ဟန်ထွန်း၊ ဦး (၁၉၂၁-၂၀၁၁) ပြင်ဆင်ရန်

ဆရာ ဦးဟန်ထွန်းကို အရိုးအကြောဆရာကြီး ဦးဘိုးရှိန်၊ ဒေါ်ချစ်ယုံတို့က ၁၉၂၁ ခုနှစ်တွင် ရေဦးမြို့နယ်၊ မြင်း ပေါက်ကျေးရွာ၌ မွေးဖွားသည်။ မွေးချင်းခုနစ်ဦးအနက် အငယ်ဆုံးသားဖြစ်သည်။


ဆရာဦးဟန်ထွန်းသည် ပါဠိစာပေကို ဓမ္မာ စရိယဘွဲ့ရသည်အထိ သင်ယူပြီး ဟိန္ဒူဘာသာ၊ သင်္သကရိုက်တို့ကိုလည်း သင်ယူသည်။ ဝိဇ္ဇာဘွဲ့နှင့် ပညာရေးဘွဲ့များ ရရှိသည်။ ၁၉၆၄ ခုနှစ်တွင် တိုင်းရင်းဆေးပညာစာမေးပွဲကို ဒေသနာနယ၊ ဗေဒတ္ထနယဘာသာဂုဏ်ထူးဖြင့် အောင်မြင်သည်။ ဆရာဦးဟန်ထွန်းသည် သာသနာရေးဌာန၊ ပိဋကတ်တော်မြန်မာပြန်ဌာနခွဲ၌ စာပြုအယ်ဒီတာ၊ ပိဋကတ်တိုက်အုပ်အဖြစ် ၁၀ နှစ်နှင့် ပညာရေးဌာနတွင် အထက်တန်းပြဆရာအဖြစ် ငါးနှစ်အမှုထမ်းသည်။ ၁၉၆၉ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ ကျန်းမာရေးဝန်ကြီး ဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၌ အုပ်ချုပ်ရေးအရာ ရှိ(စီမံကိန်း)၊ တိုင်းရင်းဆေးပညာမွမ်းမံသင်တန်း ကျောင်းအုပ်၊ တိုင်းရင်းဆေးသိပ္ပံ (မန္တလေး) ကျောင်းအုပ် ကြီး၊ တိုင်းရင်းဆေးရုံ (မန္တလေး) ဆေးရုံအုပ်၊ တိုင်းရင်း ဆေးပညာအကြံပေးတာဝန်များကို ထမ်းဆောင်သည်။


ဆရာဦးဟန်ထွန်းသည် တာဝန်ထမ်းဆောင်စဉ် ၁၉၇၆ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ကာ တရုတ်တိုင်းရင်းဆေးပညာကို လေ့ လာသည်။ ထိုနှစ်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပသည့် အာရှ-ပစိဖိတ်ဒေသရှိ ဆေးဖက်ဝင်အပင်များ အာနိသင် ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးသည်။ ဆရာဦးဟန်ထွန်းသည် တာဝန်မှ အငြိမ်းစား ယူပြီးနောက် တိုင်းရင်းဆေးကျမ်းများဖြစ်သည့် လက် တွေ့အသုံးချမြန်မာ့ကုထုံးဆေးပညာကျမ်း၊ ပထမနှင့် ဒုတိယလက်တွေ့အသုံးချမြန်မာ့ဆေးနည်းတိုကျမ်း၊ လက်တွေ့အသုံးချမြန်မာ့နက္ခတ်ဆေးပညာကျမ်း၊ ဗုဒ္ဓခေတ်မှ ဆေးဝါးများစာအုပ်တို့ကို ရေးသားပြုစု ထုတေ်ဝသည်။ ထို့ပြင် ဗုဒ္ဓဘာသာသိစရာ ကျင့်စရာ ဘာသာရေးစာအုပ်ကိုလည်း ရေးသားပြုစုထုတေ်ဝ သည်။ ၂၀၁၀ ပြည့်နှစ်တွင် ရေးသားထုတေ်ဝသော နရသုခိကျမ်းရင်းနှင့် စကားပြေကျမ်းစာအုပ်ဖြင့် ၂၀၁၀ ပြည့်နှစ် အမျိုးသားစာပေဆု သုတပဒေသာ (ရိုးရိုး သိပ္ပံ) ဆု ရရှိသည်။


တိုင်းရင်းဆေးသိပ္ပံကျောင်းအုပ်ကြီး (ငြိမ်း) ဆရာဦးဟန်ထွန်းသည် ၂၀၁၁ ခုနှစ်၊ ဇွန်လ ၂၉ ရက်တွင် မန္တလေးမြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန် တွင် ဇနီးဒေါ်ခင်ကြည်၊ သားသမီးငါးဦး၊ မြေး ၁၀ ဦးနှင့် မြစ်လေးဦး ကျန်ရစ်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၂)