သူသူရှိန် သည် ဝဿန်ရုပ်ရှင်ပွဲတော်[၂] ဦးဆောင်သူ ပွဲတော်ဒါရိုက်တာတစ်ဦးဖြစ်ပြီး[၃] ရုပ်ရှင်ဓာတ်ပုံနှင့် ရုပ်ရှင်ဒါရိုက်တာတစ်ဦးလည်း ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် ဝဿန်ရုပ်ရှင်ပွဲတော်ကို စတင်ကျင်းပခဲ့ပြီး ယင်းရုပ်ရှင်ပွဲတော်ဖြစ်မြောက်ရေးတွင် ပါဝင်ခဲ့သည်။ ဝဿန်ရုပ်ရှင်ပွဲတော်ဒါရိုက်တာအဖြစ် ထိုစဉ်မှစ၍ ယနေ့အထိ တာဝန်ယူဆောင်ရွက်နေသည်။[၄] ၂၀၁၀ တွင် ချက်သမ္မတနိုင်ငံ အနုပညာအကယ်ဒမီ၏ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားကျောင်းမှ ရုပ်ရှင်နှင့် ဒီဂျစ်တယ်မီဒီယာ မဟာဘွဲ့ရရှိခဲ့သည်။ ၂၀၁၇ ၌ ထိုင်ဝမ်ယဉ်ကျေးမှုဝန်ကြီးဌာနက သူသူရှိန်ကို အရှေ့တောင်အာရှအကြံပေးကော်မတီ အဖွဲ့ဝင်အဖြစ်ခန့်အပ်ခဲ့၍ ၂၀၁၈ ထိုင်ဝမ်နိုင်ငံတကာ မှတ်တမ်းရုပ်ရှင်ပွဲတော်၏ ဒိုင်တစ်ဦးအဖြစ်လည်းဆောင်ရွက်ခဲ့သည်။[၁][၅]

သူသူရှိန်
နိုင်ငံသားမြန်မာ
ပညာရေးရုပ်ရှင်နှင့် ပြဇာတ်အနုပညာဘွဲ့ (အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်))
ရုပ်ရှင်နှင့် ဒီဂျစ်တယ်မီဒီယာ မဟာဘွဲ့ (Film and TV School of the Academy of Performing Arts, Prague)[၁]
အလုပ်အကိုင်ရုပ်ရှင်ဒါရိုက်တာ၊ ထုတ်လုပ်သူ

ကိုးကား ပြင်ဆင်ရန်