ဟန်နရီ ကာဗန်ဒစ်ရှ်

ဗြိတိသျှ သဘာဝဒဿနပညာရှင်၊ သိပ္ပံပညာရှင်နှင့် အရေးပါသေး လက်တွေ့နှင့် သီအိုရီဆိုင်ရာ ဓာတုဗေဒ

ဟန်နရီ ကာဗန်ဒစ်ရှ် (အင်္ဂလိပ်: Henry Cavendish; FRS (/ˈkævəndɪʃ/; ၁၇၃၁ အောက်တိုဘာ ၁၀ – ၁၈၁၀ ဖေဖော်ဝါရီ ၂၄) သည် အင်္ဂလိပ် သဘာဝဒဿနပညာရှင်၊ သိပ္ပံပညာရှင်၊ ဓာတုဗေဒနှင့် ရူပဗေဒ ပညာရှင်တစ်ဦးဖြစ်သည်။ မီးလောင်တတ်သော လေ ဟု ၎င်းကိုယ်တိုင် ခေါ်ဆိုခဲ့သော ဟိုက်ဒရိုဂျင် ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့် ကျော်ကြားသည်။[၁] မီးလောင်နေသော ရေတွင် ပါဝင်ဖွဲ့စည်းထားသည့် ထိုလောင်ကျွမ်းတတ်သောလေ၏ သိပ်သည်းဆကို ၁၇၆၆ က အတုအယောင်လေများတွင် (On Factitious Airs) အမည်ရ စာတမ်းတွင် ဖော်ပြထားကာ အန်ထွမ်းန် လဗွာဇီယေက ကာဗန်ဒစ်ရှိ၏ စမ်းသပ်မှုကို ပြန်လည်ထုတ်ဝေခဲ့ကာ ယင်းဒြပ်စင်ကို ဟိုက်ဒရိုဂျင်ဟု အမည်ပေးခဲ့သည်။

ဟန်နရီ ကာဗန်ဒစ်ရှ်
Cavendish Henry signature.jpg
ဟန်နရီ ကာဗန်ဒစ်ရှ်
မွေးဖွား၁၇၃၁ အောက်တိုဘာ ၁၀
ဆာဒီနီးယားဘုရင့်နိုင်ငံ၊ နိစ်မြို့
ဆုံးပါး၂၄ ဖေဖော်ဝါရီ၊ ၁၈၁၀(1810-02-24) (အသက် ၇၈)
အင်္ဂလန်လန်ဒန်မြို့
နိုင်ငံသားဗြိတိသျှ
နိုင်ငံလူမျိုးအင်္ဂလိပ်
နယ်ပယ်ဓာတုဗေဒ, ရူပဗေဒ
အဖွဲ့အစည်းဌာနတော်ဝင်အဖွဲ့အစည်း
မိခင်ကျောင်းPeterhouse, Cambridge
ကျော်ကြားမှုအရင်းခံဟိုက်ဒရိုဂျင်ရှာဖွေတွေ့ရှိခြင်း
ကမ္ဘာမြေ သိပ်သည်းဆကို တိုင်းတာခြင်း
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များCopley medal

အလွန်တရာ အရှက်အကြောက်ကြီးသော်လည်း ကာဗန်ဒစ်ရှ်သည် ၎င်း၏သုတေသန နယ်ပယ်များတွင် တိတိကျကျ မှန်မှန်ကန်ကန်လုပ်ဆောင်မှုတတ်မှုကြောင့် နာမည်ကျော်ထင်ရှားရာ ထိုနယ်ပယ်များမှာ လေထု၏ ဖွဲ့စည်းတည်ရှိမှု၊ ဓာတ်ငွေ့အမျိုးမျိုး၏ ဂုဏ်သတ္တိများ၊ လျှပ်စစ်တို့၏ ဆွဲငင်ခြင်း၊ တွန်းကန်ခြင်း နိယာမ၊ ရေကို အတုပြုလုပ်ခြင်း၊ အပူနှင့်ပတ်သက်သော စက်မှုဆိုင်ရာနိယာမ၊ သိပ်သည်းဆ တွက်ချက်ခြင်း စသည်တို့ဖြစ်ကြသည်။ ကမ္ဘာမြေ၏ သိပ်သည်းဆကို တိုင်းတာသည့် ၎င်း၏လက်တွေ့ စမ်းသပ်ချက်ကို ကာဗန်ဒစ်ရှိ စမ်းသပ်ချက် (Cavendish experiment) ဟု အမည်တွင်ခဲ့သည်။

