သံလိုက်အိမ်မြှောင်
မြောက်အရပ်ကိုညွှန်ပြရန် သံလိုက်ဖြင့်စီမံပြုလုပ်ထားသောကိရိယာကို သံလိုက်အိမ်မြှောင် ဟုခေါ်သည်။ ထိုအိမ်မြှောင်ဖြင့်မြောက်အရပ်ကိုသိခြင်းကြောင့် ကျန်အရပ်သုံးမျက် နှာကိုလည်းသိရှိနိုင်သည်။
အိမ်မြှောင်ကိုအလွယ်ဆုံးပြုလုပ်နည်းမှာ သံလိုက်တစ်ခုနှင့် ပွတ်ထားသောအပ် တစ်ချောင်းကိုဖော့တွင်ထိုးသွင်းပြီးနောက် ရေစလုံထဲတွင်ချထားခြင်းပင်ဖြစ်သည်။ ထိုအခါအပ်သည် မြောက်နှင့်တောင်ကိုညွှန်ပြ၍ ငြိမ်သက်စွာနေသည်ကိုတွေ့ရမည်။ ထိုသံလိုက်အပ်ကိုပင်အလယ်တည့် တည့်မှအပ်ခြည်မျှင်သေးသေးဖြင့် ချည်၍ဆွဲထားလျှင်လည်းအပ်သည် မြောက်နှင့်တောင်ကိုညွှန်ပြနေ မည်ကိုတစ်ဖန်တွေ့ရပေမည်။
သံလိုက်အိမ်မြှောင်ကို ပထမဆုံးမည်သူကစတင်တည်ထွင်ခဲ့သည်ကို မည်သူမျှမပြောနိုင်သော်လည်း ခရစ်နှစ် ၁၂၈၂ ခုလောက်ကမှအိမ်မြှောင်ကိုစတင်၍ အသုံးပြုလာခဲ့သည် ကိုမူသိရလေသည်။ အိမ်မြှောင်မပေါ်မီ နှစ်ထောင်ပေါင်းများစွာ ကပင်လယ်ခရီးသွားတို့သည် အိမ်မြှောင်မရှိသောကြောင့်ကမ်း ခြေတစ်လျှောက်နေ့အချိန်များ၌သာသွားလာကြ၍ ပင်လယ်ထဲသို့ ရဲရဲဝံ့ဝံ့မထွက်ဝံ့ကြချေ။ ကြယ်များကိုကြည့်၍ ပင်လယ်ခရီးကိုအထိုက်အလျောက် သွားလာနိုင်ခဲ့ကြသော်လည်း အိမ်မြှောင်ကြည့်၍သွားရသ ကဲ့သို့ကား လမ်းခရီးကိုတိကျမှန်ကန်စွာမသိနိုင်ချေ။
အိမ်မြှောင်ပေါ်လာပြီးသည့်နောက်တွင်မှပင်လယ် ခရီးသွားလာမှု တစ်မျိုးတစ်မည်တိုးတက်ပြောင်းလဲလာခဲ့ပေသည်။ ဤကဲ့သို့အိမ်မြှောင်များသာမပေါ်ပေါက်ခဲ့ပါက ကိုလံဗတ်သည် အတ္တလန္တိတ်သမုဒ္ဒရာကြီးကိုဖြတ်၍ ကမ္ဘာသစ် (အမေရိကတိုက်) ကိုတွေ့ လိမ့်မည်မဟုတ်ချေ။ ဗက်စကိုဒါဂါးမသည်လည်း အာဖရိကတိုက်တောင်ပိုင်းမှလှည့်၍အိန္ဒိယပြည်သို့ သွားရာ ပင်လယ်လမ်းခရီးကိုတွေ့လိမ့်မည်မဟုတ်ချေ။ ထိုစဉ်အခါက ကိုလံဗတ်အသုံးပြုခဲ့သောအိမ် မြှောင်မှာ ရှေးခေတ်အိမ်မြှောင်ကိုပြုပြင်ထားသဖြင့် ယခုခေတ်သုံးအိမ်မြှောင်နှင့် ခပ်ဆင်ဆင်တူလေသည်။ သံလိုက်အိမ်မြှောင်သည် မြောက်အရပ်ကိုညွှန်ပြသည်ဟုဆိုရသော်လည်း ပထဝီဝင်အလိုအရ မြောက်အရပ်အမှန်တည်ရှိရာ မြောက်စူးစူးသို့တည့်တည့် ညွှန်ပြခြင်းကား မဟုတ်ပေ။ (သံလိုက်ပြမြောက် ဝန်ရိုးစွန်းသည် ပထဝီဝင်ပြ မြောက်ဝင်ရိုးစွန်းဖြစ်သော မြောက်ဝင်ရိုးစွန်းအမှန်မှ အနောက်တောင်ဘက်မိုင် ၈ဝဝ အကွာဂရင်းလန်ကျွန်းနှင့် ကနေဒါနိုင်ငံတို့အကြားတစ်နေရာတွင်ရှိသည်။) အင်္ဂလန်ပြည်တွင် အိမ်မြှောင်အပ်သည် မြောက်စူးစူးမှအနောက်သို့ ၁၂ ဒီဂရီခန့်တိမ်းစောင်း၍ညွှန်ပြသည်။ ကမ္ဘာပေါ်ရှိ အခြားနေရာများ၌လည်း တိမ်းစောင်းပုံဒီဂရီအမျိုးမျိုးဖြင့် ညွှန်ပြ၏။
