ဟရှန်ဂီကန် (ፃዕዳ ባሕሪ Lake Hashange, Lake Hashengi စသဖြင့်လည်း ခေါ်ကြ) သည် အီသီယီုးပီးယားနိုင်ငံ၊ တိဂရေးဒေသတောင်ပိုင်းတွင် တည်ရှိသည့် ကန်တစ်ခု ဖြစ်သည်။ ကန်သည် အီသီယိုးပီးယား၏ ကုန်းမြင့်ဒေသများတွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၂၄၀၉ မီတာတွင် တည်ရှိသည်။ ကန်တွင် ရေထွက်ပေါက် မရှိပေ။ ၁၉၆၇-၆၈ အီသီယိုးပီးယားအချက်အလက်များအရ ကန်သည် အရှည် ၅ ကီလိုမီတာ၊ အကျယ် ၄ ကီလိုမီတာနှင့် မျက်နှာပြင်ဧရိယာသည် ၂၀ စတုရန်းကီလိုမီတာ ရှိသည်။

ဟရှန်ဂီကန်
Location of Lake Ashenge in Ethiopia.
Location of Lake Ashenge in Ethiopia.
ဟရှန်ဂီကန်
ကိုဩဒိနိတ်12°34′50″N 39°30′00″E / 12.58056°N 39.50000°E / 12.58056; 39.50000ကိုဩဒိနိတ်: 12°34′50″N 39°30′00″E / 12.58056°N 39.50000°E / 12.58056; 39.50000
ပင်မ ရေထွက်စီးကြောင်းnone
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများEthiopia
အကျယ်ဆုံး အလျား၅ km (၃.၁ mi)
အကျယ်ဆုံး အနံ၄ km (၂.၅ mi)
မျက်နှာပြင် ဧရိယာ၂၀ km2 (၇.၇ sq mi)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၂,၄၀၉ m (၇,၉၀၄ ft)

ဗြိတိသျှလူမျိုး ရှာဖွေလေ့လာသူ ဟင်နရီဆော့က Tigrinya ဘာသာစကားဖြင့် ကန်၏ အမည်ကို Tsada Bahri ("အဖြူရောင်ပင်လယ်") ဟု မှတ်သားခဲ့သည်။ ကန်၏ မျက်နှာကို ငှက်များသည် ဖုံးလွှမ်းလျက်ရှိသည့်အတွက် ဖြစ်သည်။ ဒေသခံတို့ရိုးရာပုံပြင်များတွင် ကန်ရှိရာနေရာတွင် ကြီးမားသည့်မြို့ကြီးတစ်ခု ရှိခဲ့သည်။ သို့သော် နတ်ဘုရား၏ စိတ်မကျေနပ်သဖြင့် ထိုမြို့ကြီးသည် နတ်ဘုရား၏လက်ဖြင့် ချက်ချင်းဖျက်ဆီးခြင်း ခံခဲ့ရသည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်