သူစိမ်းအိမ်
သူစိမ်းအိမ်ရုပ်ရှင်သည် ၂၀၁၉ခုနှစ်က ရုံတင်ပြသခဲ့သော မြန်မာရုပ်ရှင်ကားတစ်ကားဖြစ်သည်။ ဒါရိုက်တာထူးပိုင်ဇော်ဦး၏ ဒုတိယမြောက်ရုပ်ရှင်ကားဖြစ်ပြီး လွင်မိုး၊ ရှိန်း၊ ချာလီ၊ ထွန်းအိန္ဒြာဗို၊ လင်းဇာနည်ဇော်၊ ဖွေးဖွေး၊ မြတ်နိုးအေးတို့က အဓိကသရုပ်ဆောင်ထားသည်။ဤဇာတ်ကားတွင် စိတ္တဇဇာတ်ကွက်များ ပါဝင်သဖြင့် အသက်၁၃နှစ်အောက်ကလေးများကြည့်ရန်မသင့်ကြောင်း သတ်မှတ်ထားသည်။ ဇာတ်လမ်းတစ်ခုလုံး ပရိသတ်များအား သည်းထိတ်ရင်ဖိုဖြစ်စေကာ စိတ်ဝင်စားဖွယ် ရိုက်ချက်၊ ပြကွက်၊ မြှပ်ကွက်များဖြင့် ဆွဲဆောင်ထားသော ဇာတ်ကားတစ်ကားဖြစ်သည်။[၁][၂][၃][၄]
သူစိမ်းအိမ် | |
---|---|
အခြေခံအချက်အလက် | |
ဒါရိုက်တာ | ထူးပိုင်ဇော်ဦး |
စာရေးသူ | ခမ်းမွန် |
သရုပ်ဆောင် |
|
နိုင်ငံ | မြန်မာ |
ဘာသာစကား | မြန်မာ |
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း | |
ဖြန့်ချိသည့်နေ့ |
|
အနှစ်ချုပ်
ပြင်ဆင်ရန်မန္တလေးတွင်နေသော နွေဦးနှင့် ကေသီတို့သည် ရန်ကုန်သို့အလည်လာစဉ် အခြေအနေအရ သူငယ်ချင်းဖြစ်သူ မြ၏အိမ်သို့ ရောက်ရှိသွားသည်။ အစပိုင်းတွင် ပျော်ရွှင်စရာ အိမ်အဖြစ်မြင်တွေ့ရသော်လည်း နောက်ပိုင်းတွင် ချောက်ချားစရာများဖြစ်လာပြီး ထိုအိမ်မှာ စိတ္တဇအိမ်ဖြစ်ကြောင်းသိလာခဲ့ရသည်။ သို့သော် ထိုအခါတွင် အချိန်နှောင်းသွားပြီဖြစ်သည်။
ရိုက်ကူးခြင်း
ပြင်ဆင်ရန်စိတ္တဇမိသားစု
ပြင်ဆင်ရန်- ဦးနေအောင်အဖြစ် လွင်မိုး - မြ၏ဖခင်ဖြစ်ကာ ရတနာဆိုင် ပိုင်ရှင်
- ဒေါ်ရင်ရင်အဖြစ် ထွန်းအိန္ဒြာဗို - မြ၏မိခင်
- မြအဖြစ် ကူးကူးဇင်အောင် - ရန်ကုန်တွင်နေထိုင်ကာ လူမှုကွန်ယက်တွင် လူသိပ်သိမခံသော နွေဦး၏ သူငယ်ချင်း
- အိမ်နီးချင်းအဖြစ် ဂျိုကာ
နွေဦးပတ်ဝန်းကျင်မှလူများ
ပြင်ဆင်ရန်- နွေဦး အဖြစ် ဖွေးဖွေး- မိခင်သေဆုံးသွားပြီး ဖခင်၏ အချိန်ပေးခြင်းမခံရသော မိန်းကလေးတစ်ဦးဖြစ်ကာ ရန်ကုန်တွင် ရည်းစားရှိသူ
- မျိုးသစ် အဖြစ် ချာလီ- နွေဦး၏ ရည်းစား
- ကေသီ အဖြစ် မြတ်နိုးအေး - နွေဦး၏ သူငယ်ချင်း
- ရှိန်းအဖြစ် ရှိန်းတင်ထူး - မျိုးသစ်၏ သူငယ်ချင်း
ကိုးကား
ပြင်ဆင်ရန်- ↑ "ဘယာနကရသအပြည့်နဲ့ သူစိမ်းအိမ်"၊ Eleven Media၊ ၉ ဩဂုတ် ၂၀၁၉။ Archived from the original on 30 December 2020။
- ↑ "သူစိမ်းအိမ်ရုပ်ရှင်ရိုက်ကူးရင်းသိလာခဲ့တဲ့ဖွေးဖွေးအကြောင်းပြောပြတဲ့မြတ်နိုးအေး"။
- ↑ "သူစိမ်းအိမ်ရုပ်ရှင်စာနယ်ဇင်းရှင်းလင်းပွဲ"။ 25 September 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 25 September 2021။
- ↑ "သူစိမ်းအိမ်ရုပ်ရှင်"။