ဟင်္သာပြဒါး(Cinnabar Hg S-Mercuric Sulphide) ပြင်ဆင်ရန်

မြန်မာနိုင်ငံတွင် ပြုလုပ်သော ယွန်းထည်များရှိ အနီရောင်မှာ ဟင်္သာပြဒါးနှင့် ခြယ်ထားခြင်းဖြစ်သည်။ ထို့ပြင် ဘုရားကျောင်းကန်များရှိ အာရုံခံ တန်ဆောင်းများရှိ သစ်၊ သို့မဟုတ် အုတ်တိုင်များ၌ မှန်စီရွှေချ ပြုလုပ်ရာတွင် အနီရောင် ပါရှိနေခြင်းသည်လည်း ဟင်္သာပြဒါးနှင့် ခြယ်ထားခြင်းကြောင့်ပင် ဖြစ်သည်။

ဟင်္သာပြဒါးကို ဟင်္သာပြဒါးရိုင်းမှ ပြုလုပ်ယူလေ့ရှိကြသည်။ ထိုသို့ မပြုလုပ်လိုလျှင် ပြဒါးနှင့် ကန့်ကို ရော၍ ကြိတ်ရသည်။ တဖန် ကော့စတစ်ပိုတက် ဖျော်ရည်နှင့် ရောပေးပြီးလျှင် အပူတိုက်ပေးရသည်။ အပူတိုက်ပေးစဉ် မွှေပေး ရသည်။ ထိုသို့ မွှေပေးသောအခါ ဆာလဖိုက်အမည်း ဖြစ်လာသည်။ ထိုဆာလဖိုက် အမည်းကို ရေနွေးငွေ့ဖြင့် တာရှည်အပူတိုက်ပေးပြန်သောအခါတွင် ဟင်းသပြဒါးခေါ် ဆိုးဆေးတစ်မျိုး ဖြစ်လာလေသည်။

ရှေးမြန်မာလူမျိုးတို့သည် မင်ကြောင်များ ထိုးလေ့ရှိကြသည်။ မင်ကြောင်တွင် အနက်နှင့်အနီဟူ၍ အရောင်နှစ်မျိုးရှိရာ အနီရောင်ဖြင့် မင်ကြောင် ထိုးလိုသော အခါ ဟင်္သာပြဒါးကို အသုံးပြုကြသည်။ ဟင်္သာပြဒါးတွင် ဆေးထိုး ဟင်္သာပြဒါးမှာအကောင်းဆုံးဖြစ်သည်ဟု သိရသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)