ဟတ်တွန်ဘူတာ သည် သီရိလင်္ကာနိုင်ငံ၊ (ကိုလံဘို - ဘဒ်ဒူလာ) လမ်းမကြီးပေါ်ရှီ ဘူတာတစ်ခု ဖြစ်သည်။ ရိုဇီလာ (Rozella) နှင့် ကာလကတ္တားဘူတာအကြားတွင် တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၁၂၆၂.၅ မီတာ (၄၁၄၂ ပေ) အမြင့်၊ ကိုလံဘိုခံတပ်ဘူတာမှ ၁၇၃.၀၆ ကီလိုမီတာ (၁၀၇.၅၃ မိုင်) အကွာတွင် တည်ရှိသည်။

Hatton
Hatton railway station
တည်နေရာHatton, Sri Lanka
Sri Lanka
ကိုဩဒိနိတ်6°53′35″N 80°35′51″E / 6.89306°N 80.59750°E / 6.89306; 80.59750ကိုဩဒိနိတ်: 6°53′35″N 80°35′51″E / 6.89306°N 80.59750°E / 6.89306; 80.59750
စီမံခန့်ခွဲသူSri Lanka Railways
ရထားလိုင်း(များ)Main line
အကွာအဝေး၁၇၃.၀၆ km (၁၀၇.၅ mi) from Colombo
ပလက်ဖောင်းများ4 side platforms
အခြား အချက်အလက်များ
ဘူတာရုံ ကုဒ်HTN
သမိုင်းကြောင်း
ဖွင့်ခဲ့4 June 1884

ဟတ်တွန်ဘူတာကို အဓိကလမ်းမကြီးကို Nawalapitiya မှ ဟတ်တွန်အထိ တိုးချဲ့ခဲ့သည့်အချိန် ၁၈၈၄ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။[၁] ဤဘူတာသည် အဓိကလမ်းမကြီး ၁၈၈၅ ခုနှစ် မေလ ၅ ရက် Nanu-Oya ဘူတာအထိ မတိုးချဲ့ခင်ကာလမတိုင်မီအထိ ခရီးဆုံးဘူတာဖြစ်ခဲ့သည်။ [၂]ဤဘူတာတွင် ရထားစစ်ဆေးရေးနှင့် ထိန်းသိမ်းရေးနေရာ၊ လက်မှတ်ရုံး၊ ခရီးသည်ပစ္စည်းသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုအခန်း၊ နားနေခန်း၊ စာအုပ်ရောင်းခန်း၊ လက်ဖက်ရန်ရောင်းခန်း၊ အိမ်သာအခန်းများနှင့် ကားပါကင်နှင့် ဆက်စပ်ကာ စားသောက်ခန်းတစ်ခု ပါဝင်သည်။

ဘူတာတွင် စင်္ကြန် လေးခုပါဝင်သည်။ သို့သော်လည်း ပုံမှန်အားဖြင့် စင်္ကြန်သုံးခုသည်သာ ခရီးသည်များအတွက် ဝန်ဆောင်မှုများ ပေးလျက်ရှိသည်။ စင်္ကြန်အမှတ် ၁ သည် ကန်ဒီမြို့ သို့မဟုတ် ကိုလံဘိုခံတပ်ဘူတာမှ လာ၍ ဘဒ်ဒူလာသို့ ထွက်ခွာမည့် ရထားများအတွက် အသုံးပြုသည်။ စင်္ကြန်အမှတ် ၂ သည် စုန်ဆင်းသည့် ရထားများဖြစ်သည့် ဘဒ်ဒူလာ သို့မဟုတ် ဟပုတလီဘူတာမှ လာ၍ Nawalapitiya, ကန်ဒီ, နှင့် ကိုလံဘိုခံတပ်ဘူတာသို့ သွားမည့် ရထားများအတွက် အသုံးပြုသည်။ အဓိကလမ်းမပေါ်တွင် ပြေးဆွဲနေကြသည့် ရထားများအားလုံးသည် ဟတ်တွန်ဘူတာတွင် ရပ်တန့်ကြသည်။ ဘူတာတွင် တစ်နေ့လျှင် ရထားစုစုပေါင်း ၁၂ စီးကို ထိန်းချုပ်လုပ်ဆောင်လျက်ရှိသည်။

ဟတ်တွန်ဘူတာသည် Nuwara Eliya ခရိုင်တွင် အလုပ်အများဆုံးဘူတာ ဖြစ်သည်။ ဗဟိုစီရင်စုနယ်၌မူ ဒုတိယမြောက် အလုပ်အများဆုံးဘူတာ ဖြစ်သည်။ ခန့်မှန်းခြေ ခရီးသည် ၁ သန်းသည် Adam's Peak (Sri Pada) ဘုရားဖူးခရီးသွားရာသီအတွင်းတွင် ဘူတာ၌ ရထားစီးကြသည်။ Adam's Peak (Sri Pada) သည် ဒီဇင်ဘာလ၌ စတင်ပြီး မေလတွင် ပြီးဆုံးသည်။ ဘူတာအပြင်ဘက်၌ ကြီးမားသည့် နားနေခန်းတည်တစ်ခု တည်ရှိသည်။ ၎င်းနားနေခန်း၌ ခရီးသွားများ Adams Peak သို့ လည်ပတ်ကြသည့် ဘုရားဖူးများ နားနေကြသည်။ ထိုဝန်ဆောင်မှုသည် ဘုရားဖူးရာသီတွင်သာ ဖြစ်သည်။ သီရိလင်္ကာပို့ဆောင်ရေးဘုတ်အဖွဲ့သည် ဘုရားဖူးများအတွက် ရထား - ဘတ်စကားများကို ချိတ်ဆက်ကာ ထိန်းသိမ်းအုပ်ချုပ်ဝန်ဆောင်မှုပေးလျက်ရှိသည်။

အချိန်စာရင်း ပြင်ဆင်ရန်

သီရိလင်္ကာရထားအချိန်စာရင်းဝဘ်ဆိုက် (http://www.eservices.railway.gov.lk/schedule/homeAction.action?lang=en Archived 25 May 2021 at the Wayback Machine.)

ဘူတာစဉ် ပြင်ဆင်ရန်

ယခင် ဘူတာ   Sri Lanka Railways   နောက် ဘူတာ
Rozella railway station   Main Line   Kotagala railway station

ကိုးကား ပြင်ဆင်ရန်

  1. The Chinese Connection။ History of Ceylon Tea။ 7 July 2015 တွင် ပြန်စစ်ပြီး။
  2. Dr David Hyatt (2000)။ Railways of Sri Lanka (PDF)။ Comrac။ ISBN 0-9537304-0-9။ 14 July 2018 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး21 May 2021 တွင် ပြန်စစ်ပြီး