ရှေးဘီစီ ၂၅ဝဝ ခန့်က ပင်လယ်နက် တောင်ဘက်တွင် အနောက်ဘက်၌ အီးဂျီးယန်း ပင်လယ်နှင့် အရှေ့ဘက်၌ ကက်စပျန်ပင်လယ်အတွင်းရှိ အာရှမိုင်းနားခေါ် ဒေသတွင် ဟစ်တိုက်ခေါ် လူတစ်မျိုး နေထိုင်ခဲ့လေသည်။ ထိုလူမျိုး၏ အဆက်အနွှယ်ဖြစ်သော အာမီးနီးယန်း လူမျိုးသည် ယခုတိုင် ထိုဒေသ၌ နေထိုင်လျက်ရှိသေးသည်။

ဟစ်တိုက် လူမျိုးသည် မည်သည့် လူမျိုးဖြစ်သည်ဆိုသည် ကို အတိအကျ မပြောနိုင်ချေ။ ထိုလူမျိုးသည် လူမျိုးချင်း ရောနှောနေသော လူမျိုးဖြစ်နိုင်သော်လည်း အဆီးရီးယန်း၊ ဗက်ဗီလုံးနီးယန်းနှင့် ဖီနီရှန်းလူမျိုးတို့ကဲ့သို့ ဆီးမိုက်လူမျိုး ကား မဖြစ်တန်ရာ။ ဟီဗြူလူမျိုးလည်း ဖြစ်နိုင်ပုံ မရချေ။ သို့သော် ဟစ်တိုက်လူမျိုးသည် ဟီဗြူလူမျိုးနှင့် စိတ်ဝင်စားဖွယ် ကောင်းလောက်သော အဆက်အသွယ်များကား ရှိခဲ့လေသည်။ ဟစ်တိုက်လူမျိုးတို့ အသုံးပြုသော ဘာသာစကားသည် ဂရိနှင့် ပါးရှင်းလူမျိုးတို့ အသုံးပြုသော အင်ဒိုယူရို ပီယန် ဘာသာ စကားဖြစ်ကြောင်းကို ယခုအခါတွင် သိနိုင်လေသည်။ ထို့ပြင် ထိုဟစ်တိုက်လူမျိုးတို့သည် ဂရိနှင့် ပါးရှင်းလူမျိုးတို့ကဲ့သို့သော လူမျိုးဖြစ်သည်ဟု အချို့က ယုံကြည်ကြလေသည်။

ရှေးလွန်ခဲ့သည့် ဘီစီ ၂ဝဝဝ ခန့်က အဆီးရီးယားမြို့သည် ယခုကဲ့သို့ မထင်ရှားသေးချေ။ မြို့၏အမည်မှာလည်း အဆီးရီး ယားဟု မတွင်သေးဘဲ အဆာဟုသာ တွင်သေးပြီးလျှင် မြို့မှာ လည်း မြို့ကလေးမျှသာ ရှိသေးသည်။ ထိုအခါက ဟစ်တိုက် လူမျိုးနှင့် ဗက်ဗီလုံးလူမျိုးတို့သည် ထိုမြို့ကလေးကို တစ်လှည့် စီ အုပ်စိုးခဲ့ကြလေသည်။ အဆီးရီးယန်း လူမျိုးသည် ဟစ်တိုက် တို့ထံမှ နန်းတော်ကို မည်ကဲ့သို့ ဆောက်တည်ရသည်။ ကျောက်များကို ပုံဖြစ်အောင် မည်ကဲ့သို့ ဆစ်ယူရသည် စသည့် အချက်အလက် အမြောက်အမြားကို ရယူ လိုက်ကြလေသည်။ ဟစ်တိုက်လူမျိုးတို့က ယင်းတို့၏ နန်းတော်အဝင်ဝ တစ်ဘက် တစ်ချက်တွင် ခြသေ‡့ရုပ် ဖြစ်ကောင်းဖြစ်နိုင်သော အရုပ်များကို ထုလုပ်၍ထားကြသဖြင့် နန်းတော်ကြီးကို ပို၍ ထယ်ဝါလာစေ ပုံကို အဆီးရီးယန်း လူမျိုးတို့က သဘောကျပြီးလျှင် ယင်းတို့ ၏ အဆောက်အအုံ အဝင်ဝများတွင် အရုပ်များကို ထုလုပ်၍ ထားခဲ့ကြလေသည်။ ထို့ပြင် ဟစ်တိုက်တို့သည် ဦးခေါင်းနှစ်ခု ရှိသော လင်းယုန်ငှက်ပုံကိုလည်း ထုလေ့ရှိသည်။ ထိုဦးခေါင်း နှစ်ခုရှိသော လင်းယုန်သည် နောင်တွင် သုံးစွဲခဲ့ကြသည့် အချို့ ကြေးငွေနှင့် အမျိုး သား အထိမ်းအမှတ်ပုံအဖြစ် ပေါ်ပေါက် လာမည့် ရှေ့ပြေးပုံ ဖြစ်ခဲ့လေသည်။

