ဟယတို ရေတံခွန်ကြီး (早戸大滝, Hayato-Ōtaki) သည် ဂျပန်နိုင်ငံ၊ ခနဂဝစီရင်စု၊ ဆဂမိဟရမြို့တွင် တည်ရှိသည့် Tanzawa-Ōyama Quasi-National Park ၏ နယ်နိမိတ်အတွင်းတွင် တည်ရှိနေသည့် ဟယတိုမြစ်ပေါ်တွင် တည်ရှိသည့် ရေတံခွန်တစ်ခု ဖြစ်သည်။

ဟယတိုရေတံခွန်ကြီး
早戸大滝
ဟယတိုရေတံခွန်ကြီး သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
ဟယတိုရေတံခွန်ကြီး
တည်နေရာSagamihara,
Kanagawa Prefecture, ဂျပန်
ကိုဩဒိနိတ်35°29′16″N 139°09′39″E / 35.48778°N 139.16083°E / 35.48778; 139.16083ကိုဩဒိနိတ်: 35°29′16″N 139°09′39″E / 35.48778°N 139.16083°E / 35.48778; 139.16083
အမျိုးအစားmultiple fan
စုစုပေါင်း အမြင့်၅၀ မီတာ
ရေဆင်းလမ်းများ
အရှည်ဆုံး ရေဆင်းလမ်း၄၀ မီတာ
ရေလမ်းHayato River

ဟယတိုရေတံခွန်ကြီးတွင် ရေများသည် ထုထည်ပမာဏကြီးမားစွာ စီးဆင်းလျက်ရှိပြီး ရေတံခွန်၏ ရေစီးကြောင်းသည် နှစ်ခု ခွဲဖြာစီးဆင်းနေသည်။ ရေတံခွန်၏ စုစုပေါင်းအမြင့်သည် ၅၀ မီတာ (၁၆၀ ပေ) ရှိသည်။ အထက်ဘက်ရှိ ရေတံခွန်သည် မီတာ ၄၀ မြင့် ၍ အောက်ဘက်ရှိ ရေတံခွန်သည် ၁၀ မီတာ မြင့်သည်။ အထက်ဘက်ရှိ ရေတံခွန်၏ အလယ်မှ ကြီးမားသည့်ကျောက်ဆောင်တစ်ခုသည် ငေါထွက်နေသည့်အတွက် ရေတံခွန်ကို ကြည့်ရှုရာတွင် အဟန့်အတား ဖြစ်နေသည်။ ထို့ကြောင့် ရေတံခွန်တစ်ခုလုံးကို ရှင်းလင်းစွာ မြင်နိုင်ရန် ရေတံခွန်၏ အောက်ခြေဘက်မှ ကြည့်ရသည်။ ဟယတိုရေတံခွန်ကြီးသည် တန်ဇဝတောင်များ၏ နက်ရှိုင်းသည့် နေရာတွင် တည်ရှိနေပြီး သွားရောက်မည်ဆိုပါက တောင်တက်၍ ၂ နာရီ သွားရပြီး သွားရသည့်လမ်းမှာ ဆိုးရွားသည်။ ရာသီဥတုဆိုးရွားသည့်အချိန်များတွင် ရေတံခွန်သို့ သွားရောက်နိုင်ခြင်း မရှိပေ၊ ထို့ကြောင့်ပင် ရေတံခွန်သို့ လည်ပတ်သူသည် အနည်းငယ်သာ ရှိသည်။

ဟယတိုရေတံခွန်ကြီးသည် ၁၉၉၀ ခုနှစ် ဂျပန်နိုင်ငံ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် “ဂျပန်နိုင်ငံရှိ အကောင်းဆုံး ရေတံခွန် ၁၀၀” တွင် ပါဝင်သည်။[၁]

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Ministry of Environment။ 22 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 December 2020 တွင် ပြန်စစ်ပြီး။