ဟယ်ရီဆန် ဖို့ဒ် (အင်္ဂလိပ်: Harrison Ford ; /ဟယ်ရီဆန် ဖော့ဒ်/) သည် အမေရိကန်နိုင်ငံသား ရုပ်ရှင်မင်းသား၊ လေယာဉ်မှူး၊ သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည်။ ၂၀၁၉ အထိ ၎င်းရိုက်ကူးခဲ့သော ရုပ်ရှင်များမှ စုစုပေါင်း ပြည်တွင်းရုံတင်ဝင်ငွေ (လက်မှတ်ရောင်းချရမှု) မှာ အမေရိကန်ဒေါ်လာ ၅.၁ ဘီလီယံအထိရှိ၍ ကမ္ဘာအနှံ့ ရုံတင်ဝင်ငွေစုစုပေါင်းမှာ ၉.၃ ဘီလီယံကျော်ရှိသောကြောင့်[၂] သမိုင်းတစ်လျှောက် ရုပ်ရှင်သရုပ်ဆောင်များ၏ ရုံတင်ဝင်ငွေ ရရှိမှု စုစုပေါင်းပမာဏတွင် အဆင့်လေး နေရာ၌ ရှိသည်။[၃] ထိုရုံတင်ဝင်ငွေအပြင် အကယ်ဒမီဆု တစ်ကြိမ်၊ ရွှေကမ္ဘာလုံးဆု လေးကြိမ် လျာထားခြင်းခံခဲ့ရပြီး စေတန်ဆု သုံးကြိမ်၊ AFI Life Achievement ဆုနှင့် Cecil B. DeMille ဆုတို့ကို ရရှိခဲ့သည်။

ဟယ်ရီဆန် ဖို့ဒ်
Harrison Ford
မွေးဖွား (1942-07-13) ဇူလိုင် ၁၃၊ ၁၉၄၂ (အသက် ၈၁)
အမေရိကန်ပြည်ထောင်စု၊ ချီကာဂို၊ အီလီနွိုက်
အလုပ်အကိုင်
  • ရုပ်ရှင်မင်းသား
  • လေယာဉ်မှူး
  • သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူ
တက်ကြွလှုပ်ရှားနှစ်များ၁၉၆၆–လက်ရှိ
ဖန်တီးမှုများFull list
အိမ်ထောင်ဖက်(များ)
  • Mary Marquardt (လက်ထပ် 1964; ကွာရှင်း 1979)
  • Melissa Mathison (လက်ထပ် 1983; ကွာရှင်း 2004)
  • Calista Flockhart (လက်ထပ် 2010)
[၁]
သားသမီး