သံကို စတင်၍ အသုံးပြုခဲ့သော လူမျိုးများတွင် ဟစ်တိုက် လူမျိုးလည်း အပါအဝင် ဖြစ်သည်။ ထို ဟစ်တိုက်လူမျိုးသည် ပင်လယ်နက်ကမ်းခြေတစ်လျှောက်တွင် သံသတ္တုတွင်းများကို တူးဖော်ကြပြီးလျှင် ဓားကို သံဖြင့် ပြုလုပ်ခဲ့ကြသည်။ သံသည် အလွန်မာကျောပြီးလျှင် ကြေးညိုထက်ပို၍ ခိုင်ခံ့လေလေသည်။ ထိုကြောင့် ကြေးညိုဖြင့် ပြုလုပ်သည့် ဓားနှင့် တိုက်ခိုက်သူအား သံဓားဖြင့် တိုက်ခိုက်သူက လွယ်ကူစွာ အနိုင်ယူနိုင်လေသည်။ ဟစ်တိုက်လူမျိုးသည် ထိုကဲ့သို့ သံကို လက်နက်အဖြစ် အသုံး ပြုမိသောအခါ သူတို့နေထိုင်သည့်ဒေသမှ တောင်ဘက်သို့ နယ်ချဲ့ကြရာ ဘီစီ ၁၄ဝဝ ခန့်တွင် အာမီးယန်းများ နေထိုင် သော ဆီးရီးယားကို တိုက်ခိုက်ယူနိုင်ခဲ့ရုံမက ထိုဒေသတဝိုက်ရှိ အီဂျင်ဘုရင်များ မသိမ်းယူနိုင်အောင်လည်း ဟန့်တားနိုင်ခဲ့ လေသည်။

ဟစ်တိုက်လူမျိုး အမြောက်အမြားသည် ဆီးရီးယားထက် တောင်ဘက်ကျသောဒေသများသို့ ရောက်အောင် ဆက်၍ ချီတက်ကြပြီးလျှင် ပက်လက်စတိုင်တွင် အတည်တကျ နေထိုင် ကြပြီးနောက် ဟီဗြူနှင့် အခြား ဆီးမိုက် လူမျိုးများနှင့် ရောနှောကာ အိမ်ထောင်ဘက်များပြုလုပ်၍ နေထိုင်ကြ လေသည်။

ဘီစီ ၁၉၂၅ ခုနှစ်တွင် ဟစ်တိုက်လူမျိုးတို့ ဗက်ဗီလုံကို ဝင်ရောက်တိုက်ခိုက်ပြီးလျှင် ဗက်ဗီလုံမင်းဆက်ကို ဖျက်ဆီးပစ် လိုက်လေသည်။ ဆပ်ဗီလူလီယူမာဆိုသည့် ဟစ်တိုက်တို့၏ ဘုရင်လက်ထက် ဘီစီ ၁၄ဝဝ ခန့်တွင် ဗက်ဗီလုံ ထီးနန်းကို သိမ်းပိုက်လိုက်ပြီးလျှင် ဟစ်တိုက်တို့၏ အင်ပါယာကြီးအတွင်း သို့ နယ်သစ် များကို ထပ်မံ၍ တည့်သွင်းပေးနိုင်ခဲ့လေသည်။ ထိုဘုရင် လက်ထက်တွင် အီဂျစ်တို့ ပိုင်ဆိုင်သော အင်ပါယာ ၏ အစိတ်အပိုင်းကို ဟစ်တိုက်တို့၏ အင်ပါယာ အတွင်းသို့ ထည့်သွင်းနိုင်ခဲ့လေသည်။ သို့သော် နောက်ပိုင်းတွင် အီဂျစ် ဘုရင်နှင့် မဟာမိတ် ဖွဲ့ရသည်ကို တွေ့ရသည်။

