ဟလဒ်ဝိဟာရ' သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Naogaon ခရိုင်၊ Pahapur ရှိ သောမပူရမဟာဝိဟာရ (Somapura Mahavihara) ကမ္ဘာ့အမွေအနှစ်နယ်မြေ၏ အနောက် - အနောက်တောင်ဘက် ၁၄.၅ ကီလိုမီတာ (၉ မိုင်) အကွာတွင် တည်ရှိသည်။ ဟိုဘက်သည်ဘက် အကျယ်အားဖြင့် ၁၀၀ ပေနှင့် အမြင့် ၂၅ ပေ ရှိသည့် ကြီးမားသည့် မြေကမူသည် ဤနေရာ၏ အဓိကနေရာဖြစ်သည်။[၁] သို့သော် အခြားသော မြေကမူများနှင့် အုတ်ဖြင့်ပြုလုပ်ထားသည့် အဆောက်အဦများ၏ အပျက်အစီးများ ကျန်ရှိသေးသည်။ အချို့သော ပန်းပုလက်ရာများမှာမူ ဖယ်ရှားခံခဲ့ရသည်။ ၎င်းတို့က ဒေသခံနေထိုင်သူတို့က အုတ်များကို ဖယ်ရှား၍ အသုံးပြုရန် ယူဆောင်ခဲ့ကြသည်။ ၎င်းသည် ဟာလဒ်ဝိဟာရရွာတွင် တည်ရှိသည်။ ဒေသအနေဖြင့် ဤရွာကို Dvipganj ဟု ခေါ်ကြသည်။ တူးဖော်မှုများ ပြုလုပ်ခဲ့ရာ တွေ့ရှိရသည်များက အလယ်ခေတ်အစောပိုင်းကာလ ဗုဒ္ဓဘာသာနယ်မြေတစ်ခု ဖြစ်သည်ကို တွဗ့ရှိရသည်။ သေမပူရမဟာဝိဟာရ (Somapura Mahavihara)၊ သိတကော့ဝိဟာရနှင့် Dinajpur ခရိုင်ရှိ Nawabganj Upazila တို့သည်လည်း ဤဝိဟာရနှင့် တူညီသော ကာလတစ်ခုအတွင်းက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ [၂][၃]

Remains of Halud Vihara

ကမ္ဘာ့အမွေအနှစ်နေရာ ပြင်ဆင်ရန်

၁၉၉၉ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ယဉ်ကျေးမှုကဏ္ဍအောက်၌ ယူနက်စကိုယဉ်ကျေးမှုစမ်းသပ်နယ်မြေစာရင်း၌ ထည့်သွင်းခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Halud Vihara, UNESCO World Heritage Centre
  2. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named Banglapedia
  3. SS Mostafizur Rahman (2012)၊ "Sitakot Vihara"၊ in Sirajul Islam and Ahmed A. Jamal (ed.)၊ Banglapedia: National Encyclopedia of Bangladesh (Second ed.)၊ Asiatic Society of Bangladesh