ဟင်းစားကြက် အတက်ကောင်းပေါက်

ဟင်းစားကြက်မှ အတက်ကောင်းပေါက်၍ ခွပ်ကြက်ဖြစ်ထွန်းလာသည် ဆိုသကဲ့သို့ မမျှော်လင့်သော အသိုင်းအဝိုင်းမှ ဖြစ်တောင့်ဖြစ်ခဲ ထူးချွန်ပြောင်မြောက်သူ ဖြစ်ထွန်းလာသည်။

(ဟင်းစားကြက် ကြက်ကောင်းထွန်း - ဟူ၍လည်း အသုံးရှိသည်။)

"ဆင်းရဲသားမျိုးရိုးပင်ဖြစ်သော်လည်း ဟင်စားကြက်မှ ကြက်ကောင်းထွန်း ဟူဘိသကဲ့သို့ ...အထက်တန်းစား ရာထူးဌာနန္တရကြီးများနှင့် ထွန်းကားကြီးပွားကြလေသည်။"