အထွေထွေပြင်ဆင်

ကမ္ဘာမြေ၏ သိပ်သည်းခြင်းကို အဦးဆုံး စူးစမ်းရှာဖွေခဲ့သူဟု ထင်ပေါ် ကျော်စောသော ဟင်နရီကဗင်းဒစ်သည် တတိယဒျူဘွဲ့ရ ဒက်ဗွန်ရှိုင်ယာမြို့စား၏ တူတော်သည်။ ၁၇၁၃ ခု အောက်တိုဘာလ ၁ဝ ရက်နေ့တွင် နီးစမြို့၌ ဖွားမြင်၍ ကိမ်းဗရစ် တက္ကသိုလ်၌ သင်္ချာနှင့် ရူပဗေဒပညာရပ်များကို ၃ နှစ်မျှ သင်ကြားခဲ့လေသည်။

၁၇၅၃ ခုနှစ်တွင် ဟင်နရီကဗင်းဒစ်သည် ကိမ်းဗရစ် တက္ကသိုလ်မှ ဒီဂရီဘွဲ့ မယူဘဲ ကျောင်းထွက် ပြီးနောက် ဝါသနာအလျောက် ဓာတုဗေဒ၊ရူပဗေဒ စသော သိပ္ပံပညာရပ်များကိုသာ စူးစမ်းလေ့လာနေခဲ့၏။ အသက် ၄ဝ လောက် အထိ သူ၏ဖခင်ထံမှ ရသမျှ ထောက်ပံ့ကြေးဖြင့်သာ မရှိမရှား နေထိုင်ခဲ့လေသည်။ အသက် ၄ဝ ကျော်တွင် ကဗင်းဒစ်သည် အမွေပစ္စည်း အမြောက်အမြား ဆက်ခံရရှိသဖြင့် ဓနအင်အား တောင့်တင်းသူတစ်ယောက် ဖြစ်လာသည်။ သို့သော် ကဗင်းဒစ်သည် ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည် ဖြစ်စေ သူ၏နေပုံ ထိုင်ပုံကိုကား မပြောင်းခဲ့ချေ။

ကဗင်းဒစ် နေထိုင်ပုံမှာ အလွန်ထူးဆန်းသည်။ သူသည် လူများများနှင့် ရောနှော၍ မနေလိုချေ။ တစ်ကိုယ်တည်း မိမိ ဝါသနာ စူးစိုက်ရာ သိပ္ပံပညာရပ်များကိုသာ စူးစမ်းရှာဖွေနေ လေ့ရှိသည်။ သိပ္ပံပညာရပ် နှင့် စပ်လျဉ်း၍ ကဗင်းဒစ် စမ်းသပ် တွေ့ရှိခဲ့သည့် ဗဟုသုတများမှာ ယခုခေတ် ဓာတု ဗေဒပညာ၏ အခြေခံများ ဖြစ်ပေသည်။ ကဗင်းဒစ်အား အမှတ် တရဖြစ်စေရန် ကိမ်းဗရစ်တက္ကသိုလ်ကျောင်း၌ ကဗင်းဒစ် ရူပဗေဒ လက်တွေ့စမ်းသပ်ရုံကြီးကို ဆောက်လုပ်ထားလေသည်။ သူ၏ စမ်းသပ် တွေ့ရှိချက်များထဲတွင် ရေတွင်ပါသောဓာတ် များ၏ အတိုင်းအဆကို လက်တွေ့ ရှာဖွေ တွေ့ရှိခြင်းမှာ ဓာတုဗေဒ ပညာရပ်သမိုင်းတွင် ထူးကဲသော တိုးတက်မှုတစ်ရပ် ဖြစ်သည်။ ကဗင်းဒစ်သည် ဖန်ဗူးတခုထဲတွင် ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ နှင့် အောက်ဆီဂျင်ဓာတ်ငွေ့များကို ထည့်၍ ဖန်ဗူးကို ချိန်တွယ် မှတ်သားထားသည်။ ထို့နောက် ထိုဓာတ်ငွေ့များကို လျှပ်စစ် ဓာတ်ဖြင့် မီးလောင်စေသည်။ ယင်းသို့ ဓာတ်ငွေ့များကိုလျှပ်စစ်ဓာတ်ဖြင့် မီးလောင်စေသည့်အခါ ဖန်ဗူးထဲမှ ဓာတ်ငွေ့ များသည် အရည်အဖြစ်သို့ ပြောင်းသွားကြောင်း တွေ့ရှိရ၏။

