြို့တော်မှ တောင်ပိုင်းအထိရောက်ရှိလာခဲ့၏ ။

အရှေ့ဝူခေတ်သည် ဗီယက်နမ်နိုင်ငံသမိုင်း၏ ပုံသွင်းတည်ဆောက်ကာလလည်းဖြစ်သည်။ ကျောင်းကျိုးနယ် (Jiaozhou)အုပ်ချုပ်ရေးမှူး ရှိဆီး (Shi Xie)မှာ ဗီယက်နမ်ကို ကိုယ်ပိုင်အုပ်ချုပ်ရေးစစ်ခေါင်းဆောင်အဖြစ် နှစ်(၄၀) ကျော်အုပ်ချုပ်ခဲ့ပြီး နောက်ပိုင်းများတွင် ဗိယက်နမ်ဧကရာဇ်များမှ အာခံခဲ့ကြ၏။[၅၂] ရှိဆီးမှာ အရှေ့ဝူကို သစ္စာခံသူဖြစ်၏ ။မူလက အရှေ့ဝူ၏ အုပ်ချုပ်မှုကို ကျေနပ်ကြသောကြောင့် အရှေ့ဝူကို ထောင်ထားသော ရှိဟွေး၏ပုန်ကန်မှုကို ဆန့်ကျင်၍ ဝူအတွက်တိုက်ခိုက်ပေးခဲ့ကြသည်။ သို့ရာတွင် ဝူစစ်သူကြီး လွီတိုက်က ရှိဟွေးကိုသစ္စာဖောက်ကာ ရှိတစ်မိသားစုလုံးကို သတ်ပစ်ခဲ့သောကြောင့် ဗီယက်နမ်များ စိတ်အနှောက်အယှက် တော်ကြီးဖြစ်ခဲ့ကြသည်။ (၂၈၄)ရောက်လျှင် ကျောင်းကျိ နှင့် ကျို့ကျန်းနယ်မှ သူများပုန်ကန်ကြသောအခါ အရှေ့ဝူမှ လုယင်ကိုလွှတ်သည်။ ၎င်းက ခြောက်လိုက် နှစ်သိမ့်လိုက်ဖြင့် စစ်ပြေစေရန်လုပ်ဆောင်နိုင်ခဲ့သည်။ သို့သော် Jiuzhenက Lady Triệu၏ ခေါင်းဆောင်မှုအောက်တွင် ပုန်ကန်သူများ ပြန်လည်အုပ်စုဖွဲ့မိရာ ကျောင်းကျိတွင် ချီတက်၍ ပုန်ကန်ကြပြန်သည်။ Lady Triệu ဗီယက်နမ်နိုင်ငံ Lê Dynasty၏ သမိုင်းမှတ်တမ်းများအရ သူမ၏ ရင်အစုံသည် ရှည်လျှား၍ ပခုံးထိရောက်သည်ဟုဆိုသည်။ စစ်ပွဲ လအတော်ကြာဆင်နွှဲပြီးနောက် စစ်ရှုံးကာ ကိုယ်ကိုယ်သတ်သေခဲ့သည်။ [၅၃]

ဝေပြင်ဆင်

(၂၂၆)တွင် ချောင်းပီ (Cao Pi) အသက်(၄၀)၌ ဆုံးပါး၍ သားကြီးဖြစ်သူ ချောင်းရွေ (Cao Rui) အသက်(၂၂) က ဆက်ခံသည်။[၅၄] အမတ် ချန်းချွင် (Chen Qun) စစ်သူကြီးများဖြစ်သည့် ချောင်းကျန်း (Cao Zhen)၊ ချောင်းရှိုး (Cao Xiu)၊ စစ်မာယီ( Sima Yi)တို့ကို ဘုရင့်ကိုယ်စားအုပ်ချုပ်သူအဖြစ်ခန့်အပ်ခဲ့သည်။ သို့သော်လည်း လက်တွေ့အားဖြင့်မူ ခန့်ပင်ခန့်သော်လည်း ချောင်းရွေမှာ အစိုးရအဖွဲ့ကို စီမံနိုင်သည်။[၅၄] အစောပိုင်းသုံးဦးသေဆုံးသွားပြီးနောက် စစ်မာယီတစ်ဦးတည်းသာ အမတ်ကြီးအနေဖြင့်လည်းကောင်း စစ်တပ်ခေါင်းဆောင်ရာထူးအနေနှင့်လည်းကောင်း ကျန်ရစ်ခဲ့သည်။[၅၄] (၂၂၆)တွင်ပင် စစ်မာယီ ဝူမှ ရှန်းယန်သို့တိုက်သည့်စစ်ကို အောင်မြင်စွာခုခံနိုင်ခဲ့သည်။ ထိုစစ်ပွဲမှာ စစ်မာယီ၏ ပထမဆုံး စစ်တပ်ကို ကွပ်ကဲရသည့် အကြိမ်လည်းဖြစ်သည်။[၅၅] (၂၂၇)၌ စစ်မာယီအား ချန်အန်းမြို့တွင် ရာထူးတစ်ခုပေးသည်။ ထိုနေရာတွင် ဟန်မြစ်တလျှောက် စစ်ရေးစစ်ရာများကို စီမံခန့်ခွဲနိုင်ခဲ့သည်။[၅၅]