အချို့နေရာ၌မြောက်စူးစူးမှအရှေ့ဘက်သို့၎င်း တိမ်းစောင်းညွှန်ပြ ကြသည်။ အိမ်မြှောင်အပ်ညွှန်ပြသောမြောက်အရပ်ကို သံလိုက်ပြမြောက်အရပ်ဟုခေါ်သည်။ မြောက်အရပ်အမှန်နှင့် သံလိုက်ပြမြောက်အရပ်အကြားရှိထောင့်ကို သံလိုက်လွှဲထောင့် ဟုခေါ်သည်။ ထို့ကြောင့်အင်္ဂလန်ပြည်တွင် သံလိုက်အတိမ်းသည် အနောက်သို့ ၁၂ဒီဂရီ (၁၂ံအနောက်) ဖြစ်သည်ဟုဆိုရသည်။ အင်္ဂလန်တွင်သံလိုက်အိမ်မြှောင်အရ ညွှန်ပြရာအရပ်သည် ၄ဝဒီဂရီအရှေ့ဖြစ် သည်ဟုဆိုပါစို့။ ထိုအခါညွှန်ရာအရပ်မှန်သည် (၄ဝ•၁၂) Ó ၂၈ ဒီဂရီအရှေ့ဖြစ်သည်။ အကယ်၍အိမ်မြှောင်အရ ၄ဝဒီဂရီအနောက်သို့ ညွှန်ပြနေပါက ညွှန်ရာအရပ်မှန်သည် (၄ဝ+၁၂) Ó ၅၂ဒီဂရီအနောက် ဖြစ်လေသည်။
မြောက်ဝင်ရိုးစွန်း၊ တောင်ဝင်ရိုးစွန်းတို့နှင့်နီးကပ်သောနေရာများ၌ သံလိုက်အတိမ်းအလွန်များနိုင် သည်။ ပုံပမာ သံလိုက်ထိမ်းထောင့်သည်အိုက်စလန်ကျွန်း၌ (၃ဝံ အနောက်) ၊ ဂရင်းလန်းကျွန်း၏ တောင်ဘက်အစွန်းဆုံး၌ (၄ဝံအနောက်)၊ ချီလီနိုင်ငံတောင်ပိုင်း၌( ၂ဝံအရှေ့)စသည်ဖြင့်အမျိုးမျိုးရှိကြ သည်။
သံလိုက်အတိမ်းသည်တစ်နှစ်နှင့်တစ်နှစ်မတူဘဲ တဖြည်းဖြည်းပြောင်းလဲလျက်ရှိရာ အချို့နေရာများ၌ ၁ဝ၂ အတွင်းနှစ်ဒီဂရီမျှကွာသွားသည်အထိ ပြောင်းလဲသည်ကိုတွေ့ရလေသည်။ ရှေးခေတ်သင်္ဘောများတွင် အသုံးပြုခဲ့ကြသော အိမ်မြှောင်မှာ ရေပေါ်အိမ်မြှောင်မျိုးပင်ဖြစ်သည်။ ယခုခေတ်၌မူ သင်္ဘောသုံးအိမ်မြှောင်များတွင် အိမ်မြှောင်သံလိုက်သည်ရေတွင် ပေါ်မနေဘဲလွတ်လပ်စွာလည် ပတ်နိုင်သောဆုံလည်ဖြင့်တပ်ဆင်ထားသည်။
ထိုအိမ်မြှောင်မျိုးတွင်အိမ်မြှောင်အပ်ကိုမမြင်ရချေ။ အိမ် မြှောင်အပ်အစားအိမ်မြှောင်ညွှန်ပြရာအရပ်များ သတ်မှတ်ရေးသားထားသည့် ချပ်ပြားဝိုင်းကိုသာတွေ့ရ လေသည်။ ထိုချပ်ပြားဝိုင်းတွင်အရှေ့၊ အနောက်၊ တောင်၊ မြောက်အပြင် အသေးစိတ်အမှတ်များပါရှိ သည်။ ချပ်ပြား၏အလယ်တွင်သျွှု အစွပ်တစ်ခုရှိ၍ ထိုအစွပ်အတွင်း၌ကတော့ပုံ အပေါက်ဖောက်ထား သော ပတ္တမြားကဲ့သို့သောကျောက်သွင်းထားသည်။
