ဟာရှင် အက်စလာမီ

အာဖဂန် စိုက်ပျိုးရေးပညာရှင်

မိုဟာမက် ဟာရှင် အက်စလာမီ () သည် အာဖဂန်နစ္စတန်နိုင်ငံသား စိုက်ပျိုးရေးပညာရှင်ဖြစ်ပြီး ၁၉၉၈ ခုတွင် ထောက်ပံ့ကြေး ဒေါ်လာ ၁၀၀ ရခဲ့သော ကုံကုမံစိုက်ပျိုးရေးကို ၂၀၁၉ ခုတွင် ဒေါ်လာ ၂၅ သန်းဖိုး ပြည်ပပို့နိုင်သည်အထိ တိုးချဲ့တီထွင်နိုင်ခဲ့သည်။ [] ယင်းကာလသည်လည်း တိုက်ပွဲများကြောင့် တည်ငြိမ်သည်မဟုတ်။ အာဖဂန်သမ္မတသည် ပြည်တွင်းထွက်ကုန်ကို အားပေးရန် အီရန်မှ ဟင်းခတ်အမွှေးအကြိုင်တင်သွင်းမှုကို ပိတ်ရာ နှစ်နိုင်ငံအကြား အနုစားစစ်ပွဲပင် စဖြစ်သွားသည်။

ကဘူးတက္ကသိုလ်မှ စိုက်ပျိုးရေးဘွဲ့ရသည်နောက် ၁၉၈၁ ခုတွင် အီရန်သို့သွားစဉ်ကုံကုမံ၏အဖိုးတန်ပုံကို စသိသည်။ ဆိုဗီယက်တို့ အာဖဂန်နစ္စတန်သို့ ဝင်စဉ်ကာလ ၁၉၇၉ ခုတွင် အက်စလာမီက ကဘူးတွင်ပင် ရှိသေးသည်။ အာဖဂန်နစ္စတန်၌ ကွန်မြူနစ်အစိုးရတက်လာသည်နောက် ကျောင်းနေဘက်များ အဖမ်းအဆီးခံရကာ ပညာရေးနယ်ပယ်တွင် ကမောက်ကမဖြစ်သည်နောက် အီရန်သို့ ရှောင်ခြင်းဖြစ်သည်။ အီရန်၌နေစဉ် ကျေးလက်ရှိ စိုက်ပျိုးရေးနည်းတို့ကို လေ့လာကာ ၁၀ နှစ်ကြာပြီးမှ ဟီရတ်ပြည်နယ်သို့ ပြန်လာသည်။ []

စဦးအစီအစဉ်

ပြင်ဆင်ရန်

ဟင်းခတ်အမွှေးအကြိုင်စိုက်ခြင်းမှာ အာဖဂန်နစ္စတန်ရှိ ပြည်နယ်အားလုံးတွင် မဖြစ်နိုင်။ လူအင်အားသုံးရသဖြင့် လုပ်အားပေါသော ဟီရတ်ပြည်နယ်မှ စရခြင်းတည်း။ အရည်အသွေးကောင်းလျှင် ကုံကုမံဈေးသည် ဘိန်းစိမ်းဈေးကိုပင် ယှဉ်နိုင်သည်။ ၁၉၉၈ ခုတွင် လယ်သမားများအား ကုံကုမံစိုက်အောင် ထောက်ပံ့ပေးရန် ဒိန်းမတ်မှ ပြည်ပအထောက်အပံ့အဖွဲ့ (Danish Committee for Aid to Afghan Refugees) ကို ထောက်ပံ့ကြေးပေးရန် စည်းရုံးနိုင်ခဲ့သည်။ ရသော ဒေါ်လာ ၁၀၀ ဖြင့် လယ်သမား ၄ ယောက်သုံးကာ စစိုက်သည်။ ယခုအချိန်အထိ ဟီရတ်သည် အာဖဂန်နစ္စတန်၏ ကုံကုမံအထွက်ဆုံးဒေသအဖြစ် ရှိနေသည်။ ကုံကုမံကို ဟင်းခတ်အမွှေးအကြိုင်အဖြစ်၎င်း၊ ရေမွှေးတွင်၎င်း၊ ဆိုးဆေးအဖြစ်၎င်း၊ ဆေးအဖြစ်၎င်း လူသားတို့သုံးစွဲသည်မှာ နှစ် ၃၀၀၀ ကျော်ပြီ ဖြစ်သည်။ အလေးချိန်အရ တပေါင်လျှင် ဒေါ်လာ ၇၀၀ ရသဖြင့် ကုံကုမံကို ရွှေနီဟုပင် တင်စားကြသည်။ []