(၂၃၈)ရောက်လျှင် စစ်မာယီကို မန်ချူးရီယားက ကုန်းစွန်းယွမ်အပေါ်ဆင်နွှဲသော စစ်ဆင်ရေးတွင် တပ်ကိုကြီးကြပ်စေကာ စစ်မာယီသည် ရှန်းပင်းမြို့ကိုသိမ်းယူနိုင်၍ ထိုအစိုးရကိုလည်း သုတ်သင်နိုင်ခဲ့၏ ။[၅၅] (၂၂၄-၂၂၅)အကြား စစ်သူကြီး ကွမ့်ချိုးကျန် (Guanqui Jian) ကိုစေလွှတ်၍ ဂိုဂူယောကို ကျူးကျော်စေသည်။ ဂိုဂူယော အကြီးအကျယ်ပျက်စီးသည်။[၅၅] ဝေ၏ အရှေ့မြောက်နယ်စပ်သည်ကား ယခုဆိုလျှင် မည်သည့်ခြိမ်းချောက်မှုမျိုးမဆို မှုရန်မလိုတော့ချေ။[၅၅] ဂိုဂူယောအပေါ် ကျူးကျော်မှုများ အေဒီ(၂၄၂)တွင်စီးနင်းတိုက်ခိုက်သော ထိုးစစ်သည် ဂိုဂူယော မြို့တော် ဝမ်ဒူး (Hwando)ပျက်စေ၏၊ ဘုရင်ထွက်ပြေးရ၏၊ ဂိုဂူယော၏အဓိကစီးပွားရေးဖြစ်သော ဂိုဂူယောနှင့် ကိုရီးယားရှိ တခြားမျိုးနွယ်များ၏ သံတမန်ပိုင်း ကုန်သွယ်ရေးဆက်ဆံခြင်းငို ပျက်စီးစေခဲ့သည်။ ဂိုဂူယောဘုရင်လွတ်မြောက်၍ မြို့အသစ်တွင်အခြေချခဲ့သော်လည်း ဂိုဂူယောသည် အရေးပါမှုကျဆင်းပြီး နောက်ပိုင်း ရာစုနှစ်တစ်ဝက်လောက်အချိန်အတွင်းတရုတ်သမိုင်းမှတ်တမ်းများတွင် ဖော်ပြခြင်းမတွေ့ရတော့ပေ။[၅၆]

(၂၃၈)တွင် ချောင်းရွေ အသက်(၃၅)ငယ်ငယ်ရွယ်ရွယ်ဖြင့်ဆုံပါးသည်။[၅၅] ၎င်းနေရာကို မွေးစားသား ချောင်းဖန်တက်သည်။ ချောင်းဖန်မှာ ဆွေမျိုးနီးစပ်တော်၏ ။[၅၅] ချောင်းရွေသည် ချောင်းရွှမ်နှင့် စစ်မာယီကို ချောင်းဖန်၏ ရင်ခွင်ပိုက်အုပ်စိုးသူအဖြစ်ခန့်အပ်ပေးခဲ့သည်။ သို့ရာ၌ ချောင်းရွေသည် ရင်ခွင်ပိုက်အုပ်စိုးမှုကာလအတွက် ၎င်း၏တော်ဝင်ဆွေမျိုးများချယ်လှယ်နိုင်သောအဖွဲ့တစ်ခုကိုဖွဲ့စည်းပေးသွားနိုင်ခဲ့သည်။[၅၅] ချောင်းရွှမ်မှာ ရုံးတော်၏ အကြီးအကဲဖြစ်၍ စစ်မာယီကို ရုံးတော်တွင် အာဏာမရှိသော ဘွဲ့တစ်ခုပေးကာနေစေသည်။ ထိုဂုဏ်ဒြပ်မှာ မင်း၏ဆရာ (Grand Tutor) ဟူသော ဘွဲ့ပင်ဖြစ်ခဲ့သည်။[၅၅]

ဆုတ်ယုတ်ခြင်း၊ကျဆုံးခြင်းပြင်ဆင်

 
အေဒီ(၂၆၂)တွင် သုံးပြည်ထောင်ခေတ်ပြမြေပုံ။

ရှူပြည်ထောင် ကျဆုံးခြင်းပြင်ဆင်

ကျူးကော့လျှန် မရှိတော့သည့်နောက် အဓိပတိ (သို့ ) အမတ်ချုပ်ရာထူးကို ကျန်းဝမ်(Jiang Wan)၊ဖေးယီ(Fei Yi )၊ ဒုံးယွမ်(Dong Yun)တို့ အစဉ်လိုက်အတိုင်း ရရှိကာ စီမံခဲ့ကြသည်။ သို့သော် (၂၅၈)အပြီးနောက် ရှူနိုင်ငံရေးကို ဟွမ်ဟောက် (Huang Hao)ခေါင်းဆောင်သော မိန်းမစိုးအထိန်းတော်အုပ်စုမှ အတော်ကြီးထိန်းချုပ်ခဲ့ကြပြီး အကျင့်ပျက်ချစားမှုများ ပေါ်ပေါက်လာခဲ့၏ ။ ကျူးကော့လျှန် ၏ငယ်မွေးခြံပေါက်ဖြစ်သော ကျန်းဝမ်၏ လုံ့လဝီရိယအားထုတ်မှုများရှိသော်လည်း ရှူပြည်သည် သေချာစေသောအောင်မြင်မှုကို မရနိုင်ခဲ့ပေ။ (၂၆၃)တွင် ဝေ၏ သုံးခွတိုက်ခိုက်မှုသည် ရှူတပ်ကို ဟန်ကျုံးမြို့မှ တပ်ဆုတ်သွားစေသည်။ ကျန်းဝမ်မှာ အလျှင်အမြန် Jiange၌ ခြေကုပ်ယူသော်လည်း ဝေတပ်မှူးဒွန့်အိုင်းက ယခင်က လုံးဝဖြတ်သန်း၍မရနိုင်ဟု ယူဆခဲ့သော ယင်းပင်နယ်ကိုဖြတ်ကာ အနောက်ဘက်ကဝင်၍တိုက်သည်။ ထိုနှစ်ဆောင်း၌ဒွန့်အိုင်း၏ ဗျူဟာကျကျထိုးစစ်ကြောင့် မြို့တော် ချန်ဒူးကျသည်။ ရှူဧကရာဇ် လျှို့ရှမ်းအညံ့ခံသောကြောင့် (၄၃)နှစ်ကြာရပ်တည်ခဲ့သော ရှူပြည်ထောင် ပြိုကွဲခဲ့သည်။ လျှို့ရှမ်းကို ဝေမြို့တော် လျို့ယန်၌ ထားပြီး "Duke of Anle" ဆိုသည့် ဘွဲ့ပေးကာထားသသည်။ အာဏာမရှိသည့် သာမညဘွဲ့တစ်ခုပင်။

ဝေပြည်ထောင် ကျဆုံးခြင်းပြင်ဆင်

(၂၃၀)နှောင်းမှစ၍ တော်ဝင်မျိုးများဖြစ်သည့် ချောင်းမျိုးရိုးတို့နှင့် စစ်မာမျိုးရိုးတို့ကြားတင်းမာမှုများသည် သိသိသာသာဖြစ်လာခဲ့ကြ၏ ။ ချောင်းကျန်း လွန်လေပြီးနောက်ပိုင်း ၎င်းကိုဆက်ခံသော ချောင်းရွှမ်း နှင့် မင်းဆရာဖြစ်သည့် စစ်မာယီတို့ကြားရှိ အုပ်စုကွဲပြားမှုမှာ ထင်းရှားလာကာ ချောင်းရွှမ်းမှာ ရည်ရွယ်ချက်ရှိရှိ ၎င်းလူများကိုသာ အရေးပါသောနေရာများ၌ထား၍ စစ်မာယီကိုဖယ်ရှားခဲ့၏ ။ စစ်မာယီကို အန္တရာယ်ရှိသောပုဂ္ဂိုလ်ဟုထင်မြင်သည်။ ဟန်မင်းဆက်ခေတ်တွင် မြေယာအများအပြားပိုင်ဆိုင်သော စစ်မာမိသားစု၏ အခွင့်အာဏာကို စစ်မာယီ၏ စစ်ရေးအောင်မြင်မှုများက ပိုမိုခိုင်မာတောင့်တင်းစေသည်။ ထို့အပြင် စစ်မာယီမှာ အတော်စွမ်းဆောင်နိုင်သော ဗျူဟာသမား၊ နိုင်ငံရေးသမားဖြစ်ကာ (၂၃၈)တွင် ကုန်းစွန်းယွမ်ကို ချေမှုန်းကာ လျှောင်ဒုန်းဒေသကို ပြည်မထိန်းကွပ်မှုအောက်သို့ပို့ဆောင်ပေးနိုင်ခဲ့၏ ။ အဆုံးစွန်အနေဖြင့်လည်း ချောင်ရွှမ်းနှင့်အပြိုင် နိုင်ငံရေးအာဏာကစားပွဲ၌လည်း အပြတ်အသက်သာလွန်ခဲ့၏ ။ တော်ဝင်မျိုးနွယ်များ Gaoping အုတ်ဂူဘိုးဘွားကန်တော့ပွဲသွားရောက်ဂါရဝပြုနေစဉ်အချိန်ကို အခွင့်ကောင်းယူ၍ လျို့ယန်တွင်အာဏာသိမ်းသည်။ ချောင်းရွှမ်းကို ရာထူးရာခံမှဖယ်ရှားသည်။ စစ်မာမိသားစု အာဏာရရှိခြင်းကို အများအပြားက ဆန့်ကျင်ခဲ့ကြရာ သိသုဖွယ်ဖြစ်သည်မှာ ဝါးတောနေ ရသေ့ခုနှစ်ဦးတို့ဖြစ်ကြ၏ ။ ချောင်းရွှမ်းကျပြီးနောက် Xi Kang ခေါ်တစ်ဦးကိုသုတ်သင်ခဲ့သည်။

လက်တွေ့အာဏာမှာ ယခုအခါ၌ စစ်မာချောင်း(Sima Zhao)ဆီတွင်ရှိသောကြောင့် ထိုအာဏာကို ဧကရာဇ်ဖြစ်သူ ချောင်းမောင်( Cao Mao)က ပြန်လုယူမှုတွင် မအောင်မြင်ပဲ အသတ်ခံရကာ ၎င်းနေရာတွင် ချောင်းဟွမ် (Cao Huan) နန်းတက်လာသည်။ စစ်မာချောင်းသေဆုံးပြီးများမကြာမီ ၎င်း၏ရာထူး ကျင့်နယ်စားမင်းကြီး (Duke of Jin)ကို သားဖြစ်သူ စစ်မာယန်(Sima Yan)ဆက်ခံ၍ ချက်ချင်းဆိုသလို ဧကရာဇ်ဖြစ်ရန် လှုပ်ရှားသည်။ ကြီးမားသော ဆန့်ကျင်မှုများနှင့်ရင်ဆိုင်ရသည်။ ချောင်းဟွမ်မှာ ၎င်းအကြံပေးတို့လျှောက်တင်ချက်အတိုင်း ကောင်းဆုံးလမ်းကြောင်းမှာ နန်းဆင်းပေးဖို့သာဖြစ်၏ ။ စစ်မာယန် (၂၆၆)တွင်ချောင်းဟွမ်ကို ဖယ်ရှားနန်းတက်၏ ။ ဝေပြည်ထောင်ပြိုလဲခဲ့လေသည်။ ကျင့်မင်းဆက်ဟု အမည်သစ်ပေးသည်။ ထိုအခြေနေများမှာ လွန်ခဲ့သောနှစ်ပေါင်း(၄၀)ခန့်က ချောင်းပီ ဟန်ဧကရာဇ် ရှန်းကိုဖယ်ရှားနန်းတက်ပုံနှင့် များစွာဆင်တူခဲ့သည်။

