သွေဖောက်ပြန် သစ္စာဦးငယ်ကြောင့်

သွေဖောက်ပြန် သစ္စာဦးငယ်ကြောင့် ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ ပြင်ဆင်ရန်

ကန္နီနယ် အင်းပေါင်းရွာအနီး ဆတ်လူးရွာနေ ဦးခင်သည် သားလေးယောက်ရသောအခါ ဝက်ရဲရွာတွင် ရဟန်းပြု၍ ကျောင်းမှာနေသည်။ နောက်စစ်ကိုင်းတောင်ရိုး ပိတောက်ချောင်သို့ သွားလိုသည်။ သို့သော် မယားဖြစ်သူကိုလည်း သနားနေသည်။ ဤအဖြစ်ကို ရေးဖွဲ့ထားသည်။

သွေဖောက်ပြန် သစ္စာဦးငယ်ကြောင့် ပြင်ဆင်ရန်

ရင်းအခြေ အင်းဝရွှေပေါင်းက၊ မြေပြောင်းကာ ရွာဆတ်လူးတွင်မှ၊ နတ်ဖူးစာမယ်မယ်ညွန့်နှင့်၊ မြူးကွန့်တဲ့လူဦးခင်။

မွေးမျှော်မြင် လေးဖော်သားနှင့်၊ ပျော်ပါးစွာ လူတစုတွင်မှ၊ ပူမှုတွေဖက် ခါတွဲရက်မို့၊ ဝက်ရဲပျော်ခင်ဆရာနှင့်၊ နက်နဲ့စွာညတ်ကမ္မဝါကျမ်းတို့ကို၊ ထမ်းလို့သိမ်ဝင်။

ထင်တရေးက၊ ရင်သွေးတွေ အဖြာဖြာငဲ့ကြောင့်၊ ဝေးရာပြေးစွာပုန်းမည်ဟု၊ နှလုံးကမျှော်ဆင်ခြင်၊ မပျော်ရွှင်မပါး။

ညွန့်မယ်ကို၊ စွန့်ပယ်ပစ်ခဲ့၊ နယ်ရှစ်ခွင် ရှောင်သွေခွာသည့်ပြင်၊ ချောင်သေလာ၊ ရွှေဝါပိတောက်တွင်မှ၊ လူမယှဉ် ဓူတင်ဆောက်ပေတော့၊ သွေဖောက်ပြန် သစ္စာဦးငယ်ကြောင့်၊ မြတ်ဆရာ ဆတ်တခါမလူးစေနှင့်၊ ကူးတော့စိတ်ထား။

မှတ်ချက် ပြင်ဆင်ရန်

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။