ဟိဘရကန် (桧原湖, Hibara-ko) သည် ဂျပန်နိုင်ငံ၊ ဖုခုရှီးမားစီရင်စု၊ ယာမခရိုင်တွင် တည်ရှိသည့် ကန်တစ်ခု ဖြစ်သည်။ ကန်သည် ဘန်းဒိုင်း-အဆဟိအမျိုးသားဥယျာဉ်တွင် ပါဝင်ပြီး ဘန်းဒိုင်း-ခိုးဂန်းတောင်ကုန်းမြင့်ရှိ ရေကန်များထဲတွင် အကြီးဆုံးရေကန် ဖြစ်သည်။[၁]

ဟိဘရကန်
Lake Hibara viewed from north of Mount Bandai
Location of Lake Hibara in Japan.
Location of Lake Hibara in Japan.
ဟိဘရကန်
တည်နေရာKitashiobara
ကိုဩဒိနိတ်37°41′0″N 140°3′20″E / 37.68333°N 140.05556°E / 37.68333; 140.05556ကိုဩဒိနိတ်: 37°41′0″N 140°3′20″E / 37.68333°N 140.05556°E / 37.68333; 140.05556
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများJapan
မျက်နှာပြင် ဧရိယာ၁၀.၇ km2 (၄.၁ sq mi)
အနက်ဆုံး အနက်အရှိုင်း၃၀.၅ m (၁၀၀ ft)
ရေထုထည်၀.၁၃ km3 (၁၁၀,၀၀၀ acre·ft)
ကမ်းခြေအလျား၃၁.၅ km (၁၉.၆ mi)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၈၂၂.၀ m (၂,၆၉၆.၉ ft)
ကမ်းခြေအလျားသည် တိတိကျကျ တိုင်းတာထားခြင်း မဟုတ်ပေ။

ဖြစ်ပေါ်လာခြင်း ပြင်ဆင်ရန်

ဟိဘရကန်သည် အလယ်အလတ်ကန်တစ်ခု (mesotrophic lake) ဖြစ်ပြီး ၁၈၈၈ ခုနှစ်၊ ဇလိုင်လ ၁၅ ရက်နေ့တွင် ဘန်ဒိုင်းတောင် မီးတောင်ပေါက်ကွဲမှုမှ ဖြစ်ပေါ်လာသည့် ကန်တစ်ခု ဖြစ်သည်။ မီးတောင်ပေါက်ကွဲရာမှ ရွေ့လျားမှုကြောင့် သဘာဝအတိုင်းကဲ့သို့ တမံတစ်ခု ဖြစ်လာခဲ့ပြီး ရေများဖြင့် ပြည့်လာခဲ့ကာ ဟိဘရရွာ (桧原村, Hibara-mura) ကို နစ်မြုပ်စေခဲ့သည်။ ကျန်ရှိနေသေးသည့် ဟိဘရရွာကို ယခုထက်တိုင် ကန်၏ အောက်ခြေ၌ မြင်တွေ့နိုင်သေးသည်။[၂]

ပြင်ဆင်ခြင်း ပြင်ဆင်ရန်

ဟိဘရကန်၏ ပတ်လည်တွင် ခရီးသွားလုပ်ငန်းတစ်ခု ပြုလုပ်ခဲ့သည်။ တောင်တက်လမ်းများ၊ ဇိမ်ခံလှေများ၊ စခန်းချရာနေရာများနှင့် အခြားတည်းခိုနေရာများကို ပြုလုပ်ပေးခဲ့သည်။ ဆောင်းရာသီ၌ ရေခဲငါးဖမ်းခြင်းသည် အလွန်ထင်ရှားသည်။

ရုပ်ပုံများ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Takeda T., page 174.
  2. Archived copy (in Japanese)။ 裏磐梯観光協会။ 29 November 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ June 30, 2011 တွင် ပြန်စစ်ပြီး။