သံလိုက်အိမ်မြှောင်
သံလိုက်အိမ်မြှောင်ဆိုသည်မှာ ကမ္ဘာကြီး၏ ဝင်ရိုးစွန်းများတွင် ဖြစ်ပေါ်လျက်ရှိသော သံလိုက်စက်ကွင်း များနှင့် သံလိုက်တို့ အပြန်အလှန် အကျိုးသက်ရောက်ရာမှ မြောက်အရပ်ကို ညွှန်ပြနိုင်သော လမ်းညွှန် သံလိုက်ကို ခေါ်သည်။ ၎င်းကိရိယာအား တရုတ်လူမျိုးများ တီထွင်ခဲ့ကြသည်။သံလိုက်အိမ်မြှောင်ထဲရှိလက်တံကိုသံဖြင့်ပြုလုပ်ထားပါသည်။
အသုံးဝင်ပုံ
ပြင်ဆင်ရန်သံလိုက်အိမ်မြှောင်သည် ကမ္ဘာမြေကြီး၏ သံလိုက်စက်ကွင်းကို အမှီပြုပြီး အရပ်လေးမျက်နှာကို ရှာဖွေနိုင်သည့် လမ်းညွှန်၊ လမ်းပြ ကိရိယာတစ်မျိုးဖြစ်သည်။ ၎င်းတွင် သံလိုက်ဓာတ်ရှိသည့် မျှားတံတစ်ခုပါဝင်ပြီး များသောအားဖြင့် မြောက်အရပ်ကို ညွှန်ပြလေ့ ရှိသည်။ သံလိုက်အိမ်မြှောင် ပေါ်ပေါက်လာခြင်းသည် ခရီးသွားလာခြင်း အထူးသဖြင့် ပင်လယ်ခရီးနှင်ရာတွင် များစွာ အထောက်အကူ ဖြစ်စေသည်။
သံလိုက်အိမ်မြှောင်ကို တရုတ်တို့သည် ၂ ရာစုမတိုင်မီခေတ်တွင် တီထွင်ခဲ့ပြီး ၁၁ ရာစုမှစ၍ ရေကြောင်းခရီး သွားလာရေးတွင် အသုံးပြုလာကြသည်။ ခေတ်သစ် သံလိုက်အိမ်မြှောင်များ၏ မူလပုံသဏ္ဌာန်ကို ၁၄ ရာစုနှစ်ခန့်တွင် ဥရောပသားများက တီထွင်ခဲ့သည်။ [၂]၂၀ ရာစုခန့်တွင် အတွင်း၌ အရည်ဖြည့်ထားသည့် သံလိုက်အိမ်မြှောင်များ အစားထိုး နေရာယူလာကြသည်။[၃]