ရှင်စန္ဒိမာ (၁၁၉၃ - ၁၂၆၈) သည် “ဟင်္သာတပထမလယ်တီဆရာတော်” ဟု ထင်ရှားခဲ့သည့် ကျမ်းပြုဆရာတော်တစ်ပါး ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို ၁၁၉၃ ခုနှစ်၊ ဝါခေါင်လဆုတ် ၃ ရက်နေ့တွင် သရဝေါတိုက်နယ်၊ လုလင်ကျော်ရွာ၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ “မောင်ပုနောင်” ဖြစ်သည်။ မိဘနှစ်ပါးမှာ ဦးရွှေကူး- ဒေါ်ရွှေနု ဖြစ်သည်။

ငယ်စဉ်အချိန်တွင် ကြံခင်းကျောင်းတိုက်ဆရာတော်ထံတွင် ပညာသင်ကြားခဲ့သည်။ အရွယ်ရောက်သည့်အခါတွင် “ရှင်စန္ဒိမာ” ဟူသည့် ဘွဲ့ဖြင့် ရဟန်းပြုခဲ့သည်။

ထို့နောက်တွင် မြင်းခြံမြို့ပြောင်းပြတိုက်၊ မန္လလေးခင်မကန်တိုက်တို့တွင် ပညာသင်ကြား၍ အုဂ်ဖိုရ်ဆရာတော်ကြီးထံ၌ ဆည်းကပ်သည်။ ဟင်္သာတနယ်၌ ဒွါဒဂိုဏ်းကို ခက်ခဲစွာ ထူထောင်ခဲ့သည်။

ဘုရားကြီးဆရာတော် ရှင်သာဂရဗုဒ္ဓိ၊ ဓနုဖြူဆရာတော် ရှင်နရိန္ဒတို့သည် ဆရာတော် ၏ တပည့်များ ဖြစ်ကြသည်။[၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ၁၂၆၈ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။ [၁]

ကျမ်းများ ပြုစုခြင်း ပြင်ဆင်ရန်

ဆရာတော် ပြုစုတော်မူခဲ့သည့် ကျမ်းတွင် “ဝိဝါဒပဟာနကျမ်း” သာ ထင်ရှားသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၇၄။