သဲစု
မသဲစု သည် မြန်မာနိုင်ငံသား အမျိုးသမီး ကိုယ်ကာယအားကစားမယ်တစ်ဦး ဖြစ်သည်။[၄] ၁၁ ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် တတိယဆု[၁]၊ ၁၆ ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် အားကစားပြိုင်ပွဲတွင် ပထမဆု၊[၃]၊ ၅၃ ကြိမ်မြောက် အာရှကာယဗလနှင့် ကိုယ်ကာယအားကစားပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆုများ ရရှိခဲ့သည်။[၂]
ကိုယ်ရေးအချက်အလက် | ||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
အမျိးသား အသင်း | မြန်မာနိုင်ငံ | |||||||||||||||||||||
ဇာတိ | ဒလမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး | |||||||||||||||||||||
တက်ကြွနှစ်များ | ၂၀၁၉ | |||||||||||||||||||||
အားကစား | ||||||||||||||||||||||
နိုင်ငံ | မြန်မာနိုင်ငံ | |||||||||||||||||||||
အားကစား | ကိုယ်ကာယအားကစား | |||||||||||||||||||||
အောင်မြင်မှုများနှင့် တံဆိပ်များ | ||||||||||||||||||||||
ကမ္ဘာ့ ဗိုလ်လုပွဲများ |
| |||||||||||||||||||||
ဒေသတွင်း ဗိုလ်လုပွဲများ | ||||||||||||||||||||||
ဆုတံဆိပ် မှတ်တမ်း
|
၂၀၁၄ ခုနှစ် ပဉ္စမတန်း နောက်ဆုံးစာမေးပွဲ ဖြေအပြီး နွေရာသီအေရိုးဗစ်သင်တန်း သွားလျှောက်ခဲ့ရာမှ အားကစားလောကထဲသို့ ရောက်ရှိလာခဲ့သည်။[၅] ထိုမှတဆင့် ခရိုင်အဆင့်၊ တိုင်းအဆင့်များအထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ဆုတံဆိပ်များ ရရှိခဲ့သည်။[၅]
၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်၏ လူရွေးပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ကာယကြံ့ခိုင်မှု အားကစား မြန်မာ့လက်ရွေးစင်ဖြစ်လာခဲ့သည်။[၄]
ရရှိခဲ့သော ဆုတံဆိပ်များ
ပြင်ဆင်ရန်မြို့နယ်၊ ခရိုင်၊ တိုင်းလက်ရွေးစင်ပြိုင်ပွဲများတွင် ဆုတံဆိပ်ပေါင်း ၂၀ ကျော် ရရှိခဲ့သည်။ ၂၀၁၉ ခုနှစ် တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပသော ၁၁ ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် အသက် ၂၁ နှစ်အောက် အမျိုးသမီး အငယ်တန်း ကာယကြံ့ခိုင်မှုတွင် တတိယဆု ကြေးတံဆိပ် ရရှိခဲ့သည်။[၁] ထို့အပြင် ၂၀၁၉ ခုနှစ် မြန်မာနိုင်ငံတွင် ကျင်းပသော ၁၆ ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် အားကစားပြိုင်ပွဲ Women's Fitness Physique Open Category တွင် ရွှေတံဆိပ် ရရှိခဲ့သည်။[၃] ၂၀၁၉ ခုနှစ်မှာပင် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသော ၅၃ ကြိမ်မြောက် အာရှကာယဗလနှင့် ကိုယ်ကာယအားကစားပြိုင်ပွဲ၊ Women's Junior Fitness Physique တွင် ရွှေတံဆိပ်နှင့် Women's Junior Model Physique တွင် ငွေတံဆိပ်များ ရရှိခဲ့သည်။[၂]
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ၁.၂ 11th WBPF Champions 2019 (PDF)။ World Bodybuilding and Physique Sports Federation။ pp. ၁၇။ ၁၈ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ ၂.၂ 53rd Asian Bodybuilding and Physique Championships (PDF)။ World Bodybuilding and Physique Sports Federation။ ၁၈ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ၃.၀ ၃.၁ ၃.၂ 16th SEA Bodybuilding and Physique Sports Championship 2019 (PDF)။ Asian Bodybuilding And Physique Sports Federation။ ၁၈ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ၄.၀ ၄.၁ "ကျူးကျော်နေအိမ်ကနေ ကမ္ဘာ့အဆင့်ဆုတံဆိပ်တွေ ဆွတ်ခူးနိုင်ခဲ့သူ" (in my)၊ Radio Free Asia၊ ၁၃ ဇွန် ၂၀၂၃။
- ↑ ၅.၀ ၅.၁ "မပြည့်မစုံဘဝနဲ့ ကမ္ဘာ့အဆင့် တက်လှမ်းနိုင်ခဲ့တဲ့ ဆယ်ကျော်သက်အားကစားမယ်" (in my)၊ Radio Free Asia၊ ၁၂ ဇွန် ၂၀၂၃။
ဤ မြန်မာနိုင်ငံ အားကစား ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |