သုံးရောင်ခြယ်ကြောင် (Calico Cat)သည် အသွေးအရောင် သုံးမျိုး ပါဝင်သည့် မည်သည့်မျိုးရှိသည့် အိမ်မွေးကြောင် ကိုမဆို ခေါ်ဝေါ်ခြင်း ဖြစ်သည်။ သုံးရောင်ခြယ်ကြောင်တွင် ပုံမှန်အားဖြင့် 25% မှ 75% အထိ ရှိသောအဖြူရောင် နှင့်အတူ လိမ္မော်ရောင်နှင့် အနက်ရောင်အကွက်ကြီးများ (သို့မဟုတ် တစ်ခါတစ်ရံ ခရင်မ်နှင့် မီးခိုးရောင်အကွက်များ) များ ပါရှိကြသည်။ သို့သော် အခြားသော အရောင်များဖြင့်လည်း ဤအရောင်သုံးပုံစံ မျိုးရှိနိုင်သည်။ ရှားပါးသည့် မျိုးရိုးဗီဇအခြေအနေများမှလွဲ၍ ၎င်း သုံးရောင်ခြယ်ကြောင်များ အားလုံးနီးပါးသည် အမ များဖြစ်ကြသည်။

သုံးရောင်ခြယ်ကြောင်
သုံးရောင်ခြယ်ကြောင် ညီအစ်မများ

သုံးရောင်ခြယ်ကြောင်သည် အနက်ရောင်/လိမ္မော်ရောင် သို့မဟုတ် မီးခိုးရောင်/ခရင်မ်များသာ အများစုပါရှိသော လိပ်ခွံရောင်ကြောင်နှင့် ရောထွေးနိုင်သည်။ ရံဖန်ရံခါတွင်၊ သုံးရောင်ခြယ်ပုံစံတွင် ကွက်ကျားပုံစံ (tabby patterning) များ ပေါင်းစပ်ပါဝင်နိုင်သည်။

သုံးရောင်ခြယ်ကြောင် ဆိုသည်မှာ ကြောင် ခန္ဓာကိုယ် အမွှေးအမျှင်များ၏ အရောင်များ ပေါင်းစပ်ပါဝင်သည့် ပုံစံကိုသာ ရည်ညွန်းခြင်းဖြစ်ပြီး ကြောင် အမျိုးအနွယ်ကို အခြားသောအလက္ခဏာရပ်များကို ရည်ညွှန်းခြင်း မဟုတ်ပါ။

သုံးရောင်ခြယ်ကြောင်များ၏ အရောင်အသွေးဖြစ်ပေါ်ခြင်းကို သတ်မှတ်သည့် မျိုးရိုးဗီဇ အချက်အလက်များသည် X ခရိုမိုဆုမ်း နှင့်ဆက်နွယ်မှု ရှိသောကြောင့် ၎င်းကြောင်များ အားလုံးနီးပါသည် အမ များသာ ဖြစ်နေကြခြင်း ဖြစ်သည်။ ဤတွင် အရောင်တစ်ရောင်သည် မိခင်၏ X ခရိုမိုဆုမ်းနှင့် ဆက်နွယ်ပြီး ဒုတိယအရောင်သည် ဖခင်၏ X ခရိုမိုဆုမ်းနှင့် ဆက်နွယ်သည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

သုံးရောင်ခြယ်ကြောင်များ၏ အရောင်အသွေးပုံစံသည် ကြောင်အမျိုးအနွယ်နှင့် မသက်ဆိုင်ဘဲ မျိုးရိုးဗီဇ အကြောင်းတိုက်ဆိုက်၍ ဖြစ်သဖြင့် အထူးတလည် သတ်မှတ်ထားသော သမိုင်းကြောင်းနောက်ခံ မရှိပေ။ သို့သော်လည်း Neil Todd ၏ ဥရောပနှင့် မြောက်အမေရိက ကုန်သည်လမ်းကြောင်းတစ်လျှောက် အိမ်မွေးကြောင်များ ရွှေ့ပြောင်းပျံနှံ့ခြင်း လေ့လာမှုတွင် ခြေရာခံတွေ့ရှိနိုင်သည်။