ဝူပြည်ထောင် ကျဆုံးခြင်းပြင်ဆင်

စွန်းချွမ်သေဆုံးပြီးနောက် ငယ်ရွယ်သူဖြစ်သော စွန်းလျှံ (Sun Liang) (၂၅၂)တွင် နန်းတက်သည်။ ဝူပြည်ထောင် တဖြည်းဖြည်းချင်း အင်အားယိုင်ရွဲ့လာ၏ ။ ဟွေ့မြစ်တောင်ပိုင်းနယ်မြေကို စစ်မာရှီ(Sima Shi)၊စစ်မာချောင်းတို့မှ အောင်အောင်မြင်မြင်ဖိနှက်ချက်များသည် ဝူ၏အာဏာစက်ကို ယုတ်ရော့စေသည်။ ရှူကျဆုံးသွားခြင်းသည် ဝေ၏နိုင်ငံရေးအနေအထားကို အချက်ပေးနေသည်။ လျှို့ရှန်း ဝေကိုအညံ့ခံခြင်းပြီးသည့်နောက် စစ်မာယန် (စစ်မာယီ၏ မြေး)မှာ ဝေဧကရာဇ်ကို နန်းချ၍ကိုယ်ပိုင် ကျင့်မင်းဆက်ကိုထူထောင်သည်။ (၂၆၆)တွင် ၄၆နှစ်ကြာ မြောက်ပိုင်းတခွင်၌ ချောင်းမျိုးရိုးတို့လွှမ်းမိုးနိုင်မှုအဆုံးသတ်ခဲ့ရလေပြီ။ ကျင့်မင်းဆက်ပေါ်ပေါက်လာပြီးနောက် ဝေဧကရာဇ် စွန်းရှို (Sun Xiu)သေဆုံးကာ အမတ်များက စွန်းဟောင်(Sun Hao)ကို နန်းတင်ကြ၏ ။ စွန်းဟောင်မှာ အလားအလာရှိသောငယ်ရွယ်သူဖြစ်သည်နှင့်အညီ နန်းတွင်း၌၎င်းကိုဆန့်ကျင်ဝံ့သောသူများကို သတ်ဖြတ်မှုများပြုခဲ့သည့် အာဏာရှင်တစ်ဦးဖြစ်သည်။ ကျင့်တပ်မှူး ယန်းဟု (Yang Hu)က (၂၆၉)တွင် ဝူကိုကျူးကျော်ရန် စီချွမ်းနယ်၌ (Wang Jun)အောက်တွင် ရေတပ်ကိုလေ့ကျင့်၊သင်္ဘောများကိုတည်ဆောက်စေ၏ ။ လေးနှစ်ကြာသော် ဝူ၏ နောက်ဆုံးစစ်သူကြီး လုခန်း (Lu Kang) သေဆုံးကာ သူ့ကို ထူးချွန်စွာဆက်ခံမည့်သူပေါ်ထွက်မလာခဲ့ချေ။ ကျင့်တို့၏ စီစဉ်ထားသည့် ထိုးစစ်သည် (၂၇၉)အဆုံး၌ အကောင်အထည်ပေါ်လာခဲ့သည်။စစ်မာယန်က ယန်ဆီမြစ်တလျှောက် ကျင်းယဲ့မှနေ၍ ကျင်းလင်းသို့ ထိုးစစ်ငါးခုကို တပြိုင်နက်ပြုလုပ်ခဲ့သည်။ စီချွမ်းမှ ရေတပ်ကို ကျင့်ကျိုးသို့ အစုန်ရွှေ့စေသည်။ ထိုကြီးမားများပြားသောတိုက်စစ်အောက်တွင် ဝူတပ်များပြိုလဲ၍ ကျင့်ယဲ့မြို့ (၂၈၀)တွင်ကျသည်။ စွန်းဟောင်အညံ့ခံသောကြောင့် ၎င်းအတွက်နယ်မြေပေးကာ နေစေသည်။ ဤသည်မှာ သုံးပြည်ထောင်ခေတ်၏အဆုံးကို ညွှန်းဆိုနိုင်၍ နောင်ခါလာမည့် စုစည်းမှုမရှိသောနှစ်ပေါင်းသုံးရာ၏ ပြောင်းလဲခြင်းအစဟူ၍လည်း သတ်မှတ်နိုင်ပါသည်။

အကျိုးသက်ရောက်မှုများပြင်ဆင်

လူဦးရေပြင်ဆင်

 
စစ်ဟူးယွမ်ခေါ် ရုံးတော်ကြီးတဝိုက် နေအိမ်များနှင့်တွဲဖက်ဆောက်ထားပုံပြ မြေထည်ပစ္စည်း။ သုံးပြည်ထောင်ခေတ် အရှေ့ဝူပြည်အတောအတွင်းဆောက်လုပ်ခဲ့သော ဟူပေ့သင်္ချိုင်းတွင် (၁၉၆၇)၌ တူးဖော်ရရှိ၊ အမျိုးသားဇာတ်ရုံ၊ ဘေဂျင်း။

ခေါင်းပေါင်းဝါတော်လှန်ရေးပြီးကတည်းက တရုတ်ပြည်အလယ်ပိုင်းတွင် ဆိုးရွားလှသော ငတ်မွတ်ခေါင်းပါးမှုကြီးဖြစ်ပေါ်လာခဲ့၏ ။ ဒုံးဂျိုအာဏာရလျှင် ပြည်သူပြည်သားများထံမှ ၎င်းစစ်တပ်ကိုအစွမ်းကုန် လုယူခိုးဝှက်စေသည်။ အမျိုးသမီးများကို အတင်းအကျပ်လက်ထပ်စေသည်၊ကျွန်ပြုသည်၊မောင်းမမိတ်သံပြုသည်။ ထိုခေတ်ကာလ၏ အခက်အခဲဒုက္ခသုက္ခများကို တွက်ဆသော် ဤအချက်ကလည်း မြောက်များစွာသော သေကြေမှုများကို တတ်သရွေ့ ကျေးဇူးပြုခဲ့သည်။ အောက်ပါဇယားသည် ထိုခေတ်ကာလ၏ လူဦးရေဆိုးဝါးစွာကျဆင်းသွားမှုကိုပြသသည်။ အရှေ့ဟန်ခေတ်မှသည် အနောက်ကျင့်မင်းဆက်တိုင် နှစ်ကာလ(၁၂၅)နှစ်ရှိသော်လည်း လူဦးရေအမြင့်ဆုံးအမှတ်မှာ အရှေ့ဟန်ခေတ်လူဦးရေအမြင့်ဆုံးအရေအတွက်၏ ၃၅.၃% သာရှိသည်။ အနောက်ကျင့်မင်းဆက်မှ ဆွေ့မင်းဆက်ထိ လူဦးရေမှာ တိုးတက်လာခြင်းမရှိပေ။ စစ်တပ်အတွက် လူသူအမြောက်အများစုဆောင်းခြင်းမှာ ထိုခေတ်၏ ပုံမှန်ကိစ္စပုံစံပင်။ ဥပမာ - ရှူ၏ လူဦးရေ (၉၀၀,၀၀၀)တွင် စစ်သားဦးရေမှာ (၁၀၀,၀၀၀) ရှိသဖြင့် စစ်တပ်ဦးရေမှာ တစ်နိုင်ငံလုံးလူဦးရေ၏ ၁၀%ထက်ပိုသည်။ သုံးပြည်ထောင်ခေတ် သမိုင်းမှတ်တမ်းများတွင် () သုံးပြည်ထောင်ခေတ်ကာလ၏ လူဦးရေ ကိန်းဂဏန်းများပါဝင်သည်။ တရုတ်ပြည်သမိုင်းမှ များစွာသောလူဦးရေကိန်းဂဏန်းများနှင့်စာလျှင် ဤအရေအတွက်သည် တကယ့်လူဦးရေကိန်းဂဏန်းများထက် နည်းပါးနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သန်းခေါင်စာရင်းနှင့် အခွန်မှတ်တမ်းများမှာ ဆက်စပ်လျှက်ရှိ၍ များသောအားဖြင့် အခွန်ရှောင်သူများမှာ မှတ်တမ်းများတွင်ပါဝင်လေ့မရှိ။