ထိုအရည်မှာ ပကတိရေကဲ့သို့ အနံ့အရသာ မရှိ၊ အရောင် အဆင်းမရှိဘဲ ဖန်ဗူး၏ အလေးချိန်လည်း ယခင်ကအတိုင်း ရှိ သည်ကို ကဗင်းဒစ် တွေ့ရှိရလေသည်။ ထိုသို့ အားဖြင့် ကဗင်း ဒစ်သည် ရေ၌ ဟိုက်ဒရိုင်ဂျင်ဓာတ်ငွေ့နှင့် အောက်ဆီဂျင် ဓာတ်ငွေ့များ ပါရှိကြောင်းနှင့် ထိုဓာတ်ငွေ့တို့၏ အတိုင်းအဆကို လက်တွေ့ တွက်ချက်၍ ပြနိုင်ခဲ့ပေသည်။ ထိုမှတပါး နိုက်ထရစ်အက်ဆစ်ဆိုသည်မှာ မည်သည့်အရာ ဖြစ်ကြောင်း ကိုလည်းကောင်း လေထဲတွင် ပါဝင်သည့် ဓာတ်များအကြောင်းကိုလည်းကောင်း ရှာဖွေတွေ့ရှိခဲ့လေသည်။

ကဗင်းဒစ်သည် ဓာတုဗေဒပညာဘက်တွင်သာ ထင်ရှား ကျော်စောသည်မဟုတ်၊ ရူပဗေဒပညာဘက်တွင်လည်း အတော်ပင် ထင်ရှားကျော်စောလေသည်။ ၁၈ ရာစုနှစ် ကုန်ခါ နီးတွင် သူသည် ကမ္ဘာမြေ၏ သိပ်သည်းခြင်းကို စမ်းသပ် ရှာဖွေကြည့်ရာ ၅ဒသမ ၄၄၈ ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ယခုခေတ်တွင် စူးစမ်းရှာဖွေ တွေ့ရှိပြီးဖြစ်သော ကမ္ဘာမြေ၏သိပ်သည်းခြင်းမှာ ၅ ဒသမ ၅ ဖြစ်၏။ ခေတ်မီ ကရိယာ တန်ဆာပလာများ မရှိဘဲနှင့် ထိုမျှ မှန်ကန်အောင် ကဗင်းဒစ်တွက်ချက်နိုင်ခြင်းမှာ များစွာ ခြီးမွမ်းဖွယ်ကောင်းပေသည်။ ကဗင်းဒစ်သည် အလွန် ရှက်ကြောက်တတ်၍ မိန်းမများ အလွန်မုန်းတီးသူဖြစ်သဖြင့် အိမ်တွင် ခိုင်းစေသော မိန်းမ အစေခံများကို စာရေး၍သာ မှာကြားလေ့ရှိသည်။ မည်သည့် အခါမျှ မျက်နှာချင်း မဆိုင်ရချေ။ လူပျိုကြီးဘဝနှင့်ပင် ကွယ်လွန်ရရှာလေသည်။

ထို့ပြင် သူသည် စကားအလွန်နည်းသူ ဖြစ်သည်။ ဆွေမျိုးများနှင့်လည်း ဆက်ဆံမှု နည်းသည်။ သူ၏ အမွေခံ အမွေစားဖြစ်သူ လော့ဂျော့ကဗင်းဒစ်ကိုပင် တစ်နှစ်လျှင် တစ်ခါသာ မိနစ်အနည်းငယ် တွေ့ဆုံခွင့်ပေးသည်။ သို့သော် သူသည် တော်ဝင်အသင်း၏ အစည်းအဝေးများသို့ မှန်မှန် တက်ရောက်ခဲ့သည်။ ၁၇၆ဝ ပြည့်နှစ်တွင် တော်ဝင်အသင်းဝင် လူကြီးတစ်ဦးဖြစ်လာ၍ ကြာသပတေးနေ့တိုင်း အသင်းဝင် လူကြီးများနှင့် ညစာစားလေ့ရှိ၏။