ဘီစီ ၁၄ဝဝ မှ ၁၂ဝဝ ခုနှစ်များအတွင်းတွင် ဟစ်တိုက် လူမျိုးတို့၏ ဘုန်းတန်ခိုးသည် အထွတ်အထိပ်သို့ ဆိုက်ရောက် ချိန် ဖြစ်သည်။ ဟစ်တိုက်တို့ တိုင်းပြည်၏ မြို့တော်မှာ ခတ်တိမြို့ဖြစ်၍ ထိုမြို့သည် ပင်လယ်နက်၏ တောင်ဘက်တွင် တည်ရှိလေသည်။

ဘီစီ ၁၄ဝဝ မတိုင်မီက ဟစ်တိုက်တို့သည် အီဂျစ်တို့နှင့် မိတ်ဆွေအဖြစ်ဖြင့်လည်းကောင်း၊ ရန်သူအဖြစ်ဖြင့်လည်း ကောင်း၊ မိတ်ဆွေနှင့် ရန်သူအဖြစ်ဖြင့်လည်းကောင်း တွေ့ဖူးခဲ့ ကြသည်။ အီဂျစ်တို့သည် သူတို့ မြင်သမျှသော အရာဝတ္ထုနှင့် သူတို့ စိတ်ဝင်စားသမျှတို့ကို ရုပ်ပုံများ ဆွဲလေ့ရှိသူများ ဖြစ် သည်။ အီဂျစ် လူမျိုးတို့ ရေးဆွဲသည့် ရုပ်ပုံများတွင် ဟစ်တိုက် လူမျိုးတို့၏ ရုပ်ပုံများကိုလည်း တွေ့နိုင်သည်။ ဟစ်တိုက် လူမျိုး၌ ထူးခြားသည့်နှာခေါင်း ရှိသည်။ ထိုနှာခေါင်းသည် လင်းယုန်၏ နှုတ်သီးနှင့် ခပ်ဆင်ဆင်တူလေသည်။ ဟစ်တိုက် လူမျိုးမှ ဆင်းသက်လာသည့် အာမီးနီးယန်းလူမျိုးတွင် ထိုကဲ့ သို့သော နှာခေါင်းမျိုး ရှိသည်။

အာရှမိုင်းနားကို ရောက်ဖူး၍ လှည့်လည်ကြည့်ရှုမည်ဆိုလျှင် ကျောက်များတွင် တွင်းထုထားသော ထူးဆန်းသည့် အရုပ်များ ကို မြင်နိုင်ပေလိမ့်မည်။ ထိုအရုပ်များတွင် ရှေးအီဂျစ်လူမျိုးတို့ အသုံးပြုဖူးခဲ့သော ရုပ်ပုံစာများကိုပါ မြင်နိုင်ပေလိမ့်မည်။ ထို ရုပ်ပုံစာများသည် ရှေးဟစ်တိုက်လူမျိုးတို့ ရေးထိုးထားခဲ့သော ရုပ်ပုံများ ဖြစ်ကြသည်။ ထိုရုပ်ပုံစာများသည် တစ်နည်းတစ်ဖုံ ရေးထိုးထားခြင်း ဖြစ်သဖြင့် ထိုရေးထိုး ထားချက်များကို အချိန်အတော်ကြာသည်အထိ မည်သူမျှ မဖတ်နိုင်ခဲ့ချေ။ ထိုကဲ့သို့သော ရေးထိုးထားခြင်းများကိုသာ တွေ့ရသည် မဟုတ်သေး။ ဗက်ဗီလုံလူမျိုးတို့ အသုံးပြုခဲ့သော သပ်ပုံ သဏ္ဌာန် အက္ခရာများကိုလည်း တွေ့ရပေဦးမည်။ ထိုသို့ ရေးထိုးရာတွင်လည်း ဟစ်တိုက်တို့သည် ဗက်ဗီလုံလူမျိုးတို့ အသုံးပြုခဲ့သကဲ့သို့ တသွေမတိမ်းတူအောင် အသုံးမပြုခဲ့ချေ။ မိမိတို့၏ ကိုယ်ပိုင်လက္ခဏာ အမြောက်အမြားကို ထည့်၍ အသုံးပြုထားခဲ့ကြသည်ကို တွေ့ရပေမည်။ သစ်တိုက်လူမျိုးတို့၏ ဥပဒေများမှာ ထင်ရှား ကျော်ကြား လေသည်။ ဟစ်တိုက်လူမျိုး တို့၏ ယဉ်ကျေးမှုသည် အီဂျစ်နှင့် ဗက်ဗီလုံလူမျိုးတို့၏ ယဉ်ကျေးမှုများနှင့်စာလျှင် ရည်ရည်မွန်မွန် မရှိလှသည်ကို တွေ့ရပေလိမ့်မည်။

