ဟမ်းဘာဂါ အဘင်းဘလတ်(အင်္ဂလိပ်: Hamburg Evening Newspaper, ဟမ်းဘာ့ညနေသတင်းစာ)သည် ဟမ်းဘာ့ခ်မြို့တွင် ထုတ်ဝေသော ဂျာမန် နေ့စဉ်သတင်းစာ တစ်စောင် ဖြစ်သည်။

Hamburger Abendblatt
အမျိုးအစားနေ့စဉ်ထုတ် သတင်းစာ (တနင်္ဂနွေမှ အပ)
ပုံစံအချိုးအစားBroadsheet
ပိုင်ဆိုင်သူFunke-Mediengruppe
အယ်ဒီတာချုပ်Claus Strunz
တည်ထောင်ခြင်း၁၉၄၈; ၇၆ နှစ် အကြာက (၁၉၄၈)
ဘာသာစကားဂျာမန်
ဌာနချုပ်များဟမ်းဘာ့ခ်မြို့၊ ဂျာမနီနိုင်ငံ
စောင်ရေ၂၈၆,၉၉၂ (၂၀၀၉၊ ဒုတိယ လေးလပတ်)
ISSN0949-4618
OCLC နံပါတ်85355780
ဝက်ဘ်ဆိုဒ်abendblatt.de

သတင်းစာသည် ဟမ်းဘာ့ဒေသထဲက သတင်းများကို ဖော်ပြသည့်အပြင်၊ ရံခါ၌ နော်ဒါးစတက်၊ အာရင်စဘာ့၊ ဟားဘာ့နှင့် ပင်းနီဘာ့ တို့မှ လာသော သတင်းများကိုလည်း ဖော်ပြပေးသည်။ ၎င်းသည် နိုင်ငံရေးအရ ကွန်ဆာဗေးတစ် အနည်းငယ်ဆန်သည်၊ အများအားဖြင့်၊ အစိုးရလိုလားပြီး၊ SPD အုပ်ချုပ်ရေးက ပါဝင်သည့်အဆင့် ဖြစ်သည်။

သမိုင်းနှင့် အကျဉ်း ပြင်ဆင်ရန်

သတင်းစာအမည်တွင် အဘင်းဘလတ်(ညနေသတင်းစာ) ပါသည့် ယခင်ဟမ်းဘာ့သတင်းစာ လေးစောင် ရှိခဲ့ရာ၊ ၂ မေ ၁၈၂၀ တွင် တည်ထောင်သော ဟမ်းဘာဂါ အဘင်းဘလတ် အမည်ရ သတင်းစာသည်လည်း တစ်စောင်အပါအဝင် ဖြစ်သည်။

ဟမ်းဘာဂါ အဘင်းဘလတ်ကို ပုံပြောင်း၍ ဒုတိယ ကမ္ဘာစစ်ပြီးနောက် ၁၄ အောက်တိုဘာ ၁၉၄၈ ၌ ကနဦးတည်းဖြတ်မူ ကော်ပီ ၆၀,၀၀၀ နှင့် ပထမဦးဆုံး ထုတ်ဝေခဲ့သည်။ သတင်းစာသည် ဟမ်းဘာ့ဆီးနိတ်လွှတ်တော်နှင့် မြို့တော်ဝန် မက်စ် ဘရောဝါတို့ထံမှ ထုတ်ဝေလိုင်စင် ရရှိရာ၊ လိုင်စင်ကို မဟာမိတ်တို့ နေရာရထားသည့် အာဏာပိုင်များထံမှ မဟုတ်ဘဲ ဂျာမန်ထံမှ ရရှိသော စစ်ပြီးဂျာမနီ၏ ပထမဆုံး နေ့စဉ်သတင်းစာ ဖြစ်လာသည်။ လည်ပတ်ပြီး ခြောက်လအကြာ၊ စောင်ရေမှာ နေ့စဉ် ကော်ပီ ၁၇၀,၀၀၀ သို့ မြင့်တက်လာသည်။ ၁၉၇၀ ပြည့်လွန်နှစ်များ မတိုင်ခင်က၊ မွန်းလွဲမှသာ ဖြန့်ချိသော်လည်း၊ ယခုအခါ မနက်အစောကြီး ဖြန့်ချိသည်။

၁၉၄၈ မှ ၂၀၁၃ ထိ တောက်လျှောက် ဟမ်းဘာဂါ အဘင်းဘလတ်ကို အက်ဆဲ စပရင်းဂါ အဂ်က ထုတ်ဝေသည်။[၁] အက်ဆဲ စပရင်းဂါဆီမှ ၁ ဇန်နဝါရီ ၂၀၁၄ တွင် ဖန့်ကီ မဲဒီယင်းဂရုပီက ဝယ်ယူပြီး ဆက်လက် ထုတ်ဝေသည်။ တနင်္လာမှ စနေထိသာ ထုတ်ဝေလေ့ ရှိသော်လည်း၊ ၂၉ အောက်တိုဘာ ၂၀၀၆ ကတည်းက ဟမ်းဘာဂါ မော့ဂင်ပို့စ် သတင်းစာ၏ ၅ နိုဝင်ဘာ ၂၀၀၆ ရက်စွဲဖြင့် စတင်ထုတ်ဝေသည်ကို ယှဉ်ပြိုင်သော အားဖြင့်၊ တနင်္ဂနွေအထူးထုတ်ကိုလည်း ထုတ်သည်။

စောင်ရေ ပြင်ဆင်ရန်

ဟမ်းဘာဂါ အဘင်းဘလတ်သည် ၂၀၀၁ တွင် စောင်ရေ ကော်ပီ ၂၈၈,၀၀၀ ရှိသည်။[၂] ၂၀၀၆ ပထမလေးလပတ်တွင် ၂၅၂,၅၃၃ စောင်ရေ ရှိလာသည်။[၃] ၂၀၀၉ ဒုတိယလေးလပတ်တွင်မူ စောင်ရေ ၂၈၆,၉၉၂ သို့ တက်လာခဲ့သည်။[၄]

ကိုးကား ပြင်ဆင်ရန်

  1. Stefan Schultz et. al. (26 July 2013). "Sell-Off: Newspaper Giant Turns Back on Journalism". Der Spiegel. Retrieved on 16 December 2014. 
  2. Adam Smith။ "Europe's Top Papers"၊ campaign၊ 15 November 2002။ 18 April 2015 တွင် ပြန်စစ်ပြီး 
  3. European Publishing Monitor (Report)။ Turku School of Economics (Media Group) (March 2007)။ 10 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 March 2015 တွင် ပြန်စစ်ပြီး။
  4. IVW website Archived 6 June 2017 at the Wayback Machine. (German) 

ပြင်ပလင့် ပြင်ဆင်ရန်