သုံးပြည်ထောင်ခေတ် လူဦးရေပြဇယား
နှစ်ကာလ အိမ်ထောင်စု လူဦးရေ မှတ်ချက်
အရှေ့ ဟန်မင်းဆက်, 156 10,679,600 56,486,856
ရှူဟန်, 221 200,000 900,000
ရှူဟန်, 263 280,000 1,082,000 ရှူ ပြိုလဲသော် စုစုပေါင်းလူဦးရေတွင် တပ်သား ၁၀၂,၀၀၀ နှင့် အရာရှိ၄၀,၀၀၀ပါဝင်၏ ။
အရှေ့ဝူ, 238 520,000 2,567,000
အရှေ့ဝူ, 280 530,000 2,535,000 ဝူ ပြိုလဲသော် စုစုပေါင်းလူဦးရေတွင် တပ်သား ၂၃၀,၀၀၀၊ အရာရှိ ၃၂,၀၀၀၊ နန်းတွင်းမောင်းမမိတ်သံ ၅၀၀၀ ပါဝင်၏ ။
ချောင်းဝေ, 260 663,423 4,432,881
အနောက် ကျင့်မင်းဆက်, 280 2,495,804 16,163,863 တရုတ်တစ်ပြည်လုံး စုစည်းပြီးနောက်, ကျင့်မင်းဆက်မှ လူဦးရေသည် ထိုခေတ်တဝိုက်တွင်အမြင့်ဆုံးဖြစ်ခဲ့။
From Zou Jiwan (တရုတ်: 鄒紀萬), Zhongguo Tongshi – Weijin Nanbeichao Shi 中國通史·魏晉南北朝史, (1992).

စစ်ရေးကိစ္စများသည် လူ့အသက်ပေါင်းများစွာကို နှုတ်ယူခြင်းဆိုသည်မှာ ရှင်းပါသည်။ လူသန်းပေါင်းဆယ်ချီ၍သေဆုံးရခြင်းမှာ စစ်ပွဲတစ်ခုတည်းကြောင့်ဟုသော အယူအဆကို သန်းခေါင်စာရင်းကိန်းဂဏန်းများက အထောက်အပံ့မပေးနိုင်ချေ။ တစ်ခြားသော အခြေအနေများဖြစ်သည့် လုံခြုံစိတ်ချရသော အုပ်ချုပ်မှုပြိုလဲခြင်းနှင့် တရုတ်ပြည်မှ လူအများပြားထွက်ပြေးတိမ်းရှောင်သွားခြင်းကြောင့်ဖြစ်လာသော ငတ်မွတ်ခြင်း၊ ရောဂါဘယစသည်တို့ကိုလည်း ထည့်သွင်းစဉ်းစားရပေမည်။

စီးပွားရေးရာပြင်ဆင်

အရှေ့ဟန်ခေတ်နှောင်းပိုင် သဘာဝကပ်ဆိုးများ လူမှုဘဝမတည်ငြိမ်မှုများကြောင့် စီးပွားရေးအခြေနေမှာ အတော်ပင်ဆိုးရွားခဲ့၏ ။ ဤသည်မှာပင် မြေယာအမြောက်အများကို အလဟသဖြစ်စေခဲ့သည်။ တစ်ချို့သော မြေပိုင်ရှင်ကြီးများနှင့် အထက်တန်းစားပုဂ္ဂိုလ်တို့သည် ကာကွယ်မှုအတွက်နှင့် စိုက်ပျိုးရေးအတွက် ကိုယ်ပိုင်ခံတပ်များကို တည်ဆောက်၍ တဖြည်းဖြည်းခြင်း ကိုယ်ပိုင်ရိက္ခာလုံလောက်သောစနစ်တစ်ခုဖြစ်လာခဲ့သည်။ ထိုသို့သော ကိုယ်ပိုင်ခံတပ်၊ကြီးမားသောစံအိမ်ကြီးများဆောက်ခြင်းသည် နောင်လာမည့် မင်းဆက်နှစ်ကာလများ၏ စီးပွားရေးရာကိစ္စရပ်များ၌ အကျိုးကျေးဇူးရှိခဲ့၏ ။ ထို့ပြင် ထီးနန်းပြိုလဲခဲ့ခြင်းကြောင့် ပွန်းစားပဲ့စားနေပြီဖြစ်သော ကြေးသတ္တုငွေစဒင်္ဂါးများကို အရည်မကျို အသစ်မထုတ်နိုင်ခဲ့ပေ။ ပုဂ္ဂလိကဒင်္ဂါးပြားများပေါ်ပေါက်လာ၏ ။ သုံးပြည်ထောင်ခေတ်တွင် ဒင်္ဂါးပြားအသစ်များကို ၎င်းတို့ငွေကြေးစနစ်ထဲသို့ ရောက်မခဲ့ပါ။ ငွေဒင်္ဂါးစနစ်ပြိုလဲခြင်းကြောင့် ချောင်းဝေပြည်ထောင်သည် (၂၂၁)၌ ပိုးထည်၊ ဆန်စပါးစသည်တို့ကို အဓိကငွေကြေးအဖြစ်သတ်မှတ်ခဲ့သည်။[၅၇]

