ဟာသ
ဟာသ
ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
သားမိုက်
ဟိုးတုန်းက အိမ်တစ်အိမ်မှာ သားအမိ နှစ်ယောက် နေကြတယ်။ တစ်နေ့တော့ သားက အမေဖြစ်သူကို "အမေ့လက်စွပ်သားကိုပေး" ဆိုပြီးတောင်းပါလေရော။ အမေကလည်းဘယ်ပေးမလဲ။ အဲ့လိုနဲ့နှစ်ယောက်သားငြင်းကြရော။ အဲ့မှာသားက စိတ်မရှည်တော့ အမေရဲ့လက်သန်းကြွယ်ကို ဖြတ်ယူသွားလေရော။ နောက်တော့သားကလက်စွပ်ကို ရောင်းပြီး ချမ်းသာသွားတယ်။ တစ်နှစ်လောက်ကြာတော့ သားရဲ့အိမ်တံခါးကို အဖွားကြီးတစ်ယောက်လာခေါက်တယ်လေ "ဒေါက်ဒေါက်" "ဘယ်သူပါလဲ" "ရေပေးပါ" လို့လက်ဝါးဖြန်ပြီးတောင်းလိုက်တယ်။ အဲ့ဒီလက်ဝါးတစ်ဖက်မှာ လက်သန်းကြွယ်မရှိဘူး။ သားကဘာဖြစ်တာလဲလို့မေးတော့ အဖြတ်ခံရတာတဲ့။ သားက "ဒါနဲ့ဘယ်သူဖြတ်တာလဲ"။ အဖွားကြီးက "…မင်း"
မှတ်ချက်။ ။ ဒီဇာတ်လမ်းကိုပြောတဲ့သူက တစ်ဖက်သားကိုစိတ်ဝင်စားအောင်ပြောရတယ်။ နောက်ဆုံး"…မင်း" ကိုလန့်အောင် ကျယ်ကျယ်လေးပြောရတယ်။