သောက်ဆမ်း သည် အရည်ကျဲကျဲချက်သော ဟင်းမျိုးဖြစ်သည်။ များသောအားဖြင့် သားငါးတို့ကို သောက်ဆမ်းအဖြစ် ချက်တတ်သည်။ ဟင်းနှစ်ဖြင့် ချက်သောအခါ အအီပြေစေရန် အစားထိုးစရာ လိုသည်။ ယင်းအတွက် ဟင်းရံဖြစ်စေ ဟင်းချိုဖြစ်စေ လိုက်ရသည်။ သို့ဖြစ်ရာ ဟင်းချိုအဖြစ် သောက်နိုင်အောင် ဟင်းနှစ်နည်းနည်းဖြင့် ဟင်းခတ်အမွှေးအကြိုင်သုံးကာ အရည်ကျဲကျဲ ချက်ပါက အစွန်းလွတ်သော ဟင်းတမယ် ဖြစ်လာသည်။

သောက်ဆမ်းကြီး ပြင်ဆင်ရန်

ဟင်းလည်းမဟုတ်၊ ဟင်းချိုလည်းမခေါ်နိုင်သည့် ထူးခြားသော ဟင်းမျိုးဖြစ်သကဲ့သို့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်နှင့်မတူ ဟိုသည်လည်းမဟူ၊ ဤသည်လည်း မမည် ထွေလည်ထူးဆန်းပါက သောက်ဆမ်းကြီး ဟူသော ဝေါဟာရကို သုံးစွဲလေ့ရှိသည်။