စီးပွားရေးရာပုံစံဖြင့်ဆိုလျှင် သုံးပြည်ထောင်ကွဲထွက်သွားခြင်းသည် တာရှည်စွာခံနိုင်ရည်ရှိသော အစစ်အမှန်တရားတစ်ခု၏ သဘောသဘာဝကို ထင်ဟပ်စေသည်။ သုံးပြည်ထောင်ခေတ်ပြီးနောက် နောင်နှစ်ပေါင်း(၇၀၀)တွင်ပေါ်ပေါက်သော မြောက်ပိုင်းစုန့်မင်းဆက်အတောအတွင်း တရုတ်ပြည်ကြီးကို အဓိကဈေးကွက်ကြီး သုံးခုဖြင့်ဖွဲ့စည်းထားသည်ဟု ယူဆနိုင်သည်။ (အနောက်မြောက်ပိုင်းသည် အနည်းငယ်အကောင်းအဆိုးစသော အခြေနေတွင်ရှိ၏ ။ ၎င်းကို မြောက်ပိုင်း၊ စီချွမ်းပြည်နယ်နှင့်ဆက်သွယ်ထား၏ ။) ဤကဲ့သို့ ပထဝီဝင်အနေအထားကွဲပြားမှုကို အလေးအနက်ဖြစ်စေသည်မှာ ထိုအဓိကသုံးနယ်မြေကိုဆက်သွယ်ရန်ဖောက်လုပ်ထားသော လမ်းကြောင်းများမှာ လူများပြုလုပ်ခဲ့သည်ဆိုသော အချက်ပင်ဖြစ်ပါသည်။ မြောက်နှင့်တောင်ကို ဆက်သွယ်ပေးသော မဟာတူးမြောင်း ( Grand Canal)၊ တောင်ပိုင်းတရုတ်ပြည်နှင့် စီချွမ်းကိုဆက်သွယ်ပေးသော ယန်ဆီမြစ်၏ တောင်ကြားဒေသသုံးခုကိုဖြတ်သန်းနိုင်သော လှည်းလမ်းကြောင်း။ စီချွမ်းနှင့်အနောက်မြောက်ကို ဆက်ထားသည့် ပြခန်းလမ်းကြောင်း ( gallery roads)စသည်တို့မှာ လူလုပ်လမ်းကြောင်းများဖြစ်၏ ။ဤကဲ့သို့ အခြေနေသုံးခုကွဲပြားခြင်းသည် အတော်ပင် သဘာဝကျပါသည်။ ဤသည်ကိုလည်း ကျူးကော့လျှံက ၎င်း၏ လုံးကျုံးအစီအစဉ်တွင် ( Longzhong plan) ကြိုတင်ခန့်မှန်းခဲ့၏ ။ ( လုံးကျုံးအစီအစဉ်ဆိုသည်မှာ ကျူးကော့လျှံက လျှိုပေ့ကို တရုတ်ပြည်တစ်ပြည်လုံးကို စုစည်းချင်လျှင် လုပ်ဆောင်ရမည့် ဗျူဟာအခင်းအကျင်းဖြစ်သည်။)

စာပေပြင်ဆင်

 
သုံးပြည်ထောင်ခေတ် သမိုင်းစာအုပ်များမှ ဘုဂျီ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအပိုင်းအစ

ဝေပြည်ထောင်သားများဖြစ်သည့် ချောင်းချောင် နှင့် ၎င်း၏ သားလေးယောက်မှာ အရေးပါခဲ့သောကဗျာစပ်ဆိုသူများပင်ဖြစ်၏ ။ ချောင်းပီ(187-226) နှင့် ချောင်းဂျီ (Cao Zhi) (192-232-)မှာထင်ရှား၏ ။[၅၈] ချောင်းပီသည် စာပေရေးရာစာတမ်းများဟုခေါ်သော စာပေဝေဖန်ရေးအစောဆုံးလက်ရာများကိုရေးသားခဲ့ကာ ရှူကန်းနှင့်အတူ ချောင်းဂျီသည် ကျင့်အန်းပုံစံ ကဗျာလင်္ကာတစ်မျိုးကို ပြန်လည်နိုးကြားစေရန် ကမကထပြုခဲ့သည်။ ခေတ်ပေါ်ဝေဖန်ရေးဆရာများက ချွိယွမ်- Qu Yuan(အရှေ့ကျိုနှောင်းပိုင်း ချင်မင်းဆက်မတိုင်ခင် - warring states ပြည်ထောင်ကွဲခေတ်တွင်ပေါ်သောစာပေပညာရှင်) နှင့် ဟောင်းယွဲ့မင်(တောင်းချန်)-Tao Qian (အရှေ့ကျင့်မင်းဆက်လက်ထက်)ကြားတွင် ချောင်းဂျီကိုအရေးပါဆုံးစာရေးဆရာအဖြစ်သတ်မှတ်ကြ၏ ။[၅၉] ချန်ရှိူး၏ သုံးပြည်ထောင်ခေတ်မှတ်တမ်းများအပေါ် ပေစုန့်ကျီ၏ ကောက်ချက်ဆွဲရေးသားတင်ပြခြင်းသည် သုံးပြည်ထောင်ခေတ်၏ အစစ်အမှန်သမိုင်းဖြစ်၏ ။ စာပေပညာရှင် ဗစ်တာမဲက ဤသို့မှတ်ချက်ပေးသည်။ ပြည်ထောင်သမိုင်းများတွင် သုံးပြည်ထောင်ခေတ်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိများသည် စိတ်ဝင်စားဖွယ်အကောင်းဆုံးအရေးအသားများဖြစ်၏ ဟုဆိုသည်။[၆၀]

