သူလိုလူ (ဝတ္ထု)
သူလိုလူ သည် ဂျာနယ်ကျော်မမလေး၏ ထင်ရှားသည့် စာအုပ်တစ်ခု ဖြစ်သည်။ ဂျာနယ်ကျော်မမလေးသည် ခင်ပွန်းဖြစ်သူ ဦးချစ်မောင်၏ အတ္ထုပ္ပတ္တိကို သူလိုလူ ဝတ္ထုဖြင့် ရေးသားထားသည်။[၁]
သူလိုလူ ဧကဒဿမအကြိမ်မြောက်စာအုပ်၏ မျက်နှာဖုံး | |
စာရေးသူ | ဂျာနယ်ကျော်မမလေး |
---|---|
နိုင်ငံ | မြန်မာနိုင်ငံ |
ဘာသာစကား | မြန်မာ |
အမျိုးအစား | အတ္ထုပ္ပတ္တိ |
မီဒီယာ အမျိုးအစား | ပုံနှိပ် |
အကြောင်းအရာ
ပြင်ဆင်ရန်ဤစာအုပ်တွင် ဂျာနယ်ကျော်မမလေးသည် ဦးချစ်မောင်နှင့် စတင်တွေ့ရှိခဲ့ပုံမှစ၍ သေဆုံးသွားသည့်အချိန်အထိ ဦးချစ်မောင်အကြောင်းကို ရေးသားတင်ပြထားသည်။ ဦးချစ်မောင်၏ လေးစားဖွယ်ကောင်းသည့် ရိုးဂုဏ်ကိုလည်း တွေ့ရှိနိုင်သည်။ ထို့ပြင် ဦးချစ်မောင် ရေးသားခဲ့သည့် နေ့စဉ်မှတ်တမ်းများကိုလည်း ဖော်ပြထားပေသည်။
သူလိုလူ ဝတ္ထုသည် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်းခံရသည်။ ထိုစာအုပ်၏ အမည်မှာ A Man Like Himဖြစ်သည်။[၁]