သေနာဝါသသိက္ခာပုဒ်
အမှု—စစ်တပ်၌ ကြာရှည်စွာ နေမှု။
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။
၃-ညဉ့်ထက်ပို၍ စစ်တပ်၌နေမှု
ပြင်ဆင်ရန်သာဝတ္ထိမြို့၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် စစ်တပ်သို့ သွားထိုက်သော အကြောင်းကြောင့် သွားကြပြီးနောက် ထိုစစ်တပ်ထဲ၌ ၃-ညဉ့်ထက်ပို၍ နေကြလေသည်၊ ထိုအခါ လူတို့က ကဲ့ရဲ့ကြသည်မှာ- “အကြင် ငါတို့မှာ အသက်မွေးဝမ်းကျောင်းအတွက် သားကျွေးမှု မယားကျွေးမှုအတွက်ကြောင့် စစ်တပ်မှာ နေကြရသည်၊ ထိုငါတို့မှာ ဘဝကို အရမတော်ကြကုန်, ထိုငါတို့မှာ လူ့ အဖြစ်ကို မကောင်းသဖြင့် ရအပ်၏၊ ရဟန်းတော်တွေကား (အနေသာသားနှင့်) ဘာကြောင့် စစ်တပ်ထဲမှာ နေကြရသနည်း” ဤသို့ ကဲ့ရဲ့ကြသည်ကို ဗုဒ္ဓ ရှင်တော်ကြားတော်မူရ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်
ပြင်ဆင်ရန်သိယာ စ တဿ ဘိက္ခုနော ကောစိဒေဝ ပစ္စယော သေနံ ဂမနာယ, ဒိရတ္တတိရတ္တံ တေန ဘိက္ခုနာ သေနာယ ဝသိတဗ္ဗံ။ တတော စေ ဥတ္တရိ ဝသေယျ, ပါစိတ္တိယံ။
မြန်မာပြန်
ပြင်ဆင်ရန်ထိုရဟန်းမှာ စစ်တပ်သို့ သွားဘို့ရန် လုံလောက်သော အကြောင်း တစုံတရာရှိအံ့၊ (ဆွေမျိုး၏ မမာမကျန်း ဖြစ်၍ ပင့်လျှောက်ခြင်း, တရားဟောဘို့ ကိစ္စရှိခြင်းစသော လုံလောက်သော အကြောင်းကိစ္စ ရှိအံ့ဟူလို၊) ထိုရဟန်းသည် သွားကောင်း၏၊ ရှေ့သိက္ခာပုဒ်အရ အာပတ်မသင့်’ဟူလို၊ သို့သော် ထိုရဟန်းသည် ၂-ညဉ့်ဖြစ်စေ အလွန်ဆုံး ၃-ညဖြစ်စေ စစ်တပ်၌နေနိုင်၏၊ ထို ၃-ညဉ့် ထက်လွန်၍ နေလျှင် ပါစိတ်အာပတ်သင့်သည်။ [ဤသိက္ခာပုဒ်၌ “ကောစိဒေဝပစ္စယော” အရနှင့် ရှေ့သိက္ခာပုဒ်လာ “တထာရူပ ပစ္စယာ”အရသည် သဘောဟုပင်တည်း။]