ဟမ်ပီ အား ဟမ်ပီရှိ အထိမ်းအမှတ် အဆောက်အဦး အစုအဝေး ဟုလည်း ခေါ်ဆိုလေ့ ရှိကြပြီး အိန္ဒိယနိုင်ငံ ကာနာတာကာပြည်နယ် အရှေ့အလယ်ပိုင်းရှိ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ တစ်ခု ဖြစ်သည်။ []၎င်းသည် ၁၄ ရာစုအတွင်း ဟိန္ဒူ ဝိဇယနာဂရ နိုင်ငံတော်၏ မြို့တော် ဖြစ်ခဲ့သည်။[]ပါရှားနှင့် ဥရောပခရီးသွားများ အထူးသဖြင့် ပေါ်တူဂီတို့၏ မှတ်တမ်းများအရ ဟမ်ပီသည် တွန်ဂါဘာထရာမြစ် အနီးရှိ ဘုရားကျောင်းများ၊ လယ်ယာများ၊ ကုန်သွယ်သည့်ဈေးများ အများအပြားရှိသည့် ကြွယ်ဝချမ်းသာပြီး ခမ်းနားသော မြို့တော် တစ်ခု အဖြစ်ဖော်ပြခဲ့သည်။ ၁၅၀၀ ခုနှစ်များသို့ အရောက်တွင် ဟမ်ပီ-ဝိဇယ နာဂရ သည် ကမ္ဘာပေါ်တွင် ဘေဂျင်းမြို့တော်ပြီးလျှင် ဒုတိယမြောက် အကြီးဆုံး အလယ်ခေတ်မြို့တော် ဖြစ်လာခဲ့ကာ ထိုအချိန်က အိန္ဒိယ၏ အချမ်းသာဆုံး မြို့ဖြစ်နိုင်ပြီး ပါရှား နှင့် ပေါ်တူဂီမှ ကုန်သည်များကို ဆွဲဆောင်နိုင်ခဲ့သည်။[][] ဝိဇယ နာဂယ နိုင်ငံတော်အား မွတ်စလင် စူလတန် တပ်ပေါင်းစုမှ အောင်နိုင်ခဲ့ပြီးနောက် ၎င်း၏ မြို့တော်ကို စူလတန်တို့၏ တပ်များက ၁၅၆၅ တွင် သိမ်းပိုက် လုယက် ဖျက်စီးကြသဖြင့် ထိုစဉ်မှစ၍ ဟန်ပီမှာ အပျက်အစီး အဖြစ်သာ ကျန်ရစ်ခဲ့သည်။ [][][]

ဟမ်ပီရှိ အထိမ်းအမှတ် အဆောက်အဦး အစုအဝေး*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  အိန္ဒိယ
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း i, iii,iv
ကိုးကား ၂၄၁
ဒေသ** အာရှ နှင့် ပစိဖိတ်
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၆  (ဒသမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ကာနာတာကပြည်နယ်တွင် တည်ရှိပြီး ယနေ့ခေတ်မြို့တော် ဟိုဆားပေတေမြို့ အနီးတွင်တည်ရှိသော ဟန်ပီ အပျက်အစီးများသည် ၄,၁၀၀ ဟက်တာ (၁၆ စတုရန်းမိုင်) အတွင်း ဖြန့်ကျက်တည်ရှိပြီး ယူနက်စကိုမှ ဖော်ပြထားသည်မှာ တောင်အိန္ဒိယ၏ နောက်ဆုံး ကြီးကျယ်သော ဟိန္ဒူနိုင်ငံ ၏ "ခံတပ်၊ မြစ်ကမ်းနား တည်ဆောက်မှုများ၊ တော်ဝင်နှင့် မြင့်မြတ်သော အဆောက်အဦးအစုအဝေးများ၊ ဘုရားကျောင်းများ၊ နတ်ကွန်းများ၊ တိုင်လုံးများရှိသော ခန်းမဆောင်များ၊ ဝင်ပေါက်တံခါးများ၊ အမှတ်တရ အဆောက်အအုံများ၊ ရေနှင့်ဆိုင်သော အဆောက်အအုံများ နှင့် အခြားသော အဆောက်အအုံများ" စသည့် ၁,၆၀၀ ကျော်မျှသော အပျက်အစီးများ ကြွင်းကျန်ရစ်သော ရိုးရှင်းပြီး ခမ်းနားသည့်နေရာ ဟူ၍ ဖြစ်သည်။[] ဟမ်ပီသည် ဝိဇယ နာဂရ နိုင်ငံတော် မတိုင်ခင်ကပင် တည်ရှိခဲ့ပြီး အသောကမင်းကြီး၏ စာများတွင် တွေ့ရသည့်အပြင် ရာမယဏ ဇာတ်နှင့် ဟိန္ဒူ ပူရဏ စာတို့တွင် ပမ်ပါ ဒေဝီ တီသာ သျှတ္တရ ဟု ဖော်ပြထားသည်။[][] ဟမ်ပီသည် အရေးပါသော ဘာသာရေး နေရာ တစ်ခု အဖြစ် တည်ရှိနေဆဲဖြစ်ပြီး ဝိရူပက်ရှ ဘုရားကျောင်း ၊ အဒီရှန်ကာရာ နှင့် သက်ဆိုင်သော ဘုန်းကြီးကျောင်း နှင့် မြို့ဟောင်းအတွင်းမှ အထိမ်းအမှတ်အဆောက်အဦးများ ရှိသည်။[][]


  1. Group of Monuments at Hampi။ World Heritage။ 20 December 2006 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ Anila Verghese 2002, pp. 1–18
  3. Michael C. Howard (2011)။ Transnationalism and Society: An Introduction။ McFarland။ pp. 77–78။ ISBN 978-0-7864-8625-0
  4. Nicholas F. Gier (2014)။ The Origins of Religious Violence: An Asian Perspective။ Lexington။ pp. 11–14။ ISBN 978-0-7391-9223-8, Quote: "In its peak of glory, ca. 1500, with a population of about 500,000 and sixty square miles in area, Vijayanagara was the second largest city in the world behind Beijing."
  5. ၅.၀ ၅.၁ Fritz & Michell 2016, pp. 11–23, backpage
  6. Lycett, Mark T. (2013). "The Fall of Vijayanagara Reconsidered: Political Destruction and Historical Construction in South Indian History 1". Journal of the Economic and Social History of the Orient 56 (3): 433–470. doi:10.1163/15685209-12341314. 
  7. Group of Monuments at Hampi, UNESCO
  8. John M. Fritz; George Michell; Clare Arni (2001)။ New Light on Hampi: Recent Research at Vijayanagara။ Marg Publications။ pp. 1–7။ ISBN 978-81-85026-53-4
  9. Joan-Pau Rubiés (2002)။ Travel and Ethnology in the Renaissance: South India Through European Eyes, 1250–1625။ Cambridge University Press။ pp. 234–236။ ISBN 978-0-521-52613-5