ဦးဟိန်စွန်းသည် မြန်မာကာတွန်း ပညာရှင် တစ်ဦးဖြစ်သည်။ ကာတွန်းဦးဟိန်စွန်းကို မော်လမြိုင်မြို့တွင် အဖ ဦးဟုတ်စိန် နှင့် အမိဒေါ်မြတို့မှ ၁၉၀၂-ခုနှစ်၊ ဒီဇင်ဘာလ(၁၉)ရက်နေ့တွင် မွေးဖွားသည်။

ငယ်ဘဝ ပြင်ဆင်ရန်

၁၉၁၈-ခုနှစ်နှင့် ၁၉၁၉-ခုနှစ်တွင် မြန်မာတပြည်လုံး ကျောင်းသားများ ပန်းချီပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆုများ ရရှိခဲ့သည်။ ၁၉၂၃-ခုနှစ်တွင် ရန်ကုန်ရှိ တိုင်းမ်(Time) အင်္ဂလိပ် သတင်းစာ ကာတွန်းပြိုင်ပွဲ၌ ပထမဆု ရရှိခဲ့သေးသည်။ ပန်းချီပညာနှင့် ကာတွန်းပညာများကို ပန်းချီဦးဘဇော်နှင့် ကာတွန်း ဦးဘကလေး(ရွှေတလေး)တို့ ထံမှ သင်ကြားခဲ့သည်။ ဘားမားအတ်ကလပ်၌လည်း တက်ရောက်လေ့ကျင့်ခဲ့သည်။

ကာတွန်းဆရာဘဝ ပြင်ဆင်ရန်

ပထမဆုံးဖော်ပြခံရသော လက်ရာမှာ ၁၉၂၃ ခုနှစ်၊ ဘားမားဘွိုင်စာစောင်မှ "အမေနှင့် ငခွေး ကာတွန်းဖြစ်သည်။ [၁]အကြံပိုင်သော ငခွေး၊ ကျွန်ုတို့၏ ခေါင်းမာသော ကာတွန်း ကာတွန်းများဖြင့် နာမည်ကျော်ကြားခဲ့သည်။၁၉၂၉-ခုနှစ်၊ ကျောင်းသားဘဝတွင် ပထမဦးဆုံး မြန်မာကာတွန်းရုပ်ရှင် (ဦးကလိန် သီချင်း သရုပ်ဖော်) ကို ရေးဆွဲရိုက်ကူးခဲ့သည်။ ကျောင်းနေဖက် ဦးသိန်း(စာရေးဆရာ ဇဝန) က ကူညီရေးဆွဲပေးခဲ့သည်။ ကာတွန်းဦးဘဂျမ်းနှင့် တွဲ၍ ၁၉၃၄-ခုနှစ်တွင် ကြက်တောင်ကွ ကိုလည်းကောင်း၊ ၁၉၃၅-ခုနှစ်တွင် အသူရာ ကိုလည်းကောင်း ကားတွန်းရုပ်ရှင်များရေးဆွဲ ရိုက်ကူး ဖန်တီးခဲ့သည်။ ၁၉၃၉-ခုနှစ်တွင် ပထမဦးဆုံးသော လခစားကာတွန်းဆရာ အဖြစ် မြန်မာ့အလင်း သတင်းစာမှ ခန့်အပ်ခဲ့သည်။ စာမဲ့ကာတွန်း အမြောက်အမြား ရေးဆွဲ၍ မြန်မာစာဖတ်ပရိသတ်နှင့် မိတ်ဆက်ပေးခဲ့သည်။

ဘဝနိဂုံး ပြင်ဆင်ရန်

၁၉၈၇-ခုနှစ်၊ ဇွန်လ(၃၀)ရက်နေ့တွင် ရန်ကုန်မြို့၊ ရွှေဂုံတိုင်၊ ဘဏ်ရိပ်သာတိုက်ခန်း၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက်(၈၅)နှစ် ရှိပြီ ဖြစ်သည်။ မြန်မာ့အလင်း သတင်းစာတွင် ရေးဆွဲခဲ့သော အကြံပိုင်သော ငခွေး နှင့် ဂျာနယ်ကျော်တွင် ရေးဆွဲခဲ့သော ခေါင်းမာသော ကာတွန်းဆရာ တို့မှာ အထူးထင်ရှားလှသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. ကားတွန်းဝင်းအောင် - အောင်မြင်ထင်ရှား မြန်မာအနုပညာရှင်များ
  2. မိုးဇော်စိုး ၏ ကာတွန်းရုပ်ရှင်၏ မူလဇာစ်မြစ်နှင့် ဖန်တီးမှု အဆင့်ဆင့် (စာပေဗိမာန်ထုတ်၊ ၂၀၀၀-ပြည့်နှစ်)