၁၉၄၅ ခုနှစ်၊ရွှေဘိုခရိုင်၊ရေဦးမြို့တွင်မွေးဖွားသည်။ အမည်ရင်းမှာ သောင်းဝေဖြစ်သည်။၁၉၆၁ ခုနှစ်တွင် ရေဦးမြို့၊ အစိုးရအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်၍ ရန်ကုန်တက္ကသိုလ်သို့တက်ရောက်ခဲ့သည်။၁၉၆၅ ခုနှစ်၌ ဝိဇ္ဇာဘွဲ့ရရှိသည်။၁၉၆၆ ခုနှစ်တွင်တပ်မတော်သို့ဝင်ရောက်၍ ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၃၆)ကိုတက်ရောက်ခဲ့ပြီး ၁၉၆၇ ခုနှစ်တွင်တပ်မတော်(ကြည်း)၌ ဒုတိယဗိုလ်အဆင့်ဖြင့် အမှတ်(၁၉) ခြေလျင်တပ်ရင်းတွင်တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ရာထူးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်ပြီးနောက် ဗိုလ်မှူးကြီးအဆင့်ဖြင့် စစ်ကိုင်းအခြေစိုက် တပ်မ၃၃ ဗျူဟာမှူးတာဝန်မှ အရပ်ဘက်ဖြစ်သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ ကူးပြောင်းခဲ့သည်။

စစ်သမိုင်းနှင့် ကိုယ်တွေ့မှတ်တမ်း စာအုပ် အမြောက်အမြားရေးသား ထုတ်ဝေခဲ့သည်။ အတွဲလေးတွဲပါဝင်သော စစ်သားဘဝ အမှတ်တရများစာအုပ်သည် ထင်ရှားသော လက်ရာတစ်ခု ဖြစ်သည်။