ရုပ်ရှင်လောကသို့ စတင်ဝင်ရောက်ခဲ့ပြီး မထင်မရှားနေရာ၊ ဇာတ်ပို့နေရာများတွင် သရုပ်ဆောင်ခဲ့ပြီး ဖို့ဒ်သည် အာကာသဇာတ်လမ်းတွဲကြီးဖြစ်သည့် ၁၉၇၇ ထွက်ရှိသော စတားဝေါ ခေါ် ကြယ်တာယာစစ်ပွဲရုပ်ရှင်တွင် ဟန်ဆိုလို (Han Solo) အဖြစ် ပါဝင်ခဲ့ရာမှ[၄] ကမ္ဘာအနှံ့ အောင်မြင်ကျော်ကြားခဲ့သည်။ ထို့နောက် (၄၂) နှစ်ကြာ ကာလအတွင်း ထွက်ရှိခဲ့သည့် နောက်ဆက်တွဲ ရုပ်ရှင်လေးကားတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။ ကျယ်ကျယ်ပြန့်ပြန့် လူသိများခဲ့သည်မှာ Raiders of the Lost Ark (၁၉၈၁) မှစတင်သည့် အင်ဒီယာနာ ဂျုံးဇ် ဇာတ်ကားများဖြစ်သည်။ [၅]သိပ္ပံဇာတ်ကားများ ဖြစ်သော Blade Runner (၁၉၈၂) ၊ Blade Runner 2049 (၂၀၁၇) တို့တွင် ရစ်ခ် ဒက်ကာ့ခ် ဇာတ်ကောင်အဖြစ်လည်းကောင်း တွန်ကလန်စီဇာတ်ကားတွဲများဖြစ်သည့် Patriot Games (၁၉၉၂) ၊ Clear and Present Danger (၁၉၉၄) တို့တွင် ဂျက်ရိုင်ယန်အဖြစ်လည်းကောင်း ပါဝင်ခဲ့သည်။[၆] ၎င်း၏ သရုပ်ဆောင်သက်တမ်းမှာ နှစ်ခြောက်ဆယ်ကျော်ရှိပြီဖြစ်ကာ သမိုင်းတစ်လျှောက် အထင်ကရရှိသော ရုပ်ရှင်ရိုက်ကူး/ထုတ်လုပ်သူများနှင့် ပူးပေါင်းလုပ်ဆောင်ရာ၌ ဂျော့ဂျ် လူးကပ်စ်၊ ဖရန့်စစ် ဖော့ဒ် ကော့ပိုလာ၊ စတီဗန် စပီးလ်ဘတ်ခ်၊ ရစ်ဒ်လီ စကော့၊ ပီတာ ဝီးယာ၊ ရိုမန် ပေါ်လန်းစကီး၊ မိုက် နီကိုလပ်စ်တို့ ဖြစ်ကြသည်။


ထိုသို့ ထင်ရှားသည့်နာမည်ရ ဇာတ်ကောင်များအပြင် အခြားသောဇာတ်ကားများ၌လည်း ပါဝင်ခဲ့သေးသည်။ Witness (၁၉၈၅) တွင် အကယ်ဒမီဆု လျာထားခြင်းခံခဲ့ရပြီး The Fugitive (၁၉၉၃)[၇] ၊ Air Force One (၁၉၉၇) ၊ 42 (၂၀၁၃) တို့၌ သရုပ်ဆောင်ခဲ့၏ ။ ထိုသို့ မင်းသားနေရာမှ သရုပ်ဆောင်မှုများအပြင် ဗီလိန်ဆန်သည့် ဇာတ်ကောင်များကို American Graffiti (၁၉၇၃) ၊ The Conversation (၁၉၇၄) ၊ The Mosquito Coast (၁၉၈၆) ၊ Presumed Innocent (၁၉၉၀) ၊ What Lies Beneath (၂၀၀၀) တို့၌လည်း ပါဝင်ခဲ့၏ ။ အခြားအလွမ်းအဆွေး၊ ဟာသရုပ်ရှင်များမှာ Heroes (၁၉၇၇) ၊ Working Girl (၁၉၈၈) ၊ Sabrina (၁၉၉၅) ၊ Six Days, Seven Nights (၁၉၉၈) ၊ Random Hearts (၁၉၉၉) ၊ Morning Glory (၂၀၁၀) နှင့် The Age of Adaline (၂၀၁၅) တို့ဖြစ်ကြသည်။

ကိုးကား ပြင်ဆင်ရန်

  1. "Harrison Ford and Calista Flockhart Get Married!"၊ People၊ June 16, 2010။ 
  2. Harrison Ford Movie Box Office Results။ August 12, 2019 တွင် ပြန်စစ်ပြီး။
  3. People Index။ 27 June 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 July 2021 တွင် ပြန်စစ်ပြီး။
  4. Empire of Dreams: The Story of the Star Wars Trilogy. Star Wars Trilogy Box Set DVD documentary. [2005]
  5. Rinzer, J. W. (2008)။ The Complete Making of Indiana Jones: The Definitive Story Behind All Four Films။ New York: Del Rey, imprint of Random House, Inc.။ p. 153။ ISBN 978-0-345-50129-5
  6. Baldwin and Ford Feud။ April 3, 2020 တွင် ပြန်စစ်ပြီး။
  7. The Fugitive Reviews။ February 20, 2020 တွင် ပြန်စစ်ပြီး။