ဟာဝိုင်ယီပြည်နယ်
ဟာဝိုင်ယီပြည်နယ်သည် အမေရိကန်ပြည်ထောင်စု ပြည်နယ် ၅၀ တွင် နောက်ဆုံးဝင်ရောက်ခဲ့သော ပြည်နယ်ဖြစ်ပြီး အမေရိကန်ပြည်နယ်များတွင် ကျွန်းများဖြင့် ဖွဲ့စည်းထားသော တစ်ခုတည်းသော ပြည်နယ်ဖြစ်သည်။ ၎င်း၏ မြောက်ဘက် အကျဆုံးသော ကျွန်းအစုအဝေးမှာ ပိုလီနီးရှားဖြစ်ပြီး ပစိဖိတ် သမုဒ္ဒရာ အလယ်ပိုင်းရှိ ကျွန်းစု အတော်များများ ပါဝင်သည်။ အမေရိကန်ပြည်ထောင်စု၏ အနောက်မြောက်ဘက်၊ ဂျပန်နိုင်ငံ၏ အရှေ့တောင်ဘက်၊ ဩစတေးလျနိုင်ငံ၏ အရှေ့မြောက်ဘက်တို့တွင် တည်ရှိသည်။ ဟာဝိုင်ယီတွင် သဘာဝကျသော ရှုခင်းအမျိုးမျိုးရှိပြီး ပူနွေးသော မုတ်သုန်ရာသီဥတုရှိသည်။ ပင်လယ်ကမ်းခြေ အများအပြားရှိပြီး သမုဒ္ဒရာဖြင့် ဝန်းရံထားသည်။ မီးမငြိမ်းသေးသော မီးတောင်များကြောင့် ထင်ရှားသည်။ ကမ္ဘာလှည့်ခရီးသည်များ၊ ပင်လယ်လှိုင်းစီးသူများ၊ ဇီဝပညာရှင်များ၊ မီးတောင်ပညာရှင်များ အများအပြား လာရောက်ကြလေ့ ရှိသည်။ ပစိဖိတ် သမုဒ္ဒရာ အတွင်း တည်ရှိခြင်းကြောင့် ဟာဝိုင်ယီတွင် ၎င်း၏ ကိုယ်ပိုင် ယဉ်ကျေးမှုနှင့် အတူ မြောက်အမေရိက နှင့် အာရှမှ ယဉ်ကျေးမှုများ လွှမ်းမိုးသည်။ ဟာဝိုင်ယီပြည်နယ်တွင် အမြဲတမ်းနေထိုင်သူ တစ်သန်းခန့် ရှိပြီး လာရောက်လည်ပတ်သူ အများအပြား နှင့် အမေရိကန် စစ်သားများ နေထိုင်ကြသည်။ မြို့တော်မှာ ဟိုနိုလူလူမြို့ ဖြစ်သည်။
ဟာဝိုင်ယီပြည်နယ် | |
ရုံးသုံးဘာသာစကားများ | အင်္ဂလိပ်၊ ဟာဝေယံ |
မြို့သား | ဟာဝေယံ (see notes)[၁] |
မြို့တော် | ဟိုနိုလူလူမြို့ |
အကြီးဆုံးမြို့ | မြို့တော် |
ဧရိယာ | အမေရိကန်အဆင့် ၄၃ခုမြောက် |
- စုစုပေါင်း | ၁၀,၉၃၁ စတုရန်းမိုင် (၂၈,၃၁၁ စတုရန်း ကီလိုမီတာ) |
- အကျယ် | n/a miles (n/a ကီလိုမီတာ) |
- အရှည် | ၁,၅၂၂ miles (၂,၄၅၀ ကီလိုမီတာ) |
- ရေရာခိုင်နှုန်း | ၄၁.၂ |
- လတ္တီကျု | 18° 55′ N to 28° 27′ N |
- လောင်ဂျီကျု | 154° 48′ W to 178° 22′ W |
လူဦးရေ | အမေရိကန်အဆင့် ၄၀ခုမြောက် |
- စုစုပေါင်း | ၁,၃၆၀,၃၀၁ (၂၀၁၀)[၂] 1,211,537 (2000) |
- သိပ်သည်းမှု | ၁၈၈.၆/စတုရန်းမိုင် (၇၂.၈၃/စတုရန်းကီလိုမီတာ) အမေရိကန်အဆင့်13th |
- အလယ်အလတ် ဝင်ငွေ | $63,746 (5th) |
အမြင့် | |
- အမြင့်ဆုံးနေရာ | မိုနာကီယာ[၃] ၁၃,၇၉၆ ပေ (၄,၂၀၅ မီတာ) |
- အလယ်အလတ် | ၃,၀၃၅ ပေ (၉၂၅ မီတာ) |
- အနိမ့်ဆုံးနေရာ | ပစိဖိတ်သမုဒ္ဒရာ[၃] ၀ ပေ (၀ မီတာ) |
ပြည်ထောင်စုသို့ ဝင်ရောက်ခြင်း |
August 21, 1959 (၅၀ခုမြောက်) |
ပြည်နယ်အုပ်ချုပ်ရေးမှူး | Neil Abercrombie |
လက်ထောက် ပြည်နယ်အုပ်ချုပ်ရေးမှူး |
Brian Schatz |
ဥပဒေပြုလွှတ်တော် | ဟာဝိုင်ယီပြည်နယ်လွှတ်တော် |
- အထက်လွှတ်တော် | ဆီးနိတ်လွှတ်တော် |
- အောက်လွှတ်တော် | အောက်လွှတ်တော် |
ဆီးနိတ်အမတ်များ | Daniel Inouye (D) Daniel Akaka (D) |
အောက်လွှတ်တော် အမတ်များ | List |
အချိန်ဇုန် | UTC-၁၀ (no daylight saving time) |
အတိုကောက်များ | HI US-HI |
အင်တာနက်စာမျက်နှာ | http://www.hawaii.gov |
ကိုးကား ပြင်ဆင်ရန်
- ↑ Local usage generally reserves Hawaiian as an ethnonym referring to Native Hawaiians. Hawaii resident or islander is the preferred local form to refer to state residents in general regardless of ethnicity. The Associated Press Stylebook, 42nd ed. (2007), also prescribes this usage (p. 112).
- ↑ Annual Estimates of the Resident Population for the United States, Regions, States, and Puerto Rico: April 1, 2000 to July 1, 2008။ United States Census Bureau။ 2009-02-06 တွင် ပြန်စစ်ပြီး။
- ↑ ၃.၀ ၃.၁ Elevations and Distances in the United States။ U.S Geological Survey (April 29, 2005)။ 6 October 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 3, 2006 တွင် ပြန်စစ်ပြီး။