သေရေယျက
အရှင်သေရေယျကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]
ဘဝဇာတ်ကြောင်း
ပြင်ဆင်ရန်အရှင်သေရေယျထေရ် သည် ဗေဒင်သုံးပုံကို တတ်မြောက်သည့်သူ ဖြစ်၏။ တစ်ခုသောအချိန်တွင် လွင်ပြင်၌ မြတ်စွာဘုရားကို ဖူးမြင်ရ၏။ ထိုအခါ အရှင်သေရေယျထေရ် သည် လိပ်ဆူးရွှေပန်းကို ယူကာ မြတ်စွာဘုရားအား ပူဇော်ခဲ့၏။[၁]
အကျိုးခံစားရခြင်း
ပြင်ဆင်ရန်ထိုသို့ မြတ်စွာဘုရားအား ပန်းပူဇော်ခဲ့သည့် အကျိုးကြောင့် ကမ္ဘာတစ်သိန်းပတ်လုံး အပါယ်လေးဘုံသို့ မရောက်ခဲ့ရပေ။ ဤဘဒ္ဒကမ္ဘာမှ တစ်သောင်းငါးထောင်သော ကမ္ဘာထက်တွင် “ဝီတမလ” အမည်ဖြင့် စကြဝတေးမင်း နှစ်ဆယ့်ငါးကြိမ် ဖြစ်ခဲ့၏။[၁]
ဂေါတမမြတ်စွာဘုရားထက်ထက်
ပြင်ဆင်ရန်နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်သေရေယျကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]