ဟမ်မန်ဟီရယ်ခံတပ် သည် သီရိလင်္ကာနိုင်ငံမြောက်ပိုင်း ဂျက်ဖနာကျွန်းဆွယ်ရှိ Kayts နှင့်Karaitivu ကျွန်းနှစ်ခုအကြားရှိ သေးငယ်သည့်ကျွန်းတစ်ခုဖြစ်ကာ တပ်စခန်းတစ်ခု တည်ဆောက်ထားသည်။

Fort Hammenhiel
Jaffna Peninsula, Sri Lanka
Fort Hammenhiel seen from Karainagar
Fort Hammenhiel သည် Northern Province တွင် တည်ရှိသည်
Fort Hammenhiel
Fort Hammenhiel
ကိုဩဒိနိတ်9°42′42″N 79°50′53″E / 9.711696°N 79.848006°E / 9.711696; 79.848006ကိုဩဒိနိတ်: 9°42′42″N 79°50′53″E / 9.711696°N 79.848006°E / 9.711696; 79.848006
အမျိုးအစားDefence fort
ဆိုဒ်အချက်အလက်
ထိန်းချုပ်Sri Lankan Navy
အခြေနေGood
ဆိုဒ်ရာဇဝင်
တည်ဆောက်1618
တည်ဆောက်သူPortuguese and Dutch
ပစ္စည်းများGranite Stones and coral

သမိုင်းကြောင်း ပြင်ဆင်ရန်

၁၇ ရာစုအလယ်တွင် ပေါ်တူဂီတို့သည် ဂျက်ဖနာကျွန်းဆွယ်ကို ဝင်ရောက်သည့်ရန်မှ ကာကွယ်ရန် ခံတပ်ကို တည်ဆောက်ခဲ့သည်။ ခံတပ်ကို Fortaleza do Caes (Fort Royal) ဟု အမည်ပေးခဲ့သည်။[၁][၂] ကပ္ပတိန်များဖြစ်ကြသည့် Cornelies Reb, Piester Waset နှင့် N. van der Reede တို့၏ အမိန့်ပေးမှုအောက်တွင် ဒတ်ချ်တို့သည် ခံတပ်ကို သိမ်းယူခဲ့ပြီး ခံတပ်အမည်ကို ဟမ်မန်ဟီရယ် ဟု အမည်ပေးခဲ့သည်။ ဒတ်ချတ်တို့သည် သီရိလင်္ကာနိုင်ငံ၏ ပုံသဏ္ဌာန်ကို Smoked ham ပုံစံ ပြုပြင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ခံတပ်ကိုလည်း Shank Bone စီမံကိန်းတည်ရှိသည့်နေရာတွင် ထားရှိခဲ့သည်။ [၃][၄]ခံတပ်ကို ၁၆၈၀ ခုနှစ်တွင် ပြန်လည်တညဆောက်ခဲ့သည်။ ခံတပ်တွင် ကျောက်တုံးဖြင့်ပြုလုပ်ထားသည့် ရေကာတာတစ်ခု၊ အခေါင်းပေါက်အမြှောက်စင်တစ်ခု၊ အပေါက်ပိုင်းပေါင်းကူးကို ကျောက်ဖြင့်အစားထားခြင်းနှင့် ခံတပ်၏ မြောက်ဘက်တွင် အုတ်များဖြင့်ပြုလုပ်ထားသည့် ရေလှောင်ကန်တစ်ခု ပါဝင်သည်။ အကျဉ်းတိုက်တွင် ကြီးမားသည့် မြေအောက်ခန်း ၉ ခုရှိပြီး ယမ်းမှုန့်များကို သိမ်းဆည်းထားသည်။ ဒတ်ချ်တို့သည် Lieutenant or Ensign ၏ တိုက်ခိုက်မှုတွင် စစ်သား ၃၀ ခန့်ကို ထိန်းသိမ်းထားရှိခဲ့ကြသည်။[၅]

ဗြိတိသျှတို့သည် ခံတပ်ကို ပထမဆုံးအနေဖြင့် လုံခြုံရေးမြင့်မားသည် အကျဉ်းထောင်တစ်ခုအဖြစ် အသုံးပြုခဲ့ကြသည်။ ထို့နောက်တွင် ကူးစက်ရောဂါကုဆေးရုံအဖြစ် အသုံးပြုခဲ့သည်။[၁]

ထင်ရှားသည့်နေထိုင်ခဲ့သူများ ပြင်ဆင်ရန်

၁၉၇၁ တွင် Janatha Vimukthi Peramuna ကို တည်ထောင်သူခေါင်းဆောင်ဖြစ်သည့် Rohana Wijeweera ကို ဖမ်းဆီးပြီး ဤခံတပ်တွင် ထိန်းသိမ်းခဲ့သည်။[၄] နောက်ပိုင်းတွင် ၁၉၇၁ ခုနှစ် JVP သောင်းကျန်းမှုများမှ အခြားသောအကျဉ်းသားများကိုလည်း ထားရှိခဲ့သည်။ ထိုထိန်းသိမ်းခံရသူများတွင် Upatissa Gamanayake, Lionel Bopage, Podi Athula (Victor Ivan), Loku Athula (N. Jayasinghe), Prof. Jayadeva Uyangoda and Mahinda Wijesekara (နောင်တွင် ဝန်ကြီးဖြစ်လာသူ) တို့ ပါဝင်သည်။

နောက်ပိုင်းအသုံးပြုမှု ပြင်ဆင်ရန်

အကျဉ်းသားများကို ထိန်းသိမ်းရန်နှင့် နေရာလွတ်များစွာရှိသည့်အတွက်ကြောင့် နောက်ပိုင်းတွင် သီရိလင်္ကာရေတပ်သည် အပြစ်ကျူးလွန်သည့် သင်္ဘောသားများကို ထိန်းသိမ်းရာနေရာအဖြစ် အသုံးပြုခဲ့သည်။ ယခုအချိန်တွင်မူ သီရိလင်္ကာရေတပ်သည် ခရီးသွားဟိုတယ်တစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီ ဖြစ်သည်။[၄][၆]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ The Times of Ceylon Annual။ Times of Ceylon။ 1967။ pp. 27–29။
  2. The Ceylon Antiquary and Literary Register, Volume 5။ 1920။ p. 79။
  3. Gooneratne၊ Brendon (1995)။ The Epic Struggle of the Kingdom of Kandy and Its Relevance to Modern Indo-Sri Lankan Relations။ Argus။ p. 30။ ISBN 9780646249575
  4. ၄.၀ ၄.၁ ၄.၂ Ellis၊ Royston။ "Staying in Prison!"၊ 3 March 2013။ 
  5. Dutch East India Company (1908)။ Instructions from the Governor-General and Council of India to the Governor of Ceylon, 1656-1665။ H.C. Cottle, Government Printer။ p. 106။
  6. Fort Hammenhiel။ Amazing Lanka။[လင့်ခ်သေ]