ခေတ်ပေါ်ယဉ်ကျေးမှုအတွက် အမွေအနှစ်များပြင်ဆင်

သုံးပြည်ထောင်ခေတ်မှ မြောက်များစွာသော ပုဂ္ဂိုလ်များ၊ကိစ္စရပ်များသည် နောက်ပိုင်းတွင် တရုတ်ပြည်၏ အရေးပါသောအကြောင်းအရာများဖြစ်လာကြသည်။ အထင်ရှားဆုံးကား မင်မင်းဆက် ခေတ်ကရေးသားသော လျှိုကွမ်းကျုံး (Luo Guanzhong) ၏ သမိုင်းဝင် သုံးပြည်ထောင်ခေတ်ဇာတ်လမ်းများ (Romance of the Three Kingdoms) ပင်ဖြစ်ပါသည်။ ဤဝတ္ထုရေပန်းစားလူကြိုက်များမှုကြောင့် ရှေးတရုတ်ပြည်ခေတ်တို့တွင် လူသိအများဆုံးခေတ်တစ်ခေတ်လည်းဖြစ်ခဲ့သည်။ အမှတ်သညာပြုရသော ဇာတ်ကောင်များ၊ ကိစ္စရပ်များ၊ အခွင့်ရေးယူအသုံးချမှုများသည် ဤခေတ်၏ ထင်ရှားမှုပင်။ ထိုဝတ္ထုပေါ်အခြေပြု၍ဖြစ်ပေါ်လာသော ယင်းဇာတ်လမ်းများသည် အရှေ့အာရှ၏ယဉ်ကျေးမှုများတွင် အရေးပါသော ကဏ္ဍအဖြစ်ပါဝင်နေခြင်းမှာ ဤအချက်ကို ရောင်ပြန်ဟပ်စေသည်။ ဤခေတ်နှင့် ပတ်သက်၍ စာအုပ်၊ရုပ်မြင်သံကြားဇာတ်လမ်းတွဲများ၊ ရုပ်ရှင်၊ကာတွန်း၊ ရုပ်ကြွ၊ ဂိမ်း၊ ဂီတ စသည်တို့ကို တရုတ်ပြည်ဟောင်ကောင်ထိုင်ဝမ်တောင်ကိုရီးယားဂျပန်ဗီယက်နမ်နှင့် အရှေ့တောင်အာရှတို့တွင် မကြာခဏဆိုသလို ထုတ်ဝေဆဲဖြစ်သည်။[၆၁]

