ဟတ်ကြီးဆည်
ဟတ်ကြီးဆည် တည်ဆောက်မည့် ကိစ္စသည် အလွန်အငြင်းပွားဖွယ် ဖြစ်ပြီး၊ ၎င်းဆည်တည်ဆောက်မည့်နေရာသည် စစ်ပွဲ များ ဆက်လက်ဖြစ်ပွားနေသည့် ဇုန်အတွင်း တည်ရှိနေသည်။ ထိုင်းနိုင်ငံက ၎င်းဆည်ကို သံလွင်မြစ်ပေါ်တွင် ပထမဦး ဆုံး တည်ဆောက်သည့်ဆည်အဖြစ် တိုက်တွန်းလောဆော်နေသည်။ တည်ဆောက်မည့်ဆည်၅ ခုအနက် အငယ်ဆုံး ဖြစ်သော်လည်း အကယ်၍ ၎င်းကိုတည်ဆောက်လိုက်ပါက အခြားနောက်ထပ်ဆည်များ တည်ဆောက်မည့် အန္တရာယ် လည်း စိုးရိမ်ဖွယ် ရှိနေသည်။
ဟတ်ကြီးဆည် | |
---|---|
Salween River watershed | |
မြန်မာနိုင်ငံတွင်းရှိ ဟတ်ကြီးဆည်၏ တည်နေရာ | |
နိုင်ငံ | မြန်မာနိုင်ငံ |
တည်နေရာ | ဟတ်ကြီး၊ ကရင်ပြည်နယ် |
ကိုဩဒိနိတ် | 17°31′41″N 97°44′49″E / 17.52806°N 97.74694°Eကိုဩဒိနိတ်: 17°31′41″N 97°44′49″E / 17.52806°N 97.74694°E |
အခြေအနေ | အဆိုပြု |
အမြင့် | ၃၃ m (၁၀၈ ft) |
မြစ်/ချောင်း | သံလွင်မြစ် |
တပ်ဆင်အင်အား | 1,365 MW (est.)[၁] |
မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ [Eletricity Generating Authority of Thailand (EGAT)]၊ တရုတ်နိုင်ငံမှ ဆိုင်နိုဟိုက်ဒရို ကုမ္ပဏီတို့က ကရင်ပြည်နယ်အတွင်းရှိ သံလွင်မြစ်ပေါ် ၌ ဟတ်ကြီးဆည် တည်ဆောက်ရေး သဘောတူညီချက်ကို ၂၀ဝ၆ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
ဆည်နှင့် ပတ်သက်သည့် အချက်အလက်များ
ပြင်ဆင်ရန်- အမြင့်။ ခန့်မှန်း ၃၃ မီတာ။
- တပ်ဆင်ထားသည့် စွမ်းအား။ ၁,၂၀ဝ မဂ္ဂါဝပ် (MW)။
- နှစ်စဉ်ထုတ်လုပ်နိုင်မှု။ ၇,၃၃၅ ကီလိုဝပ်နာရီသန်းပေါင်း (Gwh)
ပတ်သက်နေသည့် ကုမ္ပဏီများ
ပြင်ဆင်ရန်မြန်မာနိုင်ငံမှ
ပြင်ဆင်ရန်အစိုးရပိုင် မြန်မာလျှပ်စစ်ဓာတ်အား လုပ်ငန်း
ထိုင်းနိုင်ငံမှ
ပြင်ဆင်ရန်ထိုင်းနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ [Eletricity Generating Authority of Thailand (EGAT)]
တရုတ်နိုင်ငံမှ
ပြင်ဆင်ရန်ဆိုင်နို ဟိုက်ဒရို ကော်ပိုရေးရှင်း Sinohydro Corporation
အခြားဖြစ်နိုင်သောတရုတ် ကုမ္ပဏီများ
ပြင်ဆင်ရန်တရုတ်နိုင်ငံတောင်ပိုင်း ပါဝါဂရစ် ကုမ္ပဏီ လီမိတက် China Southern Power Grid Co., Ltd. (CSG) တရုတ်နိုင်ငံ ကျောက် ၃ လုံးဆည် စီမံကိန်း ဖွံ့ဖြိုးမှု ကော်ပိုရေးရှင်း China Three Gorges Project Development Corporation
ဘဏ္ဍာငွေကြေး
ပြင်ဆင်ရန်ဟတ်ကြီးဆည် တည်ဆောက်ရေးအတွက် ကုန်ကျမှုစရိတ် ပဏာမခန့်မှန်းမှုမှာ အမေရိကန်ဒေါ်လာ သန်း ၁,ဝ၀ဝ ဖြစ်သည်။
လျှပ်စစ်များက မည်သည့်နေရာသို့ ပေးပို့မည်နည်း။
ပြင်ဆင်ရန်ဟတ်ကြီးဆည်မှ ထုတ်လုပ်မည့် လျှပ်စစ်များကို ထိုင်းနိုင်ငံသို့ ရောင်းချပေးပို့ရန် ရည်ရွယ်ထားသည်။
စီမံချက် လက်ရှိအခြေအနေ (၂၀ဝ၈ ခုနှစ် စက်တင်ဘာလ နောက်ဆုံးအခြေအနေ)
ပြင်ဆင်ရန်ဟတ်ကြီးဆည်တည်ဆောက်ရေးနှင့် ပတ်သက်၍ ဖြစ်နိုင်ခြေ စမ်းသပ်လေ့လာမှုများကို ၂၀ဝ၇ ခုနှစ် စက်တင်ဘာလတွင် ဆည်တည်ဆောက်မည့်နေရာအနီး အကြမ်းဖက်ပဋိပက္ခများအတွင်း၌ ထိုင်းနိုင်ငံပိုင် (EGAT) ၏ လုပ်သားတဦး သေဆုံးခဲ့ ချိန်မှစ၍ ဆိုင်းငံ့ထားခဲ့သည်။ သို့သော်လည်း ၂၀ဝ၈ ခုနှစ်တွင် (EGAT) ကုမ္ပဏီက ကရင်ပြည်နယ်အတွင်းတွင် စူးစမ်း လေ့လာမှုများ ပြန်လည်စတင်ခဲ့သည်။ ထို့အပြင် ဆည်တည်ဆောက်ရေးနှင့် ပတ်သက်၍ လူထုအမြင်ကောင်းစေရန် လုပ်ငန်းများလည်း နှစ်ဖက် နယ်စပ်ဒေသများတွင် လုပ်ဆောင်လာခဲ့သည်။ (EGAT) ကုမ္ပဏီ၏ ကြေညာချက်အရ ယခု ဆည်မှ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားများသည် ထိုင်းနိုင်ငံ လျှပ်စစ်ကောင်းကင်ကြိုးလိုင်း ဂရစ်စနစ်အတွင်းသို့ ၂၀၁၉ ခုနှစ်တွင် ပို့လွှတ်နိုင်လိမ့်မည်ဟု ဖော်ပြထားသည်။
ဆိုးကျိုးသက်ရောက်နိုင်မှုများ
ပြင်ဆင်ရန်ကရင်ကျေးရွာ ဒါဇင်ပေါင်းများစွာသည် ဆည်ရေလွှမ်းနစ်မြုပ်မည့် အခြေအနေကြောင့် ထိခိုက်နစ်နာရဖွယ်၊ ရွှေ့ပြောင်းကြရ ဖွယ် ရှိနေပါသည်။ ထို့အပြင် ထောင်ပေါင်းများစွာသော ပြည်သူများမှာ မြန်မာစစ်တပ်က ၎င်းနေရာကို လုံခြုံရေးရယူနိုင်ရန် ကြိုးပမ်းလာမှုကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ခံစားကြရဖွယ် ရှိနေပါသည်။ ထိုးစစ်များအကြိမ်ကြိမ် ကြုံရဖွယ်ရှိပြီး မြန်မာစစ်သားများ ဤဒေသတွင် ထူထဲစွာ ချလာသည့် အခြေအနေမျိုး ဖြစ်ပွားနိုင်သည်။ သို့အတွက်ကြောင့် ထိုင်းနိုင်ငံ အတွင်းသို့ ဒုက္ခသည်များ ပို၍ ထွက်ပြေးလာရဖွယ် ရှိနေပါသည်။ ၂၀ဝ၅ ခုနှစ် နောက်ပိုင်းမှစ၍ ထိုးစစ်အသစ်များ တဖန် ဆင်နွှဲလာခဲ့ကာ၊ ကရင်လူမျိုး ထောင်သောင်းချီ၍ အိုးအိမ်စွန့်ပစ် ထွက်ပြေးခဲ့ကြရသည်။ ၎င်းတို့အနက် အများစုမှာ ထိုင်း နိုင်ငံတွင်းသို့ ထွက်ပြေးခဲ့ကြသည်။
သံလွင်မြစ်ပေါ်တွင် တည်ဆောက်ရန် လျာထားသည့် ဆည်များအားလုံးသည် မြစ်ကြောင်း၏ ဂေဟစနစ်ကို အကြီး အကျယ် ထိခိုက်စေလိမ့်မည် ဖြစ်သည်။ ထို့အပြင် မြစ်ကြောင်းတလျှောက်တွင် နေထိုင်ကြသည့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများကို ပျက်စီးစေပါလိမ့်မည်။ မြစ်တလျှောက်ရှိ မြေနေရာများစွာတွင် မိရိုးဖလာ အရ တိုင်းရင်းသားလူမျိုးများ နေထိုင်ခဲ့ကြပြီး လယ်ယာစိုက်ပျိုးရေးနှင့် တိုင်းရင်းဆေးဝါးများ ရှာဖွေရေးအတွက် အသုံးပြုနေခဲ့ ကြသည်။ ဤနေရာများမှာ ရေလွှမ်းမိုးခံရမည် ဖြစ်ပြီး၊ မြစ်ကြောင်းတလျှောက် နေထိုင်ကြသူများသည်လည်း လျှော်ကြေး များ ရရှိခြင်း မရှိဘဲ အဓမ္မ ရွှေ့ပြောင်းနေရာချထား ခံရဖွယ် ရှိနေပါသည်။ ထိုမျှမက မြန်မာနိုင်ငံရှိ အကြီးစားဖွံ့ဖြိုးရေးစီမံ ကိန်းများကြောင့် စစ်တပ်တိုးချဲ့ချထားမှုနှင့်အတူ အဓမ္မလုပ်အားခိုင်းစေမှုများလည်း ဖြစ်ပေါ်လာစေလိမ့်မည်။ မြစ်အကြေ ပိုင်းတွင် နေထိုင်ကြသည့် ပြည်သူများအတွက်လည်း အခက်အခဲများ တွေ့ရဖွယ် ရှိသည်။ မြစ်ရေစီးကြောင်း ပြောင်းလဲ သွားမှုကြောင့် မြစ်အောက်ပိုင်းရှိ မြစ်လက်တက်များကို ထိခိုက်စေမည်ဖြစ်ပြီး၊ မြစ်ဝကျွန်းပေါ်ဒေသကို မှီခိုနေကြရသည့် စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းများကိုလည်း ထိခိုက်စေပါလိမ့်မည်။ [၂]
ကိုးကား
ပြင်ဆင်ရန်- ↑ Hatgyi Dam။ Burma Rivers Network။ 29 November 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 November 2014 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 2 August 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 July 2014 တွင် ပြန်စစ်ပြီး။