ဟူးဂိုးဆု ဆိုသည်မှာ ယခင်နှစ်၏ အကောင်းဆုံး သိပ္ပံ စိတ်ကူးယဉ်ဝတ္ထု သို့မဟုတ် စိတ်ကူးယဉ် လက်ရာများနှင့် အောင်မြင်မှုများအတွက် နှစ်စဉ် ပေးအပ်သော ဆုများ အုပ်စု ဖြစ်သည်။ ဆုများကို အမေးဇင်း ဇာတ်လမ်းများဟူသည့် သိပ္ပံ စိတ်ကူးယဉ် မဂ္ဂဇင်း ကို တည်ထောင်သူ ဟူးဂိုး ဂန်းစဘက်အား အစွဲပြု၍ ခေါ်တွင်ပြီး၊ ၁၉၉၂ ခုနှစ်အထိ သိပ္ပံ စိတ်ကူးယဉ် အောင်မြင်မှုဆုများ ဟူ၍ တရားဝင် ခေါ်ဆိုခဲ့သည်။ ကမ္ဘာ့ သိပ္ပံ စိတ်ကူးယဉ် ဝတ္ထု အသင်းက ကြီးမှူး ကျင်းပ၍၊ ဆုများကို အာရုံစိုက်မိစေရန်အတွက် နှစ်စဉ် ကျင်းပမြဲ ဖြစ်သော ကမ္ဘာ့ သိပ္ပံစိတ်ကူးယဉ် ဝတ္ထု ကွန်ဗင်းရှင်း၌ နှစ်စဉ် ပေးအပ်သည်။ ၁၁ ကြိမ်မြောက် သိပ္ပံစိတ်ကူးယဉ် ဝတ္ထု ကွန်ဗင်းရှင်းတွင် ဆုများကို ပထမဦးဆုံး ပေးအပ်သမှု ပြုခဲ့ပြီး၊ ၁၉၅၅ မှစ၍ နှစ်တိုင်း ချီးမြှင့်လာခဲ့သည်။ ဆုများ ပေးအပ်သည့် နှစ်ကာလတိုင်း၌၊ တင်သွင်းသော ကဏ္ဍများလည်း တိုးပွား ပြောင်းလဲလာပြီး၊ လက်ရှိတွင် တဒါဇင်ကျော်သော ကဏ္ဍများဖြင့် ဟူးဂိုးဆုများ ပေးအပ်၍၊ ပုံစံအမျိုးမျိုးသော အရေးအသားပိုင်းနှင့် လက်ရာများ နှစ်မျိုးစလုံး အကျုံးဝင်သည်။

Hugo Award
Hugo Award logo
ဆုပေးအပ်ခြင်းအကြောင်းBest science fiction or fantasy works of previous year
ဆုတံဆိပ်ပေးအပ်သူWorld Science Fiction Society
ပထမဆုံးဆုတံဆိပ်၁၉၅၃
ဝက်ဘ်ဆိုဒ်thehugoawards.org

ဟူးဂိုးဆုများကို စိတ်ကူးယဉ် သိပ္ပံဝတ္ထုများနှင့် စိတ်ကူးယဉ် စာပေလက်ရာများတွင် ပေးအပ်ခံရမှု၌ အကောင်းဆုံးသော ဂုဏ်သိက္ခာများထဲမှ တစ်ခုအဖြစ် သတ်မှတ် ညွှန်းဆိုသည်။ ဆုရရှိသော စာပေလက်ရာများကို အထူး စုစည်းမှုလက်ရာများအဖြစ် ပြန်လည်ထုတ်ဝေကြကာ ဆုရရှိသော စာအုပ်များ၏ အဖုံးပေါ်၌ ဟူးဂိုးဆု၏ တရားဝင်လိုဂိုကို အရောင်းမြှင့်တင်ရေး တံဆိပ် အဖြစ် ထည့်သွင်း ရိုက်နှိပ်ပေးသည်။ ၂၀၁၇ ဆုများကို ဖင်လန်နိုင်ငံဟယ်လ်ဆင်ကီတွင် ကျင်းပသော ၇၅ ကြိမ်မြောက် ကမ္ဘာ့ သိပ္ပံစိတ်ကူးယဉ် ဝတ္ထု ကွန်ဗင်းရှင်းတွင် ၁၁ ဩဂုတ် ၂၀၁၇ က ပေးအပ်ခဲ့သည်။ ၂၀၁၈ ဟူးဂိုးဆုများကို ၁၇ ဩဂုတ် ၂၀၁၈ ၌ ကယ်လီဖိုးနီးယား၊ ဆန်ဂျို့တွင် ကျင်းပပြုလုပ်မည့် ၇၆ ကြိမ်မြောက် ကမ္ဘာ့ သိပ္ပံ စိတ်ကူးယဉ် ဝတ္ထု ကွန်ဗင်းရှင်းတွင် ပေးအပ်မည် ဖြစ်သည်။

