ဟိုက်ပါ ဧရာမကြယ်ဝါ (Yellow hypergiant) ဆိုသည်မှာ ရောင်စဉ်အဆင့် A မှ K အထိရှိပြီး ကနဦး နေဒြပ်ထုထည် ၂၀-၆၀ ရှိကာ စုစုပေါင်းဒြပ်ထု၏ ထက်ဝက်ခန့်ကို ဆုံးရှုံးလေပြီးသော ဧရာမ ကြယ်များဖြစ်ကြသည်။ ယင်းကြယ်တို့သည် ပကတိ အတောက်ပဆုံးကြယ်များထဲတွင် ပါဝင်ပြီး အရှားပါးဆုံးကြယ်များလည်း ဖြစ်ကြသည်။ နဂါးငွေ့တန်း ဂလက်ဆီတွင် မိမိတို့သိရှိရသည့် ယင်းကြယ်အရေအတွက်မှာ ၁၅ ခုသာရှိသည်။ ယင်းကြယ်တို့ကို ဆူပါ ဧရာမကြယ်နီများနှင့် နှိုင်းယှဉ်ပါက ပူနွေးသော ဧရာမကြယ်ဟု တခါတရံ ခေါ်ဆိုကြသည်။

ဟိုက်ပါ ဧရာမကြယ်ဝါ HR 5171 ကို ဓာတ်ပုံ၏ဗဟိုတွင် မြင်တွေ့ရပုံ

ကိုးကား ပြင်ဆင်ရန်