သုံးပြည်ထောင်ခေတ် (ကိုရီးယား)

မပေါင်းစည်းခင် ပြည်ထောင်များ (၅၇ ဘီစီအီး - ၆၈ စီအီး)

သုံးပြည်ထောင်ခေတ်(三国時代) (ကိုရီးယား: 삼국시대)ဆိုသည် ဂိုဂူလျောပက်ကျဲရှီလာဟူ၍ ပြည်ထောင် ၃ ခု ကွဲခဲ့သည့်ကာလကို ရည်ညွှန်းသည်။ [၁] ဂိုဂူလျောသည် နောက်အခါ ဂိုလျောဟူ၍ ဖြစ်လာပြီး ယနေ့ ကိုရီးယားဟူသော ဝေါဟာရ၏ အရင်းတည်ရာလည်း ဖြစ်သည်။ သုံးပြည်ထောင်ခေတ်ကို ခရစ်တော်မပေါ်မီ ၅၇ နှစ်မှ ခရစ်တော်ပေါ်ပြီး ၆၆၈ ခုအထိဟု သတ်မှတ်ကြသည်။ သုံးပြည်ထောင်ခေါ်သော်လည်း မြောက်ပိုင်း မန်ချူးရီးယားအနီးတွင် ဒုံယီ၊ တောင်ပိုင်း၌ အုတ်ဂျို၊ ဘူယို စသော အင်အားကောင်းသော ပြည်ထောင်ငယ်တို့အပြင် အခြား ခွဲထွက်ပြည်ထောင် ၇၈ ခုမျှ ရှိခဲ့သည်။

သုံးပြည်ထောင်ခေတ်တွင် ကိုရီးယားကျွန်းဆွယ်အပြင် မန်ချူးရီးယား၏တဝက်မျှကိုပင် ပိုင်သည်။ [၂] တောင်ပိုင်းရှိ ပတ်ဂျီနှင့် ရှီလာတို့မှာ ကိုရီးယားကျွန်းဆွယ်တောင်ပိုင်းနှင့် တမ္မနာ (ယနေ့ ဂျယ်ဂျူးကျွန်း) တို့ကို အုပ်ချုပ်ပြီး ဂိုဂူလျောမှာ လျောင်ဒုံကျွန်းဆွယ်၊ ကိုရီးယားကျွန်းဆွယ်မြောက်ပိုင်းနှင့် မန်ချူးရီးယားမြေတို့ကို ပိုင်သည်။

၇ ရာစုတွင် တရုပ်မှ ထန်မင်းဆက်အကူအညီဖြင့် ရှီလာသည် ပတ်ဂျီနှင့် ဂိုဂူလျောတို့ကို အောင်နိုင်ကာ ကိုရီးယားပြည်ကို တစုတစည်းတည်းဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ တပြည်လုံးကို ရပြီးနောက် ထန်မင်းဆက်က စစ်ဘက်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ရာ ရှီလာပြည်က ပြန်တွန်းလှန်သဖြင့် ရှီလာ-တန်စစ်ပွဲဖြစ်ပွားရာ ရှီလာတပ်များက ၆၇၆ ခုတွင် အပြီးတိုင် တွန်းလှန်နိုင်သဖြင့် နှောင်းကာလကို ပေါင်းစည်းသောရှီလာပြည် သို့မဟုတ် ရှီလာခေတ်နှောင်း (၆၆၈-၉၃၅) ဟု ခေါ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. Peterson, Mark, 1946- (2010). A brief history of Korea. ISBN 978-1-78785-286-0.
  2. Kotkin, Stephen; Wolff, David (2015-03-04). Rediscovering Russia in Asia: Siberia and the Russian Far East: Siberia and the Russian Far East. Routledge. ISBN 9781317461296.