ဟိအဲအိတောင် (比叡山, Hiei-zan) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့၏ အရှေ့မြောက်ဘက်တွင် တည်ရှိသည့် တောင်တစ်ခု ဖြစ်သည်။ ဤတောင်သည် ကျိုတိုမြို့နှင့် ရှိဂစီရင်စုအကြားတွင် တည်ရှိသည်။ ဤတောင်တွင် တည်ရှိသည့် အန်းရခုကျောင်းတော်သည် ထင်ရှားသည့် ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။

ဟိအဲအိတောင်
Mount Hiei
比叡山
ချယ်ရီပန်းများပွင့်ချိန် ၂၀၀၅ ခုနှစ်၊ ဧပြီလတွင် ကျိုတိုမြို့မှ ရိုက်ယူထားသည့် ဟိအဲအိတောင်
အမြင့်ဆုံးအမှတ်
အမြင့်၈၄၈.၁ m (၂,၇၈၂ ft)
စာရင်းသွင်းခြင်းList of mountains and hills of Japan by height
ကိုဩဒိနိတ်35°4′0″N 135°50′18″E / 35.06667°N 135.83833°E / 35.06667; 135.83833ကိုဩဒိနိတ်: 35°4′0″N 135°50′18″E / 35.06667°N 135.83833°E / 35.06667; 135.83833
ပထဝီဝင်
တည်နေရာHonshū, Shiga Prefecture, Japan
မြေမျက်နှာသွင်ပြင်ပြ မြေပုံGeographical Survey Institute 25000:1 京都東北部, 50000:1 京都及大阪
Relief map of Mount Hiei
West side

ဒဏ္ဍာရီများထဲမှာ ဟိအဲအိတောင်

ပြင်ဆင်ရန်

ဟိအဲအိတောင်သည် နှစ်များစွာ ဒဏ္ဍာရီပုံပြင်များထဲတွင် ပါရှိခဲ့သည်။ ဤတောင်သည် နတ်ဘုရားများနှင့် နတ်များ တည်ရှိရာနေရာဖြစ်သည်ဟု ရှင်တိုဘာသာတွင် ဖော်ပြထားသည်။ ဗုဒ္ဓဘာသာရဟန်းတစ်ပါး တည်ဆောက်ထားခဲ့သည့် အန်းရခုဂျိသည် အထူးထင်ရှားသည်။

မာရသွန်ရဟန်း

ပြင်ဆင်ရန်

ခရီးသွားနေရာများ

ပြင်ဆင်ရန်

တောင်မှနေ၍ ကျိုတိုမြို့၊ အိုဟရနှင့် ဘိဝရေကန်၊ ရှိဂခရိုင်စသည်တို့၏ ရှုခင်းများကို ကြည့်ရှုခံစားနိုင်သည်။ ထို့အပြင် ဤတောင်တွင် ခရီးသည်များကို အဓိကဆွဲဆောင်ရာနေရာတစ်ခုဖြစ်သည့် အန်းရခုဂျိ တည်ရှိသည်။ ကျောင်းဝန်းသည် တောင်တစ်ခုလုံးတွင် ဖြန့်ကျက်တည်ရှိနေသည်။ သို့သော်လည်း နေရာသုံးခုကို ခြေလျင်ခရီးဖြင့် သွားလာနိုင်သည့် လမ်းများဖြင့် ဆက်သွယ်ထားသည်။ ထို့အပြင် အခြားများစွာသော သေးငယ်သည့် ကျောင်းတော်များနှင့် နတ်ကျောင်းများလည်း ဤတောင်တွင် တည်ရှိနေသေးသည်။

သွားရောက်နိုင်မှု

ပြင်ဆင်ရန်

ဤတောင်သည် တောင်တက်သူများအတွက် ထင်ရှားသည့်နေရာတစ်ခု ဖြစ်သည်။ ထို့အပြင် ကားများအတွက် တောင်ပေါ်အထိသွားနိုင်သည့် လမ်းလည်းရှိသည်။ တောင်ထိပ်ပေါ်သို့ ပြေးဆွဲလျက်ရှိသည့် ဘတ်စကားများသည်လည်း တစ်နေ့လျှင် အကြိမ်ရေအနည်းငယ် ပြေးဆွဲလျက်ရှိသည်။

ပြင်ပလင့်များ

ပြင်ဆင်ရန်