ကဏ္ဍများ ပြင်ဆင်ရန်

လက်ရှိကဏ္ဍများ စတင်ပေးသည့် ခုနှစ် လက်ရှိဖော်ပြချက်
အကောင်းဆုံး ဝတ္ထု 1953 စာလုံး ၄၀၀၀၀ အထက် ဝတ္ထုများ
အကောင်းဆုံး ဝတ္ထုလတ် 1968 စာလုံး ၁၇၅၀၀ နှင့် ၄၀၀၀၀ ကြား ဝတ္ထုများ
Best Novelette 1955 စာလုံး ၇၅၀၀ နှင့် ၁၇၅၀၀ ကြား ဝတ္ထုများ
အကောင်းဆုံး ဝတ္ထုတို 1955 စာလုံး ၇၅၀၀ ထက် နည်းသော ဝတ္ထုများ
Best Related Work 1980 Works which are either non-fiction or noteworthy for reasons other than the fictional text
Best Graphic Story 2009 ဂရပ်ဖစ်ပုံစံဖြင့် တင်ပြသော ဇာတ်လမ်းများ
Best Dramatic Presentation

(Long and Short Forms)

1958 Dramatized productions, divided since 2003 between works longer or shorter than 90 minutes
Best Semiprozine 1984 ပရိုတစ်ပိုင်း မဂ္ဂဇင်းများ
Best Fanzine 1955 ပရိုမဆန်သော မဂ္ဂဇင်းများ(ဖန်ဇင်း)
Best Professional Editor

(Long and Short Forms)

1973 Editors of written works, divided since 2007 between editors of novels or editors of magazines and anthologies
Best Professional Artist 1953 ပရော်ဖက်ရှင်နယ် အနုပညာရှင်များ
Best Fan Artist 1967 ပရိသတ် အနုပညာရှင်များ
Best Fan Writer 1967 ပရိသတ် စာရေးဆရာများ
Best Fancast 2012 Audiovisual fanzines
ယခင်က ကဏ္ဍများ ပေးခဲ့သည့် ခုနှစ် ဖော်ပြချက်
Best Professional Magazine 1953–1972 ပရိုမဂ္ဂဇင်းများ(ပရိုဇင်း)
Best Cover Artist 1953 စာအုပ်နှင့် မဂ္ဂဇင်းအတွက် မျက်နှာဖုံး အနုပညာရှင်များ
Best Interior Illustrator 1953 မဂ္ဂဇင်းအတွင်းပိုင်း လက်ရာ အနုပညာရှင်များ
Excellence in Fact Articles 1953 Authors of factual articles
Best New SF Author or Artist 1953 လူသစ် စာရေးဆရာ သို့ အနုပညာရှင်များ
#1 Fan Personality 1953 အကြိုက်ဆုံး ဖန်
Best Feature Writer 1956 မဂ္ဂဇင်းခေါင်းကြီးပိုင်း စာရေးဆရာများ
Best Book Reviewer 1956 Writers of book reviews
Most Promising New Author 1956 လူသစ် စာရေးဆရာများ
Outstanding Actifan 1958 အကြိုက်ဆုံးဖန်
Best New Author 1959 လူသစ် စာရေးဆရာများ
Best SF Book Publisher 1964–1969 စာအုပ်ထုတ်ဝေသူများ
Best All-Time Series 1966 ဇာတ်လမ်းတွဲများ
Other Forms 1988 Printed fictional works which were not novels, novellas, novelettes, or short stories
Best Original Art Work 1990, 1992–1996 အနုပညာလက်ရာများ
အကောင်းဆုံး ဝက်ဆိုက် 2002, 2005 ဝက်ဆိုက်များ

ကိုးကား ပြင်ဆင်ရန်

ရင်းမြစ်များ ပြင်ဆင်ရန်

ပြင်ပလင့် ပြင်ဆင်ရန်