သူစိဃရသိက္ခာပုဒ်
အမှု—အလိုက်မသိဘဲ အပ်ဗူးအများကို တောင်းမှု။
အမှုသည်—ရဟန်းအများ။
ရဟန်းများ အလိုက်မသိမှု
ပြင်ဆင်ရန်ကပိလဝတ်မြို့တော်ဝယ် ဆင်စွယ်အလုပ်သ္မားတယောက်သည် ရဟန်းတို့အား “အပ်ဗူးအလိုရှိလျှင် တောင်းပါ” ဟုဖိတ်ထား၏၊ ရဟန်းတို့သည် အလိုက်မသိဘဲ (မည်မျှ လောက်တောင်းလျှင် တော်လောက်ပြီဟု အတိုင်းအရှည်ပမာဏကို မသိဘဲ) များစွာသော အပ်ဗူးတို့ကို တောင်းကြလေသည်၊ နဂိုက အပ်ဗူးအကြီးရှိသူကလည်း အပ်ဗူးငယ်ကို တောင်းကြ အပ်ဗူးအငယ် ရှိသူတို့ကလည်း အပ်ဗူး အကြီးကို တောင်းကြလေသည်၊ ထိုဆင်စွယ်အလုပ်သ္မားသည် ရဟန်းများအတွက် အပ်ဗူးလုပ်ပေးနေရသောကြောင့် ရောင်းဘို့ ပစ္စည်းများကို မလုပ်အားတော့ချေ၊ တဖြည်းဖြည်းနှင့် အိမ်သားအားလုံးပင် စားရေးသောက် ရေးကျပ်တည်းလာကြလေ၏၊ ထိုအကြောင်းကို သိသူ လူတို့က ရဟန်းများကို ကဲ့ရဲ့ပြစ်တင်ကြသောကြောင့် အခြားရဟန်းတို့သည် ဘုရားရှင်ထံ လျှောက် ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ [၁]
သိက္ခာပုဒ်
ပြင်ဆင်ရန်ယော ပန ဘိက္ခု အဋ္ဌိမယံ ဝါ ဒန္တမယံ ဝါ ဝိသာဏမယံ ဝါ သူစိဃရံ ကာရာပေယျ, ဘေဒနကံ ပါစိတ္တိယံ။ [၁]
စာမျက်နှာ-၂၅၈
မြန်မာပြန်
ပြင်ဆင်ရန်အကြင် ရဟန်းသည် အရိုးဖြင့် ပြုအပ်သည်မူလည်း ဖြစ်သော ဆင်စွယ်ဖြင့်ပြုအပ်သည်မူလည်းဖြစ်သော ဦးချိုဖြင့်ပြုအပ်သည်မူလည်းဖြစ်သော အပ်ကျည်(အပ်ဗူး)ကို ပြုလုပ်စေအံ့၊ ထိုရဟန်းမှာ ခွဲခြင်းရှိသော ပါစိတ်အာပတ် သင့်၏။[၁]