အမရဌာနီ အနောက်ရပ် အမှတ်(၁၀)လမ်းနှင့် ၇၉-လမ်းထောင့်တွင် တည်ရှိသည်။ မြောက်ပြင်သူရဲတပ်အနီး တည်ရှိသဖြင့် သူရဲဈေးဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။ ရွှေဘုံသာဘုရား၏ အနောက်မြောက်ဘက်တွင် ရှိခဲ့ဖူးသည့် သူရဲဈေးမှာ ရှေးခေတ်အခါက ထင်ရှားသော ဈေးကြီးတစ်ခု ဖြစ်ခဲ့သည်။ သူရဲဈေးအနီးရှိ မီးရထားဘူတာရုံမှာလည်း သူရဲဈေးဘူတာဟု အမည်တွင်ပါသည်။ ရတနာပုံခေတ်ကာလ၌ သူရဲဈေး၊ သမီးတော်ဈေး၊ ယိုးဒယားဈေး၊ ပုဏ္ဏားဈေး စသည်တို့မှာ မန္တလေးဆင်ခြေဖုံးဒေသများနှင့် ကုန်ဖလှယ်ရောင်းဝယ်ရာဌာနများ ဖြစ်ကြ၏။ သူရဲဈေးဟောင်းမြောက်ဘက် အကွက်အမှတ် ၃၆ နေရာမှာ ဆရာစံဘောလုံးကွင်းကို အကြောင်းပြု၍ ဆရာစံဈေးဟု ပေါ်ပေါက်လာခဲ့သည်။

[၁]

ကိုးကား ပြင်ဆင်ရန်

  1. တင်နိုင်တိုး၊ မြို့တော်သမိုင်း မန္တလေး၊ စာ-၁၅၂