ထိုကျောက်တွင်ဆုံလည်တိုင်ခံထားသည်။ ချပ်ပြား ၏အောက်တွင် သံလိုက်တစ်ခုတည်းမဟုတ်ဘဲ အများတပ်ဆင်ထားသည်။ တပ်ဆင်ထားပုံမှာချပ်ဝိုင်းပေါ် ကမြောက်စွန်းနှင့် သံလိုက်ပြမြောက်အရပ်တို့ တစ်တန်းတည်းဖြစ်ရအောင် ချည်ခင်များဖြင့်ထိန်းထား သည်။
သံလိုက်တပ်ဆင်ထားသောဆုံလည်တပ်ချပ်ပြားတစ်ခုလုံးကို ခွက်တွင်ထည့်ထားသည်။ ခွက်အနားပေါ်တွင်ချပ်ပြား၏ အနားစွန်းနှင့်ကပ်၍ သင်္ဘောဦးတည့်တည့်ကိုမှတ်ထားလေသည်။ ထိုအမှတ်ကို လပ်ဗား(သင်္ဘောဦးပြအမှတ်)ဟုခေါ်သည်။ အိမ်မြှောင်ခွက်တွင်အရည်တစ်မျိုးကိုထည့်ထား၍ ထိုအရည်ပေါ်တွင်သံလိုက်နှင့် ချပ်ဝိုင်းကိုပေါလော ပေါ်နေစေသည်။ ချပ်ဝိုင်းတစ်ခုလုံး၏အလေးချိန်ကို အရည်ကဖော့ပေးသည့်အပြင် ချပ်ပြားကိုကြာ ရှည် လှုပ်မနေအောင်လည်းထိမ်းထားပေးလေသည်။ တစ်ဖန် သင်္ဘောယိမ်းထိုးသောအခါ အိမ်မြှောင်ခွက် မတိမ်းမစောင်း ရအောင် အိမ်မြှောင်ခွက်ကို ဂင်းဗာခေါ် ရေပြင်ညီထိန်းကွင်းပေါ်တွင် တပ်ဆင်ထား ပြန်သည်။
ထိုကြောင့်အောက်ခံခုံသည် မည်သည့်ဘက်သို့မျှ တိမ်းစောင်းသွားစေကာမူ အိမ်မြှောင်ခွက် မျက်နှာပြင်မှာ အစဉ်သဖြင့်ရေပြင်ညီတည်လျက်သာနေသည်။ အိမ်မြှောင်တပ်ဆင်ထားသောအိမ်မြှောင်အိမ်တစ်ခုလုံးကို ဗင်နက်ကဲ (သင်္ဘောအိမ်မြှောင်အိမ်) ဟုခေါ်သည်။ ရှေးခေတ်သစ်သားသင်္ဘောများ၌ အိမ်မြှောင်အပ်သည်အစဉ်သဖြင့် သံလိုက်ပြမြောက်အရပ်ကို ညွှန်ပြသည်။ သို့ရာတွင်ယခုခေတ်၌ ကားသင်္ဘော အားလုံးလိုလိုပင်သံထည်နှင့်ဆောက်ထားရာ ထိုသံထည် များသည်သင်္ဘောအိမ်မြှောင်ကို မှန်ကန်စွာမပြနိုင် အောင်နှောင့်ရှက်တတ်၏။ ထိုကြောင့် အိမ် နှင့်အ သင့်အတင့်အကွာအဝေးတွင် ခေါင်းပွသံလုံးနှစ်လုံးကိုတပ်ဆင်ထားခြင်းဖြင့် ဤနှောင့်ယှက်မှုမှ လုံးလုံးလို လွတ်ကင်းနိုင်လေသည်။
လေယာဉ်ပျံများတွင် သီးသန့်ပြုလုပ်ထားသော အိမ်မြှောင်တစ်မျိုးကို အသုံးပြု၍ ယင်းအိမ်မြှောင်မျိုးကို အပီရီယော့ဒစ် အိမ်မြှောင်ဟုခေါ်၏။ ဤအိမ်မြှောင်မျိုးသည် လေယာဉ်ပျံ၏တုန်ခါမှုမျိုးကို ကောင်းစွာခံနိုင်ရည်ရှိသည်။ ၁၉၁၁ ခုနှစ်မှစ၍လည်း စစ်သင်္ဘောများတွင် ဂျိုင်ရိုအိမ်မြှောင် ခေါ် အိမ်မြှောင်တစ်မျိုးကိုစတင်အသုံးပြုခဲ့ ကြသည်။ ဂျိုင်ရိုအိမ်မြှောင်၏ ထူးခြားချက်မှာ ကမ္ဘာ့သံလိုက်ဓာတ် ပေါ်၌အလျဉ်းမှီခိုခြင်း မပြုသည့်အချက်ပင်ဖြစ်လေသည်။` [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ( )