သွန်ဒမန်နာတံတား (တမ်းပလိတ်:Indic) သည် သီရိလင်္ကာနိုင်ငံ၊ မြောက်ပိုင်းစီရင်စု၊ ဗယ်ဗတ်တိသုရိုင်မြို့တွင် တည်ရှိသည့် ဂျက်ဖနာ - ပွိုင့်ပက်ဒရိုလမ်းမကြီးပေါ်ရှိ တံတားတစ်စင်း ဖြစ်သည်။ တံတားကို ၁၉၅၃ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ၁၉၈၇ ခုတွင် ဖျက်ဆီးခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် တစ်ဖန်ပြန်လည်ကာ တည်ဆောက်ခဲ့သည်။ သွန်ဒမန်နာတံတားကို မူလက Vadamarachchi ပင်လယ်ကွေ့မှ စီးဝင်လာမည့် ပင်လယ်ရေကို တားဆီးနိုင်မည့် ရေကာတာအဖြစ်အသုံးပြုခဲ့သည်။[၁] ၎င်းကို အနီးအနားရှိ ရွာများမှ အဓိကရေအရင်းအမြစ်အဖြစ် အသုံးပြုသည်။

Thondamannar Bridge
தொண்டைமானாறு பாலம்
ကိုဩဒိနိတ်9°49′0″N 80°10′0″E / 9.81667°N 80.16667°E / 9.81667; 80.16667ကိုဩဒိနိတ်: 9°49′0″N 80°10′0″E / 9.81667°N 80.16667°E / 9.81667; 80.16667
သယ်ဆောင်မှုMotor vehicles and pedestrians on the AB21 Highway in Northern Province, Sri Lanka
ဖြတ်သန်းမှုVadamarachchi Lagoon
တည်နေရာValvettithurai, Jaffna District
ပြုပြင်ထိန်းသိမ်းသူRoad Development Authority
သမိုင်းကြောင်း
စတင်ဆောက်လုပ်ချိန်1947
လုပ်ငန်းပြီးဆုံးချိန်1953

ရေကာတာကို ၁၉၈၇ ခုနှစ်တွင် သီရိလင်္ကာစစ်တပ်၏ ပစ်ခတ်မှုကြောင့် ပျက်စီးခဲ့သည်။[၂]

ရေပြွန်တံတားသည် အဖျက်ဆီးမခံရမီက ရွာများသို့ ပင်လယ်ရေဝင်ရောက်မှုကို ကာကွယ်ပေးရုံသာမကပဲ မိုးရာသီ၌ ပင်လယ်ရေကြောင့် ကုန်းမြေများကို ရေလွှမ်းခြင်းကိုလည်း ကာကွယ်ပေးနိုင်သည်။[၂]

၂၀၀၄ ခုနှစ်တွင် ဆည်မြောင်းဌာနက ရေကာတာနေရာတွင် တံတားကို တည်ဆောက်ခဲ့သည်။ ၎င်းတံတားသည် ဂျက်ဖနာ - ပွိုင့်ပက်ဒရိုလမ်းမပေါ်တွင် တည်ရှိပြီး မြောက်ပိုင်းစီရင်စုနှင့် ဂျက်ဖနာခရိုင်ကို ချိတ်ဆက်ပေးသည်။[၂][၃]

ကိုးကား ပြင်ဆင်ရန်

  1. A river for Jaffna – the Arumugam Plan။ 8 May 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-06-19 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ Thondamannar sluice gate to be reconstructed။ 2013-06-19 တွင် ပြန်စစ်ပြီး။
  3. A River for Jaffna။ 8 July 2003 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-06-19 တွင် ပြန်စစ်ပြီး။