ဟရိတေဥစ္စာရသိက္ခာပုဒ် (ပါဒုကဝဂ်)

မြက်သစ်ပင်ပေါ် ကျင်ကြီး ကျင်ငယ်နှင့် တံတွေးစွန့်မှု

ပြင်ဆင်ရန်

ဆဗ္ဗဂ္ဂီရဟန်းတို့သည် စိမ်းစို့သော(ခြောက်၍ သေနေသည် မဟုတ်သော) မြက်သစ်ပင်ပေါ်၌ ကျင်ကြီး, ကျင်ငယ်နှင့် တံတွေးကို စွန့်ကြ ထွေးကြကုန်၏၊ လူတို့ကား စိမ်းနေသော မြက်သစ်ပင်များကို အသက်ရှိ (အရှင်)ဟု မှတ်ထင်ကြကုန်၏၊ ထို့ကြောင့် ထိုစွန့်မှု, ထွေးမှုကို ကဲ့ရဲ့ကြသဖြင့် “မစွန့် မထွေးရ”ဟု တားမြစ်တော်မူပြီးနောက် ဂိလာနဖြစ်၍ မြက်သစ်ပင် မရှိသော အရပ်သို့ မသွားနိုင်သော ဂိလာနများအတွက် ခြွင်းချက်ပြုကာ...[]

“န ဟရိတေ အဂိလာနော ဥစ္စာရံဝါ ပဿာဝံဝါ ခေဠံဝါ ကရိဿာမိတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။

မြန်မာပြန်

ပြင်ဆင်ရန်

“ငါသည် ဂိလာန မဟုတ်လျှင် စိမ်းစိုသော မြက်သစ်ပင်ပေါ်၌ ကျင်ကြီး, ကျင်ငယ်, တံတွေး (နှပ်)တို့ကို မစွန့်အံ့”ဟု အလေ့ အကျင့်ကိုပြုရမည်။

မှတ်ချက်

ပြင်ဆင်ရန်

မြက်သစ်ပင်တို့မှ ဖျာထွက်လာသောသစ်ကိုင်း မြေပေါ်၌ ပေါ်နေသော သစ်မြစ်တို့အပေါ်၌လည်း မစွန့်ကောင်း၊ မြက်ခင်းပေါ်၌ နေ့စဉ် လွတ်လပ်သော မြေကွက်ကို မရနိုင်မူ သစ်ရွက်ခြောက် စသည့်အပေါ် စွန့်ချရမည်၊ထိုသစ်ရွက်ခြောက်မှ တဆင့် စီးသွား၍ မြက်ပေါ်၌ကျသော်လည်း အာပတ်မသင့်၊ မြက်သစ်ပင်မရှိသော နေရာကို ရှာနေစဉ် မချုပ်တည်းနိုင်၍ ထွက်သွားရာ၌လည်း (ဂိလာန သဘော သက်ရောက် နေသောကြောင့်) အာပတ်မသင့်၊ ဤသိက္ခာပုဒ်နှင့် နောက်သိက္ခာပုဒ်၌ ခေဠဖြင့် နှပ်ပါယူရမည်၊ ပါးစပ်ဖြင့် ငုံထားသောရေနှင့် ကြံဖတ် အမျိုး စသည်ကိုကား-မြက်သစ်ပင်ပေါ်၌ ထွေးကောင်း၏။

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး