ဟတ္ထကာဠဝက သည် မြတ်စွာဘုရား၏ သာသနာတော်တွင် သင်္ဂဟဝတ္ထုလေးပါးဖြင့် မိမိ၏ ပရိသတ်ကို ချီးမြှောက်သည့် ဥပါသကာတို့တွင် အသာဆုံး၊ အမြတ်ဆုံး ဧတဒဂ်ကို ရရှိခဲ့သည်။

ဟတ္ထကာဠဝကသည် အာဠဝီတိုင်း၊ အာဠဝီပြည် အာဠဝကမင်း၏ သား ဖြစ်၏။ ပိဋကတ်သုံးပုံကို ကျွမ်းကျင်စွာ တတ်မြောက်၏။ အနာဂါမ်ပုဂ္ဂိုလ်ဖြစ်ပြီး အခြံအရံဥပါသကာ ငါးရာရှိ၏။ သူ၏ ပရိသတ်သည် အလွန်သိမ်မွေ့၏။ ဤသည်ကို မြတ်စွာဘုရားမြင်သော် ပရိသတ်အား မည်သို့ ချီးမြှင့်သည်ကို မေး၏။ ဟတ္ထကာဠဝကသည် အောက်ပါအတိုင်း ဖြေ၏။

  • စွန့်ကြဲပေးကမ်းမှ နှစ်သက်မည့်သူကို ဒါနဖြင့် ချီးမြှင့်ခြင်း။
  • ချစ်စဖွယ်သော စကားကို ပြောမှ နှစ်သက်မည့်သူကို ပိယဝါစာဖြင့် ချီးမြှင့်ခြင်း။
  • ဖြစ်ပေါ်လာသော ကိစ္စကြီးငယ်တို့အား ပြီးစီးအောင် ဆောင်ရွက်ပေးမှ နှစ်သက်မည့်သူကို ကိစ္စကြီးငယ်တို့ကို ပြီးစီးအောင် ဆောင်ရွက်ပေးခြင်း အတ္ထစရိယာဖြင့် ချီးမြှင့်ခြင်း။
  • ကိုယ်တူထားမှ နှစ်သက်မည့်သူအား ကိုယ်တူထားခြင်း သမာနတ္တတာဖြင့် ချီးမြှင့်ခြင်း။

အထက်တွင် ဖော်ပြခဲ့သည့် လေးချက်ကို ဟတ္ထကာဠဝကသည် ဖြေကြားသော် မြတ်စွာဘုရားသည် မိမိ၏ ပရိသတ်ကို သင်္ဂဟဝတ္ထုလေးပါးဖြင့် ချီးမြှင့်သည့်အရာတွင် ဧတဒဂ် ပေးခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန (၂၀၀၅)။ ဗုဒ္ဓဘာသာကောင်း တစ်ယောက်။ pp. ၅၈၉။