သွန်ဆင်းသမာဗောင် (လာအို : ທອງສິງທໍາມະວົງ) (၁၉၄၄-) သည် လာအိုနိုင်ငံသား နိုင်ငံရေးသမား ဖြစ်သည်။ ဝန်ကြီးချုပ်အဖြစ် ၂၀၁၀ မှ ၂၀၁၆ အထိ လုပ်သည်။ လာအိုပြည်သူ့တော်လှန်ရေးပါတီ (LPRP) ၏ ပါတီဝင်ဖြစ်ပြီး ၁၉၉၁ တွင် ဗဟိုကော်မတီ၏ နိုင်ငံရေးဗြူရို၌ ပါလာသည်။ လက်ရှိတွင် လာအိုအမျိုးသားလွှတ်တော်၌ လွမ်ပရာဘွမ်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၆ ကိုယ်စားပြုအမတ်အဖြစ် ပါဝင်နေသည်။[၁] ၂၀၀၆ မှ ၂၀၁၀ ကာလတွင် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ [၂] ၂၀၁၀ ပြည့်၊ ဒီဇင်ဘာလ ၂၃ ရက်တွင် ဝန်ကြီးချုပ် ဖြစ်လာရာ ၂၀၁၆ ခု၊ ဧပြီလ ၂၀ ရက်အထိ တာဝန်ထမ်းသည်။

သွန်ဆင်း သမာဗောင်
ທອງສິງ ທຳມະວົງ
၁၆ ကြိမ်မြောက် လာအို ဝန်ကြီးချုပ်
တာဝန်သက်တမ်း
23 December 2010 – 20 April 2016
သမ္မတခြုံမလီ ဆယာဆုန်
လက်ထောက်ဆွမ်ဆဗက် လန်ဆဗက်
ယခင်လူ ဘိုဝါဆုန် ဘုဖာဝမ်
ဆက်ခံသူသွန်းလူ ဆီစိုလစ်
လာအို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ
တာဝန်သက်တမ်း
8 June 2006 – 23 December 2010
ယခင်လူဆမနီ ဗီနခက်
ဆက်ခံသူပဏီ ယက်သူတို
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1944-04-12) ၁၂ ဧပြီ၊ ၁၉၄၄ (အသက် ၇၉)
ပြင်သစ်အစောင့်ရှောက်ခံ လာအိုနိုင်ငံ
နိုင်ငံရေးပါတီလာအို ပြည်သူ့တော်လှန်ရေး ပါတီ

ငယ်ဘဝနှင့် ပညာရေး ပြင်ဆင်ရန်

၁၉၄၄ ခု၊ ဧပြီလ ၁၂ ရက်တွင် မွေးသည်။

ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုဘွဲ့ ရသည်။

ဝန်ထမ်းဘဝနှင့် နိုင်ငံရေးခရီး ပြင်ဆင်ရန်

ဘွဲ့ရသည့်နောက် ဟွာဖန်ပြည်နယ်၊ စန်ယူဝါခရိုင်ရှိ အလယ်တန်းကျောင်းတွင် ကျောင်းဆရာလုပ်ရာ ဒုတိယအမှုဆောင်ညွန်ကြားရေးမှူးအထိ ဖြစ်ခဲ့သည်။ ၁၉၆၃ ခုတွင် ထိုမှ ထွက်ကာ အခြား ကျောင်းများ၊ ကောလိပ်များတွင် ရာထူးအမျိုးမျိုးဖြင့် တာဝန်ထမ်းသည်။

၁၉၆၇ ခုတွင် ပညာရေးဝန်ကြီးဌာန ဒုတိယညွန်ကြား ရေးမှူးချုပ်၊ ခေတ္တညွန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယဉ်ကျေးမှု ဝန်ကြီးဌာန၏ သတင်းစာ၊ ရေဒီယိုနှင့် သတင်းကော်မတီ၏ ဥက္ကဋ္ဌလည်း ဖြစ်ခဲ့သည်။

၁၉၅၉ ခုတွင် တော်လှန်ရေးလှုပ်ရှားမှု၌ ပါဝင်ပြီး လာအိုပြည်သူ့တော်လှန်ရေးပါတီသို့ ၁၉၆၇ ခုတွင် ဝင်သည်။ ၁၉၈၂ ခုတွင် ဗဟိုကော်မတီ၏ အလှည့်ကျအဖွဲ့ဝင်နှင့် ဗဟိုကော်မတီ လေ့ကျင့်ရေးနှင့် ဝါဒဖြန့်ချိရေးဘုတ်အဖွဲ့၏ လက်ထောက်အဖြစ် တာဝန်ယူရသည်။ ယင်းသို့ တာဝန်မထမ်းဆောင်မီ အုပ်ချုပ်မှုဆိုင်ရာနှင့် နိုင်ငံရေးပရိယာယ်ပညာရပ်တို့ကို လေ့လာသည်။

၁၉၈၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ၁၉၈၉ ခုနှစ်တွင် ပါတီ၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၂ ခုနှစ်မှ စတင်၍ ယခုအထိ ပါတီဗဟိုကော်မတီ၏ နိုင်ငံရေးဗြူရို အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရသည်။

၂ဝဝ၂ မှ ၂ဝဝ၆ ခုနှစ်အထိ ဗီယင်ကျန်းမြို့တော်၏ ပါတီအတွင်းရေးမှူးနှင့် မြို့တော်ဝန်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ဒုတိယအကြိမ်မြောက် ပြည်သူ့လွတ်တော်၏ ဒုတိယဥက္ကဋ္ဌအဖြစ် ၁၉၈၉ မှ ၁၉၉၁ ခုနှစ်အထိ လည်းကောင်း၊ ခေတ္တဥက္ကဋ္ဌအဖြစ် ၁၉၉၁ မှ ၁၉၉၂ ခုနှစ် အထိလည်းကောင်း ထမ်းဆောင်သည်။ ပြည်သူ့လွတ်တော်၏ ဥက္ကဋ္ဌအဖြစ် ၂ဝဝ၆ မှ ၂ဝ၁ဝ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်အဖြစ် ၂ဝ၁ဝ ခုနှစ်တွင် ခန့်အပ်ခံရရာ ၂၀၁၆ ခုအထိ ဖြစ်သည်။ ယခုမူ လွှတ်တော်အမတ်အဖြစ် ဆောင်ရွက်နေသည်။

ကိုးကား ပြင်ဆင်ရန်

  1. List of members by province:Constituency 6, Luangprabang Province။ The National Assembly of the Lao People's Democratic Republic (May 16, 2007)။ August 30, 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 11, 2008 တွင် ပြန်စစ်ပြီး။
  2. Speakers Archived 25 October 2021 at the Wayback Machine.