တစ်ခြားခေါင်းစဉ်များကြည့်ရန်ပြင်ဆင်

ကိုးကားပြင်ဆင်

  1. Theobald (2000).
  2. (13 March 2009) China: A History. Indianapolis, Indiana: Hackett Publishing, 141–142. ISBN 978-0872209152 
  3. Ward (2008), p. 15.
  4. San (2014), p. 145.
  5. Nicola Di Cosmo and Robin D. S. Yates. Military Culture in Imperial China. Harvard University Press. ISBN 978-0674031098.
  6. Hans Bielenstein. Chinese historical demography A.D. 2-1982. Östasiatiska museet. p 17
  7. This Man Is Riding a Masterpiece Like Zhuge Liang's on the Street! (20 January 2015)။ 31 March 2015 တွင် ပြန်စစ်ပြီး။ “the wooden ox (literally wooden ox and flowing horse) was first created by chancellor Zhuge Liang during the Three Kingdoms period.”
  8. (2013) Breverton's Encyclopedia of Inventions, Unabridged, Quercus. ISBN 978-1623652340 
  9. The Invention of the Crossbow။ 31 March 2015 တွင် ပြန်စစ်ပြီး။ “Repeating crossbows, called zhuge nu in Chinese, could shoot multiple bolts before needing to be reloaded. Traditional sources attributed this invention to a Three Kingdoms period tactician named Zhuge Liang (181–234 AD), but the discovery of the Qinjiazui repeating crossbow from 500 years before Zhuge's lifetime proves that he was not the original inventor. It seems likely that he improved significantly on the design. Later crossbows could fire as many as 10 bolts in 15 seconds before being reloaded.”
  10. (2007) Reconstruction Designs of Lost Ancient Chinese Machinery, Online-Ausg., Dordrecht: Springer Science & Business Media, 129. ISBN 978-1402064609 
  11. (2009) Historical Dictionary of Medieval China. Lanham, Md.: Scarecrow Press, 351. ISBN 978-0810860537 
  12. Romance of the Three Kingdoms: China's Greatest Epic 三國志演義။ 1 April 2015 တွင် ပြန်စစ်ပြီး။
  13. ၁၃.၀ ၁၃.၁ Roberts, Moss (1991). Three Kingdoms: A Historical Novel. California: University of California Press. ISBN 0-520-22503-1 
  14. Guo Jian (郭建) (1999). 千秋興亡. Changchun: 長春出版社 (Changchun Press)။ 
  15. Jiang Lang (姜狼) (2011). 184–280:三國原來這樣. Beijing: 現代出版社 (Modern Press)။ 
  16. Han Guopan (韓國磐) (1983). 魏晉南北朝史綱. Beijing: 人民出版社 (People's Press)။ 
  17. Zhang Binsheng (張儐生) (1982). 魏晉南北朝政治史. Taipei: 中國文化大學 (Chinese Culture University Press)။ 
  18. (1998) in Gao Min (高敏): 中國經濟通史 魏晉南北朝經濟卷. Hong Kong: 經濟日報出版社 (Economics Daily Press)။ 
  19. Luo Kun (羅琨) (1998). 中國軍事通史 三國軍事史. Beijing: 軍事科學出版社 (Military Science Press)။ 
  20. Luo Kun (羅琨) (1998). 中國軍事通史 三國軍事史. Beijing: 軍事科學出版社 (Military Science Press)။ 
  21. The Yellow Turban Uprising (28 June 2011)။ 7 March 2015 တွင် ပြန်စစ်ပြီး။ “The reasons for the uprising are to be sought in the aggravating economic situation for many peasants. Endebted to rich landowners, peasants could often only survive when selling their land and becoming tenant farmers. Additionally to the high rent for the fields the worked, tenant farmers had to deliver corvée labour for their master and had to serve for all kinds of means, often as soldiers for small private armies. A further problem was that the central government was very weak after the death of Emperor He 漢和帝 (r. 88–105). Only children or very young persons were enthroned, and the factual politics lay in the hands of the empresses and their families, or those of eunuchs. Taxes were often not sufficient to cover the expenses of the government. Local officials were not correctly appointed, offices were sold, and the local governments did not care for a regular administration. This was especially to be seen in the missing administration of the state granaries. In case of drought or natural disasters, there were no means of relief to be delivered to the hungry population. Peasants left their lands and wandered around in search for food and labour.”
  22. ၂၂.၀ ၂၂.၁ de Crespigny 1991a, 1.
  23. de Crespigny 1991a, 1–2.
  24. ၂၄.၀ ၂၄.၁ ၂၄.၂ ၂၄.၃ ၂၄.၄ ၂၄.၅ de Crespigny 1991a, 2.
  25. ၂၅.၀ ၂၅.၁ ၂၅.၂ de Crespigny 1991a, 2–3.
  26. ၂၆.၀ ၂၆.၁ de Crespigny 1991a, 3–4.
  27. ၂၇.၀ ၂၇.၁ ၂၇.၂ ၂၇.၃ ၂၇.၄ de Crespigny 1991a, 3.
  28. ၂၈.၀ ၂၈.၁ ၂၈.၂ ၂၈.၃ ၂၈.၄ de Crespigny 1991a, 6.
  29. de Crespigny 2007, p. 988.
  30. ၃၀.၀ ၃၀.၁ de Crespigny 1991a, 7–8.
  31. ၃၁.၀ ၃၁.၁ ၃၁.၂ ၃၁.၃ ၃၁.၄ ၃၁.၅ ၃၁.၆ de Crespigny 1991a, 7.
  32. ၃၂.၀ ၃၂.၁ ၃၂.၂ ၃၂.၃ ၃၂.၄ ၃၂.၅ ၃၂.၆ ၃၂.၇ de Crespigny 1991a, 4.
  33. de Crespigny 1991a, 4 & 6.
  34. Crespigny 1991, 8.
  35. ၃၅.၀၀ ၃၅.၀၁ ၃၅.၀၂ ၃၅.၀၃ ၃၅.၀၄ ၃၅.၀၅ ၃၅.၀၆ ၃၅.၀၇ ၃၅.၀၈ ၃၅.၀၉ ၃၅.၁၀ ၃၅.၁၁ ၃၅.၁၂ ၃၅.၁၃ de Crespigny 1991a, 8.
  36. ၃၆.၀ ၃၆.၁ ၃၆.၂ ၃၆.၃ de Crespigny 1991a, 21.
  37. de Crespigny 1991a, 8 & 21.
  38. ၃၈.၀ ၃၈.၁ de Crespigny 1991a, 9.
  39. ၃၉.၀ ၃၉.၁ ၃၉.၂ ၃၉.၃ ၃၉.၄ ၃၉.၅ ၃၉.၆ ၃၉.၇ ၃၉.၈ ၃၉.၉ de Crespigny 1991a, 10.
  40. ၄၀.၀ ၄၀.၁ ၄၀.၂ ၄၀.၃ de Crespigny 1991a, 10–11 & 21–22.
  41. ၄၁.၀ ၄၁.၁ ၄၁.၂ de Crespigny 1991a, 10–11.
  42. ၄၂.၀ ၄၂.၁ ၄၂.၂ ၄၂.၃ ၄၂.၄ ၄၂.၅ de Crespigny 1991a, 11.
  43. ၄၃.၀၀ ၄၃.၀၁ ၄၃.၀၂ ၄၃.၀၃ ၄၃.၀၄ ၄၃.၀၅ ၄၃.၀၆ ၄၃.၀၇ ၄၃.၀၈ ၄၃.၀၉ ၄၃.၁၀ ၄၃.၁၁ ၄၃.၁၂ de Crespigny 1991a, 12.
  44. de Crespigny 1991a, 11–12.
  45. de Crespigny 1991a, 12–13.
  46. de Crespigny 1991a, 13 & 20.
  47. de Crespigny 1991a, 12–13 & 22.
  48. ၄၈.၀ ၄၈.၁ de Crespigny 1991a, 22.
  49. de Crespigny 1991a, 13 & 16.
  50. de Crespigny 1991a, 16.
  51. ၅၁.၀ ၅၁.၁ ၅၁.၂ ၅၁.၃ ၅၁.၄ de Crespigny 1991a, 13.
  52. Taylor, Keith Weller (1 April 1991). "The Birth of Vietnam". University of California Press – via Google Books.
  53. Taylor 1983, p. 70.
  54. ၅၄.၀ ၅၄.၁ ၅၄.၂ de Crespigny 1991a, 31.
  55. ၅၅.၀ ၅၅.၁ ၅၅.၂ ၅၅.၃ ၅၅.၄ ၅၅.၅ ၅၅.၆ ၅၅.၇ ၅၅.၈ de Crespigny 1991a, 32.
  56. Byington, Mark E. "Control or Conquer? Koguryǒ's Relations with States and Peoples in Manchuria," Journal of Northeast Asian History volume 4, number 1 (June 2007):93.
  57. de Crespigny၊ Rafe (November 2003)။ The Three Kingdoms and Western Jin: A history of China in the Third Century AD။ Australian National University။ 2015-01-31 တွင် ပြန်စစ်ပြီး။
  58. Burton Watson (1971). Chinese Lyricism:: Shih Poetry from the Second to the Twelfth Century. Columbia University Press. ISBN 0-231-03464-4 
  59. Knechtges (2010), p. 174.
  60. Victor H. Mair, ed. (2012). "The Biography of Hua-t'o from History of the Three Kingdoms". The Shorter Columbia Anthology of Traditional Chinese Literature. Columbia University Press. p. 441. ISBN 978-0-231-50562-8. 
  61. Craig J. Reynolds. Seditious Histories: Contesting Thai and Southeast Asian Pasts, Washington: University of Washington Press, 2006.

ကျမ်းပြုစာစုစာရင်းများပြင်ဆင်

အခြားဖတ်မှတ်ရန်ပြင်ဆင်

  • Sima, Guang (1952). The Chronicle of the Three Kingdoms (220-265) Chapters 69-78 from the Tz*U Chih T'ung Chien, translated by Achilles Fang, Glen William Baxter and Bernard S. Solomon, Cambridge, MA: Harvard University Press။ 
  • Hill, John E. 2004. The Peoples of the West from the Weilue 魏略 by Yu Huan 魚豢: A Third Century Chinese Account Composed between 239 and 265. University of Washington, Draft annotated English translation.