သူ မင်းကို ဘယ်တော့မှ သည် မြန်မာစာရေးဆရာမ ဂျူး ရေးသားသည့် လုံးချင်းဝတ္ထု ဖြစ်သည်။ မကွေးတိုင်း၊ စလင်းမြို့အနီး ဖောင်းလင်းရွာနေ အေးငြိမ်းမေ အမည်ရှိ မိန်းမငယ်တစ်ဦး၏ ဘဝကို မေးခွန်းဆယ်ခုဖြင့် ပုံဖော်ထားခြင်း ဖြစ်သည်။ ဂျူးစာပေမှ ၂၀၀၉ ခု၊ ဩဂုတ်လတွင် ဖြန့်ချိသည်။