မလွှဲမကင်းသာ၍ တစ်ခါတစ်ရံ ဧည့်သည်များကို ဖိတ်ခေါ် ကျွေးမွေးရသည့်အခါမှာလည်း ဧည့်သည်များ အတွက် အစား အသောက် ဖွယ်ဖွယ်ရာရာရှိအောင် စီမံပေးရန် အခိုင်းအစေ တို့အား မပြောဆိုတတ်ချေ။ တစ်ခါ၌ သူသည် တော်ဝင် အသင်းမှ အသင်းသားများအား မိမိအိမ်၌ ထမင်းစားရန် ဖိတ်ခေါ်ခဲ့လေသည်။ ထိုဧည့်သည်များအတွက် မည်သည့်ဟင်းလျာ ကို ချက်ပြုတ်ကျွေးမွေးရန်သင့်မည်ကို ထမင်းချက်က မေးသော အခါ ကဗင်းဒစ်က သိုးခြေတချောင်းဆိုလျှင် တော်ပြီဟု ပြောသည်။ ထမင်းချက်က ဧည့်သည် လေးယောက် လာမည် ဆိုလျှင် သိုးခြေတစ်ချောင်းတည်းနှင့် လုံလောက်မည်မထင်ပါဟု ပြန်ပြောသောအခါ ဒါဖြင့် နှစ်ချောင်းဝယ်ဟု ဖြေလိုက်လေ သည်။ ကဗင်းဒစ်သည် လိုသည်ထက်ပို၍ ပြောဆိုလေ့ မရှိချေ။

လန်ဒန်မြို့ ကလပ်ဟမ် ကွန်မွန်းရပ်ကွက်ရှိအိမ်တွင် နေထိုင် သော်လည်း လန်ဒန်မြို့ထဲရှိ ဗလွန်းစဗါရီ ရပ်ကွက်၌ အိမ် တစ်ဆောင်ထားလေသည်။ သူ၏ စာကြည့်တိုက်ကို ဆိုဟိုးရပ်ကွက်၌ ထားရှိ၍ တကယ့် စာပေလေ့လာလိုသူတို့အား မိမိ စာအုပ်များကို ထုတ်ငှားလေ့ရှိသည်။ ကဗင်းဒစ်သည် စည်းကမ်းကြီးသူ ဖြစ်သဖြင့် စာကြည့်တိုက်မှ သူကိုယ်တိုင် စာအုပ်ထုတ်ယူသည့်အခါ၌ပင် စာအုပ်ယူကြောင်း လက်မှတ် ဖြတ်ပိုင်းကို အမြဲရေးသားထားခဲ့လေသည်။

ကဗင်းဒစ်သည် သက်ရှင်စဉ် တစ်ကိုယ်တည်းသာ နေလိုသကဲ့သို့ သေသည့်အချိန်၌လည်း တစ်ယောက်တည်း ဆိတ်ငြိမ် စွာ သေလိုသူဖြစ်၏။ သေခါနီးတွင် အစေခံကို အခန်းတွင်းမှ ထွက်စေ၏။ နာရီဝက်အကြာ အခန်းတွင်း ပြန်ဝင်လာသည့် အခါ ကဗင်းဒစ်မှာ သေဆုံးနေလေပြီ။ ထိုနေ့မှာ ၁၈၁ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ဖြစ်ပေသည်။[၂]

ကိုးကားပြင်ဆင်

  1. Cavendish, Henry (1766). "Three Papers Containing Experiments on Factitious Air, by the Hon. Henry Cavendish". Philosophical Transactions of the Royal Society 56: 141–184. The University Press. doi:10.1098/rstl.1766.0019. Bibcode1766RSPT...56..141C. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)