ဟေတုပစ္စည်း
ဟေတုသင်္ဂဟေ-ဟေတုသင်္ဂဟ၌(လဗ္ဘမာနာ-ရထိုက်ကုန်သော) ဟေတူနာမ-ဟိတ်တို့မည်သည်၊ လောဘော-လောဘ၎င်း၊ ဒေါသော-ဒေါသ၎င်း၊ မောဟော-မောဟ၎င်း၊ အလောဘော-အလောဘ၎င်း၊ အဒေါသော-အဒေါသ၎င်း၊ အမောဟော-အမောဟ၎င်း၊ ဣတိ-ဤသို့၊ ဆဗ္ဗိဓာ-ခြောက်ပါးအပြားရှိကုန်သည်၊ ဘဝန္တိ-ဖြစ်ကုန်၏။ [၁][၂]
ဟိတ် ၆-ပါး
ပြင်ဆင်ရန်လောဘ၊ ဒေါသ၊ မောဟ(အကုသိုလ်)
အလောဘ၊ အဒေါသ၊ အမောဟ(ကုသိုလ်/အဗျာကတ)
စိတ် ၈၉-ပါးကို ဟိတ် ၆-ပါးဖြင့် ဝေဖန်ပုံ
ပြင်ဆင်ရန်ဧကဟိတ်စိတ် | မောဟမူစိတ် ၂-ပါး | ပေါင်း(၂) |
ဒွိဟိတ်စိတ် | လောဘမူစိတ် ဂ-ပါး၊ ဒေါသမူစိတ် ၂-ပါး၊
ကာမသောဘန ဉာဏဝိပ္ပယုတ်စိတ် ၁၂-ပါး၊ |
ပေါင်း(၂၂) |
တိဟိတ်စိတ် | ကာမသောဘန ဉာဏသမ္ပယုတ်စိတ် ၁၂-ပါး
မဟဂ္ဂုတ်စိတ် ၂၇-ပါး၊ လောကုတ္တရာစိတ် ၈-ပါး |
ပေါင်း(၄၇) |
ဤစိတ် သုံးမျိုးပေါင်း ၇၁-ပါးကို ၎င်းတို့၏ ယှဉ်ဘက်စေတသိက်တွင် ဟိတ်တရားများပါ၍ သဟိတ်စိတ်ဟု ခေါ်သည်။ အဟိတ်စိတ် ၁၈-ပါး၏ ယှဉ်ဘက်စေတသိက်တွင် ဟိတ်တရားများ မပါ၍ ယင်းစိတ်များကို အဟိတ်စိတ်ဟု ခေါ်သည်။
ပစ္စည်း[မှတ်စု ၁] | ပစ္စယုပ္ပန်[မှတ်စု ၂] | ပစ္စနိက်[မှတ်စု ၃] |
လောဘ၊ ဒေါသ၊ မောဟ
အလောဘ၊အဒေါသ၊အမောဟ |
သဟိတ်စိတ်-၇၁ +
မောဟမူဒွေး၌ မောဟကြဉ်သော စေ-၅၂ သဟိတ်စိတ္တဇရုပ်၊ သဟိတ်ပဋိသန္ဓေကမ္မဇရုပ် |
အဟိတ်စိတ်-၁၈၊ ဆန္ဒကြဉ် အည
သမာန်း စေ-၁၂၊ မောဟမူဒွေး၌ မောဟ၊ အဟိတ်စိတ္တဇရုပ်၊ အဟိတ်ပဋိသန္ဓေ ကမ္မဇရုပ်၊ဗာဟိရရုပ်၊ အာဟာရဇရုပ်၊ ဥတုဇရုပ်၊ အသညသတ် ကမ္မဇရုပ်၊ ပဝတ္တိကမ္မဇရုပ် |