၁၉၁၆ ခုနှစ်တွင် 0x100သစတြီးယန်း လူမျိုးတစ်ဦးက ဟစ်တိုက် လူမျိုးတို့ ရေးထိုးထားခဲ့သည်များကို ဖတ်နိုင်သဖြင့် ဂရိလူမျိုး ဟိုးမား ရေးစပ်ထားသည့် လက‡ာတွင် ပါရှိသော ထရွိုင်က မြို့ကြီး၏အကြောင်းကို ရေးထိုးထားခြင်း ဖြစ်သည်ကို သိရလေ သည်။ ထို့ပြင် ဒုတိယ ရမ်မီးဆီးခေါ် အီဂျစ်ဘုရင် တစ်ခါတွင် ဟစ်တိုက် ဘုရင်ထံသို့ သံသန့်သန့် တင်ပို့ပေးရန် မှာထား သည့် အကြောင်းနှင့် ဟစ်တိုက်ဘုရင်က သံဓားတစ်လက်ကို ပထမ တင်ပို့ပေးပြီးသည့်နောက်တွင် သံများကို တင်ပို့ပေးသည့် အကြောင်ကိုပါ သိရလေသည်။

ဟစ်တိုက်ဘုရင်သည် အီဂျင်ဘုရင်နှင့် မဟာမိတ်ဖွဲ့ရသည့် နောက်ပိုင်းတွင် အဆီးရီးယန်းလူမျိုးနှင့် ပင်လယ်မှ လူများက ဟစ်တိုက်လူမျိုးတို့အား တိုက်ခိုက်ကြသဖြင့် ထိုလူမျိုး၏ဘုန်း တန်ခိုးသည် သေးသိမ်၍ သွားရုံမက ဘီစီ ၇၁၇ ခုနှစ်တွင် ဒုတိယ ဆာဂွန်ဘုရင်က ဟစ်တိုက်တို့၏ မြို့တော်ကို သိမ်း ပိုက်လိုက်လေသည်။ ထိုအချိန်မှစ၍ ဟစ်တိုက်လူမျိုးတို့၏ တိုင်းပြည်နှင့် တိုးတက်မှုများသည် ပြိုကွဲကုန်ပြီးလျှင် သူတို့၏ အကြောင်းအရာများသည်လည်း မှေးမှိန်၍ သွားတော့လေသည်။ ဟစ်တိုက်လူမျိုးတို့သည် ထွန်ယက်စိုက်ပျိုးသည့် လုပ်ငန်း တွင် ဝါသနာပါပြီးလျှင် ကျွဲနွားများ မွေးမြူရာတွင်လည်း လွန်စွာ ကျွမ်းကျင်လေသည်။ ပျားများကို မွေးမြူကြသည့်အပြင် မြင်းများကိုလည်း မွေးမြူပြီး လျှင် ယဉ်ပါးအောင် လုပ်ယူကြ လေသည်။ ဟစ်တိုက်လူမျိုးသည် နတ်များကို ကိုးကွယ်လေ့ ရှိ ကြလေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)